အသက် ၁၁နှစ်အရွယ် ကလေးကို ရေအိုင်ထဲခေါ်ကာ ဓမ္မတာဆန့်ကျင်

နေအိမ်ရှေ ဆော့ကစားနေသည့် ကလေးငယ်အား ငါးမြှားသွားမည်ဟု ခေါ်ဆိုကာ ရေအိုင်အတွင်း မဖွယ်မရာ ပြုလုပ်မှု နိုဝင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန် မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် ဆတ်သွားတော ကျေးရွာအုပ်စုရှိ တရားလိုမှာ နိုဝင်ဘာ ၂၄ ရက် ညနေ ၃ နာရီခန့်၌ နေအိမ်တွင် ရှိနေစဉ် အသက် ၁၁နှစ် ၆လအရွယ် သားဖြစ်သူမှာ ငို၍ ပြန်လာသဖြင့် ဖြစ်စဉ်အား မေးမြန်းခဲ့ကြောင်း ဆိုသည်။

ထိုသို့မေးမြန်းစဉ် သားဖြစ်သူမှာ နေ့လည် ၂ နာရီခန့်က နေအိမ်ရှေ၌ ဆော့ကစားနေစဉ် ကိုကိုနိုင်(ခ)ပေါင်ချိန် ရောက်လာပြီး သားဖြစ်သူကို ငါးမြှားသွားမည် လိုက်ခဲ့ဟု ခေါ်ဆောင်ကာ ရှမ်းကုန်းကျေးရွာထိပ်ရှိ ရေအိုင်သို့ရောက်ရှိစဉ် ငါးမမြှားတော့ဘူး ရေဆင်းချိုးမည်ပြောကာ နှစ်ယောက်အတူဆင်းကာ ရေအိုင်ထဲအရောက် ကိုကိုနိုင်(ခ)ပေါင်ချိန်က သားဖြစ်သူ၏ ဘောင်းဘီအား ဆွဲချွတ်ကာ စအိုအား မဖွယ်မရာ ပြုလုပ်သဖြင့် ၎င်းအား ဆောင့်တွန်းကာ ရေအိုင်ထဲ မှ ပြန်ပြေးလာကြောင်း ပြောပြသိရသဖြင့်

ရေသိုးကျေးရွာ မှော်ဘီမြို့နယ်နေ ကိုကိုနိုင်(ခ)ပေါင်ချိန်အား ဥပဒေအရအရေးယူပေးပါရန် မိခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း ၎င်းတိုင်ကြားချက်မှ သိရသည်။

ဓမ္မတာနှင့်ဆန့်ကျင့်၍ မဖွယ်မရာပြုလုပ်ခဲ့သူ ကိုကိုနိုင်(ခ)ပေါင်ချိန် ၂၃နှစ် အား မှော်ဘီမြို့မရဲခန်း မှ (ပ)၁၄၅၇/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၆၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ညီညီ(လႈိင္သာယာ) Top Phoenix Media Group

Zawgyi

ေနအိမ္ေရွ ေဆာ့ကစားေနသည့္ ကေလးငယ္အား ငါးျမႇားသြားမည္ဟု ေခၚဆိုကာ ေရအိုင္အတြင္း မဖြယ္မရာ ျပဳလုပ္မႈ ႏိုဝင္ဘာ ၂၄ ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ ေျမာက္ပိုင္းခ႐ိုင္ ေမွာ္ဘီၿမိဳ႕နယ္ ဆတ္သြားေတာ ေက်း႐ြာအုပ္စုရွိ တရားလိုမွာ ႏိုဝင္ဘာ ၂၄ ရက္ ညေန ၃ နာရီခန႔္၌ ေနအိမ္တြင္ ရွိေနစဥ္ အသက္ ၁၁ႏွစ္ ၆လအ႐ြယ္ သားျဖစ္သူမွာ ငို၍ ျပန္လာသျဖင့္ ျဖစ္စဥ္အား ေမးျမန္းခဲ့ေၾကာင္း ဆိုသည္။

ထိုသို႔ေမးျမန္းစဥ္ သားျဖစ္သူမွာ ေန႔လည္ ၂ နာရီခန႔္က ေနအိမ္ေရွ၌ ေဆာ့ကစားေနစဥ္ ကိုကိုႏိုင္(ခ)ေပါင္ခ်ိန္ ေရာက္လာၿပီး သားျဖစ္သူကို ငါးျမႇားသြားမည္ လိုက္ခဲ့ဟု ေခၚေဆာင္ကာ ရွမ္းကုန္းေက်း႐ြာထိပ္ရွိ ေရအိုင္သို႔ေရာက္ရွိစဥ္ ငါးမျမႇားေတာ့ဘူး ေရဆင္းခ်ိဳးမည္ေျပာကာ ႏွစ္ေယာက္အတူဆင္းကာ ေရအိုင္ထဲအေရာက္ ကိုကိုႏိုင္(ခ)ေပါင္ခ်ိန္က သားျဖစ္သူ၏ ေဘာင္းဘီအား ဆြဲခြၽတ္ကာ စအိုအား မဖြယ္မရာ ျပဳလုပ္သျဖင့္ ၎အား ေဆာင့္တြန္းကာ ေရအိုင္ထဲ မွ ျပန္ေျပးလာေၾကာင္း ေျပာျပသိရသျဖင့္

ေရသိုးေက်း႐ြာ ေမွာ္ဘီၿမိဳ႕နယ္ေန ကိုကိုႏိုင္(ခ)ေပါင္ခ်ိန္အား ဥပေဒအရအေရးယူေပးပါရန္ မိခင္ျဖစ္သူမွ တရားလိုျပဳလုပ္ တိုင္တန္းခဲ့ေၾကာင္း ၎တိုင္ၾကားခ်က္မွ သိရသည္။

ဓမၼတာႏွင့္ဆန႔္က်င့္၍ မဖြယ္မရာျပဳလုပ္ခဲ့သူ ကိုကိုႏိုင္(ခ)ေပါင္ခ်ိန္ ၂၃ႏွစ္ အား ေမွာ္ဘီၿမိဳ႕မရဲခန္း မွ (ပ)၁၄၅၇/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၇၇/၃၆၃ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ညီညီ(လႈိင္သာယာ) Top Phoenix Media Group