အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး ရန်သူလို့ ကင်ဂျုံအန်းပြော

အမေရိကန်ဟာ သမ္မတ ပြောင်းတိုင်း မူဝါဒ မပြောင်းကြောင်းနဲ့ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး ရန်သူပဲလို့ ခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြောင်း နိုင်ငံပိုင်ရုပ်သံက ဇန်နဝါရီ ၉ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒါဟာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒတွေကို ရုပ်သိမ်းရေးဟာ မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေးအတွက် အဓိကကျတယ်လို့လည်း ကင်က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူလက်နက်တွေကို တလွဲသုံးမှာ မဟုတ်ကြောင်း၊ မြောက်ကိုရီးယားဟာ လက်ဦးမှု ရယူပြီး လက်တုံ့ပြန်နိုင်တဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ နဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ နျူထိပ်ဖူးတွေ အပါအဝင် နျူလက်နက်အင်အားကို တိုးချဲ့နေတယ်လို့ ကင်ဂျုံအန်းက ပြောဆိုသွားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင်က အသံထက်မြန်ဆန်တဲ့ လက်နက်တွေ၊ အစိုင်အခဲလောင်စာသုံးတိုက်ချင်းပစ် ဒုံးပျံတွေ၊ ထောက်လှမ်းရေး ဂြိုဟ်တုတွေ နဲ့ ဒရုန်းတွေ အပါအဝင် အဆင့်မြင့် စစ်ဘက်ပစ္စည်းတွေ ပိုမိုတီထွင်ဖန်တီးကြဖို့ကိုလည်း မြို့တော်ပြုံယမ်းမှာ ကျင်းပနေတဲ့ ပါတီကွန်ဂရက်အတွင်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Zawgyi
အေမရိကန္ဟာ သမၼတ ေျပာင္းတိုင္း မူဝါဒ မေျပာင္းေၾကာင္းနဲ႔ ေျမာက္ကိုရီးယားရဲ႕ အႀကီးမားဆုံး ရန္သူပဲလို႔ ေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ေျပာေၾကာင္း ႏိုင္ငံပိုင္႐ုပ္သံက ဇန္နဝါရီ ၉ ရက္မွာ ထုတ္လႊင့္ခဲ့ပါတယ္။

ဒါဟာ ေ႐ြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္ကို ေျပာင္ေျပာင္တင္းတင္း စိန္ေခၚလိုက္တာပဲ ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ရန္လိုတဲ့ မူဝါဒေတြကို ႐ုပ္သိမ္းေရးဟာ ေျမာက္ကိုရီးယား-အေမရိကန္ ဆက္ဆံေရးအတြက္ အဓိကက်တယ္လို႔လည္း ကင္က ေျပာခဲ့ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ န်ဴလက္နက္ေတြကို တလြဲသုံးမွာ မဟုတ္ေၾကာင္း၊ ေျမာက္ကိုရီးယားဟာ လက္ဦးမႈ ရယူၿပီး လက္တုံ႔ျပန္ႏိုင္တဲ့ တိုက္ခိုက္ေရး စြမ္းရည္ေတြ နဲ႔ အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိတဲ့ န်ဴထိပ္ဖူးေတြ အပါအဝင္ န်ဴလက္နက္အင္အားကို တိုးခ်ဲ႕ေနတယ္လို႔ ကင္ဂ်ဳံအန္းက ေျပာဆိုသြားပါတယ္။

ဒါ့အျပင္ ေျမာက္ကိုရီးယားေခါင္းေဆာင္က အသံထက္ျမန္ဆန္တဲ့ လက္နက္ေတြ၊ အစိုင္အခဲေလာင္စာသုံးတိုက္ခ်င္းပစ္ ဒုံးပ်ံေတြ၊ ေထာက္လွမ္းေရး ၿဂိဳဟ္တုေတြ နဲ႔ ဒ႐ုန္းေတြ အပါအဝင္ အဆင့္ျမင့္ စစ္ဘက္ပစၥည္းေတြ ပိုမိုတီထြင္ဖန္တီးၾကဖို႔ကိုလည္း ၿမိဳ႕ေတာ္ၿပဳံယမ္းမွာ က်င္းပေနတဲ့ ပါတီကြန္ဂရက္အတြင္း ထည့္သြင္းေျပာဆိုခဲ့တယ္လို႔ ႐ိုက္တာက ေဖာ္ျပပါတယ္။