အရစ်ကျပြီး အရကျစ်မယ့် စပါယ်ရှယ်အကောင့်နဲ့ မြန်မာပြည်ထဲက ဘဏ်မဟုတ်တော့တဲ့ဘဏ်တွေ

ဘဏ်အဝင်ဝမှာ “စပယ်ရှယ်အကောင့်ဖွင့်နိုင်ပါပြီ အတိုး ဘယ်လောက်ဘာညာ” ရေးထားလို့ ဘဏ်ထဲမှာ ယူနီဖောင်းမဝတ်ဘဲ အိမ်နေရင်းဝတ်စုံတွေနဲ့ အလုပ်လုပ်နေတဲ့ ဘဏ်ဆာ၊ ဆာမများကို မေးကြည့်ထားတဲ့ အပြန်အလှန် စကားပြောပုံလေးကို ဖော်ပြလိုက်ပါတယ်။

ကာစတန်မာ – စပယ်ရှယ်အကောင့်ဆိုတာ ဘာကြီးလဲ အဆင်ပြေလား

ဘဏ်ဆာ/မများ – မိုက်တယ် deposit ပေးပြီး ဖွင့်ရတာ ငွေထည့်ပြီး ငွေပြန်ထုတ်လို့ရတယ်

ကာစတန်မာ – အော်အဆို မိုက်ပီလေ။ ကျနော် ဒီနေ့သိန်း ၂၀၀ ထည့်မယ်ဗျာ နောက်နေ့ တိုက်ခန်း/ကား အမြန်ဝယ်ဖို့ (သို့) အရေးပေါ်ငွေလိုရင် သိန်း ၂၀၀ လုံးအကုန်ပြန်ထုတ်လို့ရလား

ဘဏ်ဆာ/မများ – အဲဒါတော့ ဘဏ်ခွဲနဲ့ပဲဆိုင်တယ် သူတို့မှာ ငွေရှိရင်ပေးလိမ့်မယ် ဇကောဇကပဲဆိုရင် ညှိရမယ်။ မရှိရင် အရစ်ကျနဲ့ထုတ်ရမယ် တရက် ၂၀ လောက်တော့ ရမှာပေါ့တဲ့ ကံကောင်းရင် ၁၀၀ နှစ်ကြိမ် (သို့) ၅၀ လေးကြိမ် လဲဖြစ်ရင်ဖြစ်မှာပေါ့

ကာစတန်မာ – ပြောတော့စပယ်ရှယ်အကောင့်ဆို ငွေပြန်ထုတ်ပေးတယ်ဆို တလုံးထဲပြန်ထုတ်လို့မရဘူးလား

ဘဏ်ဆာ/မများ – ပြန်ထုတ်ပေးတယ်လေ အရစ်ကျနဲ့ပါဆို အစ်ကိုပြောတဲ့ တလုံးထဲက ခုဘဏ်မှာငွေအပ်တဲ့နှုန်းနဲ့က ပြန်ထုတ်ပေးဖို့ မလွယ်လောက်ဘူး

ကာစတန်မှာ – စပယ်ရှယ်အကောင့်ဆိုပြီးတော့ အဲဒီငွေကလဲ ကျွန်တော့်ငွေပဲလေ ပြန်ထုတ်ပေးရမှာပေါ့

ဘဏ်ဆာ/မများ – ထုတ်ပေးမယ်လေ ဘဏ်နဲ့ညှိပီးအရစ်ကျနဲ့

ကာစတန်မာ – ပြောတော့ စပယ်ရှယ်အကောင့်ဆို

ဘဏ်ဆာ/မများ – အင်းဟုတ်တယ်

Credit

Zawgyi












Credit