အရွယ်နဲ့မလိုက်အောင် အရမ်းကြီးလွန်းနေတဲ့ ရင်သားတွေကြောင့် အခက်တွေ့နေတဲ့ အသက်(၂၀)အရွယ်မိန်းခလေး

အသက်(၂၀)အရွယ်သာရှိသေးတဲ့ Jasmin Vlassi ဟာ သူများနဲ့မတူတဲ့ ရင်သားကြွက်သား ထွားကျိုင်းမှုကို ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်မှာ သူမရဲ့ရင်သား အရွယ်အစားဟာ 32k Size အထိ ရှိနေတဲ့အတွက် လူမြင်ကွင်းသွားရမှာကို အလွန်ရှက်နေကြောင်း ဆိုပါတယ်။ ဒါကြောင့် Jasmin ဟာ အရွယ်အစား လျှောချဖို့အတွက် ခွဲစိတ်မှုပြုလုပ်ဖို့ လိုနေပြီးရန်ပုံငွေ အကူအညီ တောင်းခံထားတယ်လို့လည်း သိရပါတယ်။

Jasmin ဟာ အသက် (၁၃)နှစ်အရွယ်ကတည်းက အပျိုဖားဖာတွေရဲ့ ရင်သားအရွယ်အစားကို ကျော်လွန်ခဲ့သူဖြစ်ပါတယ်။ ထိုစဉ်က Jasmin ရဲ့ ရင်သားအရွယ်အစားဟာ DD Size ဖြစ်ပြီး ထိုစဉ်ကတည်းက အမျိုးသားတွေရဲ့ စောင်းပါးရိပ်ခြေ စနောက်တာကို ခံခဲ့ရသူပါ။ အလယ်တန်း ကျောင်းသူဘဝတုန်းက PE အချိန်တွေကို အကြောက်ဆုံးဖြစ်ကြောင်း Jasmin က ဖွင့်ဟခဲ့ပြီး ထိုစဉ်က လေ့ကျင့်ခန်း တစ်ခုခုလုပ်တာနဲ့ ရင်သားတွေက တလှုပ်လှုပ်ဖြစ်နေလို့ လူပုံအလယ်မှာ မကြာခဏ အဟားခံရတယ်လို့ ဆိုပါတယ်။

သူမဟာ တစ်ခြားအမျိုးသမီးတွေလို အသေးကနေ အကြီးကို ပြောင်းချင်တာမျိုး မဟုတ်ပဲ ပြောင်းပြန်ဖြစ်နေပါတယ်။ ယင်းနောက် နှစ်အနည်းငယ် အကြာမှာတော့ Jasmin ရဲ့ ရင်သားအရွယ်စားဟာ အများမြင်တဲ့အတိုင်းပင် ဧရာမ Size ကို ရောက်နေပြီဖြစ်ပြီး အရွယ်အစားအားဖြင့် 32k Size ဖြစ်ပါတယ်။ ဒါကြောင့် GoFundMe မှာ ရံပုံငွေ အကူအညီတောင်းခံထားပြီး သူမမှာ ကနဦးခွဲစိတ်မှုလုပ်ဖို့ ပေါင် (၁၀၀၀) ရှိပေမယ့် မလောက်ကြောင်း လုံလောက်ဖို့အတွက် ပေါင် (၇၀၀၀) လိုအပ်ကြောင်း ဆိုပါတယ်။

Jasmin က GoFundMe မှာ သူမရဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို တင်ပြခဲ့ပြီး ပေါင် (၇၀၀၀)အထိ လိုအပ်နေကြောင်း အကူအညီတောင်းခံခဲ့တာပါ။ သူမရဲ့ ရှင်းလင်းချက် နောက်ဆုံးမှာ ” ဘယ်လိုအကူအညီပဲဖြစ်ဖြစ် ကျွန်မကကြိုဆိုပါတယ် …”လို့ ရေးသားခဲ့ပါတယ်။

Ref ; abcnews

Zawgyi





Ref ; abcnews