အသက် ငယ်ငယ်လေးနဲ့ မိသားစု စားဝတ်နေရေးအတွက်ကို လမ်းဘေး လူရွှင်တော် လုပ်နေရတဲ့ ကလေးလေ

ဘယ်နိုင်ငံ မှာပဲဖြစ်ဖြစ် မိသားစု စားဝတ် နေရေး အတွက် အသက်ငယ်ငယ် လေးတွေနဲ့ နေပူမရှော င် မိုရွာမရှောင် အလုပ်ထွက် လုပ်နေရတဲ့ ကလေး ငယ် လေးတွေ ရှိပါတယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်း မှာလည်းဘဲ ဒီလိုကလေး ငယ်လေးတွေ

များစွာရှိ ကြပြီး သူတို့တွေဟာ တစ်ခြားကလေးတွေနည်းတူ ကျောင်းတက် ဖို့တောင် မတတ်နိုင်ကြဘဲ အလုပ်တွေ လုပ်နေကြရ တာပါ။ လတ်တ လော လူမှုကွန်ယက် ပေါ်မှာ ဆိုရင်လဲ အသက် 9 နှစ်အရွယ် Rehan ဆိုတဲ့ အင်ဒိုနီးရှား နိုင်ငံသား

လေး အကြောင်းဟာ ပျံ့နှံ့နေပါတယ်။ ဒီကလေးလေးကတော့ သူ့မိသားစု အတွက် လိုအပ် နေတဲ့ငွေးကြေးကို ရရှိဖို့အတွက် လမ်းမတွေပေါ်မှာ အ ရုပ်ကြီးတွေဝတ်ပြီး ဖျော်ဖြေကာ ငွေရှာပေးနေရတာပါ။ ဒီကလေးလေးဟာ သူ့အလုပ် လုပ်တဲ့နေ ရောက်ဖို့ နေ့စဉ် 10 kilometers လောက်လမ်းလျှေက်ရပြီး တစ်နေ့တစ်နေ့ မတူညီတဲ့ ကာ တွန်းဇာတ်ကောင် ဝတ်စုံတွေ ငှားဝတ်ပြီး လူတွေကို ဖျော်ဖျေကာ ပိုက်ဆံရှာ နေတာပဲဖြစ်ပါတယ် သူပိုက်ဆံ ရှာရတဲ့ အကြောင်းရင်း ကတော့

သူ့ အမေရဲ့ဝင်ငွေဟာ အိမ်လခ ပေးဖို့တောင်မလော က်မငှ ဖြစ်နေတာ ကြောင့် သူ့အနေနဲ့ လမ်းဘေး လူရွှင်တော်လေး လုပ်ပြီး ပိုက်ဆံရှာကာ မိဘကိုကူညီ ပေးချင်တာကြောင့် ပဲဖြစ်ပါတယ် Rehan ရတဲ့ ငွေလေးတွေဟာ အိမ်လခထဲမှာ ထည့်သုံး လိုက် အစားသောက် ဖိုးလေးသုံးလိုက်နဲ့ ကျန်တဲ့ငွေလေး တွေကိုတော့ စုပြီး သူ့ကျောင်းစရိတ် အ တွက် အသုံးပြုတာ ပဲဖြစ်ပါတယ် ဒီကလေးလေး ရဲ့အကြောင်းကို rhmasii ဆိုတဲ့ instagram အကောင့်ကနေ ထုတ်ဖော်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား ကလူမှုကွန်ယက် စာမျက်နှာ တွေပေါ်မှာ အတော် လေး ပျံ့နှံ့သွားခဲ့ ပါတယ်။ ယခုမြင်တွေ့ နေရတဲ့ ပုံလေးတွေ ထဲမှာလည်း Rehan လေးဟာအရမ်း ပင်ပန်းလို့ စိတ်ဓာတ်ကျ ချင်နေပေမယ့်လဲမိသား စုအကြောင်း ကိုတွေးပြီး မနည်းအား တင်းထား တာကို မြင်တွေ့ နေရသလိုပါပဲ။ Reham လေးလို သိတတ် လိမ်တာတဲ့ သားလေး တစ်ယောက်ကို ရထားတာက သူ့ရဲ့မိခင် အတွက်ကတော့ အ ဆိုးထဲက အကောင်းလို့ ဆိုရမှာ ပါပဲ။

သတင်း အရင်းမြစ်: Metro

Zawgyi






သတင်း အရင်းမြစ်: Metro