အမှတ်တမဲ့တွေ့ရင် သရဲလို့ထင်မိနိုင်တဲ့ မျိုးသုန်းပျောက်ကွယ်နေပြီးဖြစ်တဲ့(ငေါင်း)

ဒီကနေ့ပဲ ကမ်မ္ဘောဒီးယား Page တစ်ခုကနေ ပြန့်လာတာခပ်ဆန်းဆန်းလူလိုလိုသရဲလိုလိုနဲ့ သတ္တဝါတစ်ကောင်ပုံကို တော်တော်များများက ဘာကောင်းလဲသိချင်ကြပြီး၊ တစ်ချို့ကတော့ သစ်သားကိုထွင်းထုထားတာလို့ဆိုကြပါတယ်။

 

တကယ်တော့ဒီသတ္တဝါဟာ မျိုးတုန်းလုနီးပါးပျောက်ကွယ်နေသော ငေါင်းဆိုတော့ သတ္တဝါသာဖြစ်ပါတယ်။ ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး၊ ယခုအခါမှာတော့ မရှိသလောက်ကိုရှားသွားပြီဖြစ်ပါတယ်။ လူတော်တော်များများက ငေါင်းဟူသောသတ္တဝါကို ယုံတမ်းစကား သို့မဟုတ် နာနာဘာဝအကောင်လို့ ယူဆကြပါတယ်။ ဒီဘက်ခေတ်မှာတော့ သိသူတော်တော်နည်းသွားပါပြီ။ ငေါင်းကောင်သည် လူနှင့်တူသောသတ္တဝါဖြစ်ပြီး ဆံပင်အလွန်ကောင်းပါတယ်။ ငေါင်း၏ဆံပင်ကို ဆံစု(ဆံတု)လုပ်ပါက ဆံပင်ကောင်းသည်ဟုအယူရှိသဖြင့် ရှေးခေတ်အမျိုးသမီးမျာ းငေါင်း၏ဆံပင်ကို ဆံစု(ဆံတု)လုပ်ကြလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ဟုမ္မလင်းနယ်စပ်၊ ဗန်းမောက်နယ်၊ မြစ်ကြီးနား၊ မိုးကောင်းတို့ဘက်မှာ တွေ့ခဲ့ရဘူးပါတယ်။ ဒါအပြင် ဆရာမောင်ကြည်သန့်ရေးတဲ့ မြန်မာ့ဖြစ်ရပ်(၁၀၀)စာအုပ်မှာတော့ ငေါင်းအကြောင်းကို… ””ငေါင်းသတ္တဝါသည် ကိုယ်ခန္တာပြားချပ်၏၊ လက်နှစ်ဖက်ပါကာ လက်မောင်းများထွားကြိုင်း၏၊ အရပ်ငါးပေတစ်လက်မခန်ရှိသည်၊ ဒူးဆစ်မရှိ။ ခြေတစ်ချောင်းသာပါ၏၊ ခြေဖဝါးသည် အနောက်ဘက်သို့လှည့်နေပြီ းဖနှောင့်သည်အရှေ့တွင်ရှိသည်။ ခါးတစ်ဆစ်ခြေမျက်စိတစ်ဆစ်နှစ်ဆစ်သာပါ၏၊ နဖူးသည်ခြောက်လက်မကျော်ကျယ်၍ပြောင်၏၊ မေးကောက်သည်၊ ခေါင်းနောက်စေ့တွင် ပေါက်ချွန်းပမာအမောက်ပမာအရိုးကြီးပါရှိသည်၊ သစ်ပင်ထူထပ်သောတောနက်ကြီးမျာတွင် နေထိုင်တတ်သည် သစ်ပင်တစ်ပင်မှတစ်ပင်ကူးပြောင်းသွားလာတတ်၏ဟု့ လေလာတွေရှိချက်အားကချင်ပြည်နယ် နန်းမွန်ရွာအမတ်ဟောင်းတစ်ဦးမှ ရေးသားဖူးကြောင်း ငှက်အမျိုးအနွယ်လဲမဟုတ်ပါ အတောင်မပါရှိပါ။ “လို့ပါရှိပါတယ်။

ငေါင်းသတ္တဝါကို တော်တော်များများကတော့ တကယ်မရှိတဲ့အကောင်(သို့) ယုံတမ်းစကားအဖြစ်သာ ယုံကြည်ထားကြပါတယ်။ သို့သော်ရှေးခေတ်မှတ်တမ်းတင်ထားခဲ့တဲ့အချက်အလက်များအရ ဒီသတ္တဝါရှိခဲ့တာကိုတော့ငြင်းလို့မရပါ။ ငေါင်းနှင့်ပတ်သတ်လို့ အခိုင်မာဆုံးအထောက်အထားတွေအနေနဲ့ တွေနိုင်တာကတော့ကုန်းဘောင်ခေတ် ရွေတိုက်တော်တွင်ထားရှိရတဲ့ ရွှေနန်းစဉ်လက်သုံးပုရပိုက်ဖြူဖြစ်ပါတယ်။ ဒီပုရပိုက်ဖြူထဲမှာ ”လူမျောက်ငရွှေမောင်၊ ကိန္ဒရာအသေခြောက်၊နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊ နဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင် စတဲ့အကြောင်းအရာတွေနဲ့အတူ လူငေါင်းပုံများလည်းပါဝင်တယ်လို့သိရပါတယ်။””

၎င်းသတ္တဝါသည် ခြေတဆစ်လက်တဆစ်သာရှိသောကြောင့် လူကဲ့သို့ကွေး၍မရချေ။ သို့သော်အလွန်အပြေးသန်သည်။ ကမ္ဘာပေါ်တွင်အပြေးအသန်ဆုံးဖြစ်သည်ဟုသိရသည်။ ၎င်းတို့ကိုဖမ်းဆီးရန်မှာ ၎င်းတို့ကျက်စားရာပါတ်ဝန်းကျင်တောင်စောင်းတနေရာတွင် ဝါးဖက်(ဝါးပိုးဖက်)များကိုခင်းထားရပြီး ဖက်ခင်းထားသည့်တောင်စောင်းဘက်သို့ ၎င်းတို့ကိုမောင်းနှင်လိုက်သည့်အခါ ၎င်းတို့သည် ဖက်များကိုနင်းမိကာခြေချော်ကာ တောင်အောက်သို့လိမ့်ကျသွားတတ်ပါတယ်။ ထိုအခါမျိုးမှာတောင်အောက်မှစောင့်၍ဖမ်းရပါတယ်။ ၎င်းငေါင်းကောင်သည်လဲကျရာမှထလိုလျှင် သစ်ပင်ငယ်လေးများရှိရာသို့လူးလှိမ့်ပြီး ထိုသစ်ပင်ငယ်လေးများကို ကိုင်တွယ်ဆွဲယူပြီးထကြရပါတယ်။

၎င်းတို့လဲကျရာမှမထနိုင်မှီ အမိဖမ်းရတယ်လို့သိရပါတယ်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးအနောက်ဘက်၊ နနွယ်ရွာကမလေးမှ ဒေါ်စိန်ပုကလယ်သမားများဆည်ပိတ်ထားသည်ကို လာဖောက်သည့် ငေါင်းတစ်ကောင်အကြောင်းကြားခဲ့ဘူးပြီး၊ လယ်သမားများချထားသေ ာငှက်ပျော်ဖတ်ပေါ်ချော်လဲ၍ ဖမ်းမိသည်။ ငေါင်းသည်ငှက်မဟုတ်ပေ၊ အတောင်ပံမပါချေ ၊အရပ်ငါးပေကျော်သည်၊ ခါးကျောအဆစ်လုံးဝမရှိပေ။ ရှမ်းဘာသာစကားအရငေါင်းကို ကာပူးဒွန်းဟုခေါ်ပါတယ်။ ကာ=အနီးအနားတွင်နေသည်။ ပူ=အဖိုး။ ဒွန်း=ကုပ်ခိုင်းသည်။ မြန်မာလိုဆီလျော်အောင်ပြန်မည်ဆိုပါက တောစပ်အနီးတွင်နေထိုင်ပြီး ကုပ်ခိုင်းသောအဖိုးအိုဟု ဖြစ်မည်ထင်သည်။
(ပုံထဲကအကောင်ကတော့ခြေနှစ်ချောင်းပါဝင်ပြီ းဒူးကွေးလို့ရတာကိုတွေ့ရပါတယ်။ ဒါကြောင့်ငေါင်း(သို့)မျိုးနွယ်ကွဲသာဖြစ်ပါလိမ့်မယ်)
Credit