အမျိုးသားတွေ မနက်အစောပိုင်းမှာ ချစ်တင်းနှောလိုစိတ်ပိုဖြစ်ရခြင်း၏ အကြောင်းအရင်

အိမ်ထောင်သည် အမျိုးသားတွေ တော်တော်များများကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ အိမ်ထောင်ဘက်နဲ့ မနက်အစောပိုင်းကို ပိုပြီး ချစ်တင်းနှောလိုစိတ်ရှိကြောင်း၊ နှောလည်း နှောဖြစ်ကြကြောင်း သိရပါတယ်။

ဒါပေမယ့် ဘာလို့ ဒီလို ဖြစ်ရသလဲဆိုတာကို အမျိုးသားတွေ ကိုယ်တိုင်က နားမလည်ကြသလို အမျိုးသမီးတွေ အိပ်စက်လို့ အကောင်းဆုံးအ ချိန်မှာမို့ ဒေါသထွက်တတ်ကြပါတယ်။တကယ်တော့ အိမ်ထောင်သည် အမျိုးသားတွေမှ မဟုတ်ပါဘူး၊ အခြား လူပျိုလူလွတ်တွေလည်း မနက်လင်းအားကြီးချိန်နဲ့ အိပ်ယာထတဲ့အချိန်တိုင်းမှာ ဒီလိုစိတ်မျိုး ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ါဟာ အခြားအကြောင်းတော့ မဟုတ်ပါဘူး။ အမျိုးသားတို့ ချစ်တင်းနှောလိုစိတ်ကို ဖြစ်စေတဲ့ Testosterone ဟိုမုန်းဟာ မနက်ပိုင်းမှာ အများဆုံး ဖြစ်လို့ပါ။အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ ချစ်တင်းနှောလိုစိတ်ဟာ တူညီမှု မရှိပါဘူး။ အမျိုးသမီးတွေကတော့ လစဉ်နီး ပါး Monthly cycle ပုံစံနဲ့ သွားလေ့ရှိကြပြီး၊

အမျိုးသားတွေကတော့ တစ်ရက်ချင်းမှာတောင် Testosterone ဟိုမုန်း မြူးကြွမှု အနည်းအများပေါ် မူတည်ပြီး၊ ချစ်တင်းနှောလိုစိတ် ရှိခြင်း မရှိခြင်းကို ဖြစ်စေတာပါ။ အမျိုးသားတွေမှာ Testosterone အတက်အကျအများဆုံးအချိန်တွေကို အစဉ်အတိုင်း ဖော်ပြပေးလိုက်ပါတယ်။

Testosterone ဟိုမုန်းဟာ အမျိုးသားတွေရဲ့ သာယာစိတ်ကိုပါ ဦးဆောင်နိုင်လို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက တော့ မနက်ပိုင်းမှာ ချစ်တင်းနှောတာက အိမ်ထောင်သည်နှစ်ဦးစလုံးကို ပိုပြီး ကျေနပ်အားရမှုကို ဖြစ်စေတယ်လို့ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

နေ့လည်ပိုင်း

Testosterone ဟိုမုန်း မြူးကြွမှုရှိမရှိဟာ အမျိုးသားဖြစ်သူ အလုပ်ပင်ပန်းခြင်း၊ စိတ်ဖိအားများခြင်း၊ ဆက်တိုက်ချစ် တင်း နှောခဲ့ခြင်းဆိုတဲ့ အခြေအနေတွေပေါ်လည်း မူတည်ပါတယ်။ နေ့လည်ပိုင်းမှာ အဲဒီလို ဖိအားတွေ ကင်းနေတဲ့အခါ Testosterone ဟိုမုန်းဟာ တဖြည်းဖြည်း အားကောင်းလာပြီး၊ အချစ်စိတ်ကို ဖြစ်စေပါတယ်။ ဒါပေမယ့် အေးအေး ဆေးဆေး အနားယူပြီးတဲ့ မနက်ပိုင်းလောက် အားမကောင်းပါ။

ညနေပိုင်း

Testosterone ဟိုမုန်း အနိမ့်ဆုံးအချိန် ဖြစ်ပါတယ်။ အလုပ်ပင်ပင်ပန်းပန်း လုပ်ရသူတွေ အိမ်ပြန်ရောက်လို့ တစ်ချိုးတည်း အိမ်ပျော်သွားကြတယ်ဆိုတာ Testosterone ဟိုမုန်း မဖြစ်ချင်းရဲ့ အဓိက ပြဿနာပါဘဲ။ ဒါပေမယ့် ဒီလိုအခြေအနေမှာ အမျိုးသမီးရဲ့ ဦးဆောင်မှုနဲ့ အပြုအစုအယုအယဟာ အလွန်အရေးပါပြီး၊ Testosterone ဟိုမုန်းကို နှိုးစွပေးနိုင်လေ အိမ်ထောင်ရေးသုခအတွက် အကျိုးရှိလေလို့ ဆိုထားပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ………… (Shwemom)

Zawgyi

အိမ္ေထာင္သည္ အမ်ိဳးသားေတြ ေတာ္ေတာ္မ်ားမ်ားကို စစ္တမ္းေကာက္ၾကည့္တဲ့အခါမွာ အိမ္ေထာင္ဘက္နဲ႔ မနက္အေစာပိုင္းကို ပိုၿပီး ခ်စ္တင္းေႏွာလိုစိတ္ရွိေၾကာင္း၊ ေႏွာလည္း ေႏွာျဖစ္ၾကေၾကာင္း သိရပါတယ္။

ဒါေပမယ့္ ဘာလို႔ ဒီလို ျဖစ္ရသလဲဆိုတာကို အမ်ိဳးသားေတြ ကိုယ္တိုင္က နားမလည္ၾကသလို အမ်ိဳးသမီးေတြ အိပ္စက္လို႔ အေကာင္းဆုံးအ ခ်ိန္မွာမို႔ ေဒါသထြက္တတ္ၾကပါတယ္။တကယ္ေတာ့ အိမ္ေထာင္သည္ အမ်ိဳးသားေတြမွ မဟုတ္ပါဘူး၊ အျခား လူပ်ိဳလူလြတ္ေတြလည္း မနက္လင္းအားႀကီးခ်ိန္နဲ႔ အိပ္ယာထတဲ့အခ်ိန္တိုင္းမွာ ဒီလိုစိတ္မ်ိဳး ျဖစ္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

ါဟာ အျခားအေၾကာင္းေတာ့ မဟုတ္ပါဘူး။ အမ်ိဳးသားတို႔ ခ်စ္တင္းေႏွာလိုစိတ္ကို ျဖစ္ေစတဲ့ Testosterone ဟိုမုန္းဟာ မနက္ပိုင္းမွာ အမ်ားဆုံး ျဖစ္လို႔ပါ။အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြရဲ႕ ခ်စ္တင္းေႏွာလိုစိတ္ဟာ တူညီမႈ မရွိပါဘူး။ အမ်ိဳးသမီးေတြကေတာ့ လစဥ္နီး ပါး Monthly cycle ပုံစံနဲ႔ သြားေလ့ရွိၾကၿပီး၊

အမ်ိဳးသားေတြကေတာ့ တစ္ရက္ခ်င္းမွာေတာင္ Testosterone ဟိုမုန္း ျမဴးႂကြမႈ အနည္းအမ်ားေပၚ မူတည္ၿပီး၊ ခ်စ္တင္းေႏွာလိုစိတ္ ရွိျခင္း မရွိျခင္းကို ျဖစ္ေစတာပါ။ အမ်ိဳးသားေတြမွာ Testosterone အတက္အက်အမ်ားဆုံးအခ်ိန္ေတြကို အစဥ္အတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။

Testosterone ဟိုမုန္းဟာ အမ်ိဳးသားေတြရဲ႕ သာယာစိတ္ကိုပါ ဦးေဆာင္ႏိုင္လို႔ ေဆးဘက္ဆိုင္ရာ ပညာရွင္ေတြက ေတာ့ မနက္ပိုင္းမွာ ခ်စ္တင္းေႏွာတာက အိမ္ေထာင္သည္ႏွစ္ဦးစလုံးကို ပိုၿပီး ေက်နပ္အားရမႈကို ျဖစ္ေစတယ္လို႔ ေထာက္ခံခဲ့တာ ျဖစ္ပါတယ္။

ေန႔လည္ပိုင္း

Testosterone ဟိုမုန္း ျမဴးႂကြမႈရွိမရွိဟာ အမ်ိဳးသားျဖစ္သူ အလုပ္ပင္ပန္းျခင္း၊ စိတ္ဖိအားမ်ားျခင္း၊ ဆက္တိုက္ခ်စ္ တင္း ေႏွာခဲ့ျခင္းဆိုတဲ့ အေျခအေနေတြေပၚလည္း မူတည္ပါတယ္။ ေန႔လည္ပိုင္းမွာ အဲဒီလို ဖိအားေတြ ကင္းေနတဲ့အခါ Testosterone ဟိုမုန္းဟာ တျဖည္းျဖည္း အားေကာင္းလာၿပီး၊ အခ်စ္စိတ္ကို ျဖစ္ေစပါတယ္။ ဒါေပမယ့္ ေအးေအး ေဆးေဆး အနားယူၿပီးတဲ့ မနက္ပိုင္းေလာက္ အားမေကာင္းပါ။

ညေနပိုင္း

Testosterone ဟိုမုန္း အနိမ့္ဆုံးအခ်ိန္ ျဖစ္ပါတယ္။ အလုပ္ပင္ပင္ပန္းပန္း လုပ္ရသူေတြ အိမ္ျပန္ေရာက္လို႔ တစ္ခ်ိဳးတည္း အိမ္ေပ်ာ္သြားၾကတယ္ဆိုတာ Testosterone ဟိုမုန္း မျဖစ္ခ်င္းရဲ႕ အဓိက ျပႆနာပါဘဲ။ ဒါေပမယ့္ ဒီလိုအေျခအေနမွာ အမ်ိဳးသမီးရဲ႕ ဦးေဆာင္မႈနဲ႔ အျပဳအစုအယုအယဟာ အလြန္အေရးပါၿပီး၊ Testosterone ဟိုမုန္းကို ႏႈိးစြေပးႏိုင္ေလ အိမ္ေထာင္ေရးသုခအတြက္ အက်ိဳးရွိေလလို႔ ဆိုထားပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ ………… (Shwemom)