အရုပ်ဝယ်ရန်ဆင်းရဲလွန်းတာကြောင့် စွန့်ပစ်ရာဘာဖိနပ်များကို ခေတ်မီကားရုပ်များအဖြစ် ပြောင်းလဲတီထွင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံကကောင်လေးတစ်ဦး

ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း Mindoro တောင်တန်းဒေသရှိ Mangyan လူမျိုးနွယ်ဝင်တစ်ဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် Jupel Batobato အမည်ရှိကောင်လေးတစ်ဦးဟာ Casillon မူလတန်းကျောင်းမှာ သင်ကြားနေတဲ့ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ လျှပ်စစ်မီးမရှိတဲ့မြို့တစ်မြို့ရှိ ဆင်းရဲနွမ်းပါးတဲ့အသိုင်းအဝိုင်းမှ ဆင်းသက်လာခဲ့တဲ့ Jupel ဟာ သူ့အိမ်မှကျောင်းသို့ မိနစ် ၂၀ လမ်းလျှောက်ရင်း သူဟာ အခက်အခဲများစွာနှင့် မကြာခဏရင်ဆိုင်ခဲ့ရပါတယ်။

ပျက်စီးနေတဲ့လမ်းများကြောင့် Jupel ရဲ့ဖိနပ်တစ်ရံက တစ်လ သို့မဟုတ် တစ်လတောင်မခံခဲ့ပါဘူး။ အဲ့လိုတွေဆက်တိုက်ဖြစ်လာရာကနေ Jupel ရဲ့မိသားစုက သူ့အတွက်နောက်ထပ်ဖိနပ်အသစ်တစ်ရံကို မဝယ်ပေးနိုင်တော့တာကြောင့် Jupel ဟာ ကျောင်းကိုခြေဗလာနဲ့သွားခဲ့ရပါတယ်။

သို့ပေမဲ့ Jupel ဟာ ကျောင်းသွားရင်း လမ်းမှာတွေ့ခဲ့တဲ့ဖိနပ်ဟောင်းများကိုလိုက်ရှာရင်းကနေ ၎င်းကိုကစားစရာကားရုပ်အဖြစ်ပြောင်းလဲရန် သူ့ရဲ့စိတ်ကူးစိတ်သန်းအတိုင်း တီထွင်ဖန်တီးဖို့စိတ်ကူးခဲ့ပါတယ်။

ထို့နောက် Jupel ဟာ သူတွေ့ရှိခဲ့တဲ့ စွန့်ပစ်ရာဘာဖိနပ်များကို အိမ်သို့ယူခဲ့ပြီး ၎င်းတို့ကိုအသုံးပြုကာ သူစိတ်ကူးယဉ်ထားတဲ့ကားများ၊ ဂျစ်ကားများနှင့်ဗင်ကားများအဖြစ်သို့ ပြောင်းလဲတီထွင်ခဲ့ပါတယ်။

Jupel ဟာ သူ့ကားရုပ်တိုင်းကို အသေးစိတ်အနုပညာလက်ရာတစ်ခုကဲ့သို့ ဂရုတစိုက်ထွင်းထုထားပါသေးတယ်။ သူ့ရဲ့ကစားစရာယာဉ်များရဲ့ရှေ့မှာ ဓာတ်မီးနဲ့ LED မီးချောင်းများပါ တပ်ထားခဲ့ပါတယ်။

Jupel ရဲ့အရုပ်ကားများနှင့်ဂျစ်ကားများက အရုပ်အရောင်းဆိုင်များမှာ ပြသထားတဲ့အရာများနှင့်မတူနိုင်ပေမဲ့လည်း ၎င်းတို့က အမှန်တကယ်အစစ်အမှန်များနှင့် ပုံစံတူနေတာကိုတွေ့ရမှာပါ။

Jupel ရဲ့အရုပ်ကားများအကြောင်း social media မှာပြန့်နှံ့သွားပြီးနောက် netizen များစွာက အသုံးမဝင်တော့တဲ့ပစ္စည်းကနေ မယုံနိုင်စရာကစားစရာများအဖြစ် ပြောင်းလဲပေးခဲ့တဲ့ ကောင်လေးရဲ့ကြိုးစားအားထုတ်မှုနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ကို ချီးကျူးခဲ့ကြပြီး “ သူကထက်မြက်တဲ့ကောင်လေးဘဲ သူ့ရဲ့ပညာရေးနဲ့သူ့ရဲ့ဘဝမှာ အကောင်းဆုံးအောင်မြင်ပါစေလို့ဆုတောင်းပါတယ် ဒီကမ္ဘာကြီးက မင်းလိုကလေးတွေကို အရမ်းလိုအပ်နေတယ် ကောင်းမွန်တဲ့အလုပ်ကိုဆက်လုပ်ပါ ” လို့ လူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

Zawgyi

ဖိလစ္ပိုင္ႏိုင္ငံအေရွ႕ပိုင္း Mindoro ေတာင္တန္းေဒသရွိ Mangyan လူမ်ိဳးႏြယ္ဝင္တစ္ဦးျဖစ္တဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္ Jupel Batobato အမည္ရွိေကာင္ေလးတစ္ဦးဟာ Casillon မူလတန္းေက်ာင္းမွာ သင္ၾကားေနတဲ့ေက်ာင္းသားတစ္ဦးျဖစ္ပါတယ္။ လွ်ပ္စစ္မီးမရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ရွိ ဆင္းရဲႏြမ္းပါးတဲ့အသိုင္းအဝိုင္းမွ ဆင္းသက္လာခဲ့တဲ့ Jupel ဟာ သူ႔အိမ္မွေက်ာင္းသို႔ မိနစ္ ၂၀ လမ္းေလွ်ာက္ရင္း သူဟာ အခက္အခဲမ်ားစြာႏွင့္ မၾကာခဏရင္ဆိုင္ခဲ့ရပါတယ္။

ပ်က္စီးေနတဲ့လမ္းမ်ားေၾကာင့္ Jupel ရဲ႕ဖိနပ္တစ္ရံက တစ္လ သို႔မဟုတ္ တစ္လေတာင္မခံခဲ့ပါဘူး။ အဲ့လိုေတြဆက္တိုက္ျဖစ္လာရာကေန Jupel ရဲ႕မိသားစုက သူ႔အတြက္ေနာက္ထပ္ဖိနပ္အသစ္တစ္ရံကို မဝယ္ေပးႏိုင္ေတာ့တာေၾကာင့္ Jupel ဟာ ေက်ာင္းကိုေျခဗလာနဲ႔သြားခဲ့ရပါတယ္။

သို႔ေပမဲ့ Jupel ဟာ ေက်ာင္းသြားရင္း လမ္းမွာေတြ႕ခဲ့တဲ့ဖိနပ္ေဟာင္းမ်ားကိုလိုက္ရွာရင္းကေန ၎ကိုကစားစရာကား႐ုပ္အျဖစ္ေျပာင္းလဲရန္ သူ႔ရဲ႕စိတ္ကူးစိတ္သန္းအတိုင္း တီထြင္ဖန္တီးဖို႔စိတ္ကူးခဲ့ပါတယ္။

ထို႔ေနာက္ Jupel ဟာ သူေတြ႕ရွိခဲ့တဲ့ စြန႔္ပစ္ရာဘာဖိနပ္မ်ားကို အိမ္သို႔ယူခဲ့ၿပီး ၎တို႔ကိုအသုံးျပဳကာ သူစိတ္ကူးယဥ္ထားတဲ့ကားမ်ား၊ ဂ်စ္ကားမ်ားႏွင့္ဗင္ကားမ်ားအျဖစ္သို႔ ေျပာင္းလဲတီထြင္ခဲ့ပါတယ္။

Jupel ဟာ သူ႔ကား႐ုပ္တိုင္းကို အေသးစိတ္အႏုပညာလက္ရာတစ္ခုကဲ့သို႔ ဂ႐ုတစိုက္ထြင္းထုထားပါေသးတယ္။ သူ႔ရဲ႕ကစားစရာယာဥ္မ်ားရဲ႕ေရွ႕မွာ ဓာတ္မီးနဲ႔ LED မီးေခ်ာင္းမ်ားပါ တပ္ထားခဲ့ပါတယ္။

Jupel ရဲ႕အ႐ုပ္ကားမ်ားႏွင့္ဂ်စ္ကားမ်ားက အ႐ုပ္အေရာင္းဆိုင္မ်ားမွာ ျပသထားတဲ့အရာမ်ားႏွင့္မတူႏိုင္ေပမဲ့လည္း ၎တို႔က အမွန္တကယ္အစစ္အမွန္မ်ားႏွင့္ ပုံစံတူေနတာကိုေတြ႕ရမွာပါ။

Jupel ရဲ႕အ႐ုပ္ကားမ်ားအေၾကာင္း social media မွာျပန႔္ႏွံ႔သြားၿပီးေနာက္ netizen မ်ားစြာက အသုံးမဝင္ေတာ့တဲ့ပစၥည္းကေန မယုံႏိုင္စရာကစားစရာမ်ားအျဖစ္ ေျပာင္းလဲေပးခဲ့တဲ့ ေကာင္ေလးရဲ႕ႀကိဳးစားအားထုတ္မႈႏွင့္ တီထြင္ဖန္တီးမႈစြမ္းရည္ကို ခ်ီးက်ဴးခဲ့ၾကၿပီး “ သူကထက္ျမက္တဲ့ေကာင္ေလးဘဲ သူ႔ရဲ႕ပညာေရးနဲ႔သူ႔ရဲ႕ဘဝမွာ အေကာင္းဆုံးေအာင္ျမင္ပါေစလို႔ဆုေတာင္းပါတယ္ ဒီကမာၻႀကီးက မင္းလိုကေလးေတြကို အရမ္းလိုအပ္ေနတယ္ ေကာင္းမြန္တဲ့အလုပ္ကိုဆက္လုပ္ပါ ” လို႔ လူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။