အမေရိကန်သမ္မတဟောင်း အိုဗာမား ထုတ်ပြောခဲ့သည့် မျက်နှာရေထူ စည်းမစောင့်တတ်သော တရုတ်အစိုးရ

ယခုရက်ပိုင်းအတွင်း အမေရိကန်သမ္မတဟောင်း(Barack Obama)ကိုယ်တိုင်ရေးသားခဲ့သည့် ”A Promised Land” အမည်ရှိကိုယ်တွေ့ဖြစ်ရပ်/မှတ်တမ်းများအားစုစည်းရေးသားခဲ့သောစာအုပ်ထွက်လာပါတယ်။

Obama ဟာ ၂၀၀၉မှ၂၀၁၇အထိ အမေရိကန်သမ္မတသက်တမ်းနှစ်ဆက်တာဝန်ထမ်းဆောင်ခဲ့ပြီး Dreams from My Father နှင့် The Audacity of Hope စာအုပ်နှစ်အုပ်ကိုလည်းရေးသားခဲ့ပါသေးတယ်။

ယခုစာအုပ် A Promised Land ထဲတွင် ရေးသားထားသောကိုယ်တွေ့ဖြစ်စဉ်မှတ်တမ်းများအနက် ၂၀၀၉ တွင်တရုတ်နိုင်ငံတို့ပထမဆုံးသွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်းကြုံတွေ့ကြားသိခဲ့ရသည်များကို ထည့်သွင်းရေးသားထားပါတယ်။

ဖြစ်ရပ်တခုကတော့ သူရဲ့အစိုးရအဖွဲ့ဝင်စီးပွားရေးဝန်ကြီး Gary Locke ရင်ဆိုင်ခဲ့ရတာပါ။ စီးပွားရေးဝန်ကြီးဟာ တရုတ်နိုင်ငံ၌ကြိုတင်ညှိနှိုင်းအစည်းအဝေးတစ်ခုသို့သွားရောက်စဉ် တစုံတစ်ရာ‌မေ့ကျန်ခဲ့သဖြင့်တည်းခိုရာဟိုတယ်သို့ ရုတ်တရက်ပြန်လာခဲ့ပါတယ်။

မိမိတည်းခိုရာအခန်းသို့ရောက်ရှိသည့်အခါ အခန်းတံခါးမှာပွင့်နေပြီး ဟိုတယ်ဝန်ထမ်းနှစ်ယောက်က သန့်ရှင်းရေးလုပ်ဆောင်နေပါတယ်။ သို့‌သော်အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသည့် အခြားတရုတ်အမျိုးသားနှစ်ယောက်က‌တော့ စားပွဲပေါ်ရှိစီးပွားရေးဝန်ကြီးရဲ့စာရွက်စာတမ်းများကို စိမ်ပြေနပြေအ‌သေးစိတ်လှန်လောကြည့်ရှူနေကြပါတယ်။

လက်ပူးလက်ကြပ်မြင်တွေ့ရသည့် စီးပွားရေးဝန်ကြီးကမေးမြန်းသည့်အခါ အဆိုပါတရုတ်အမျိုးသားနှစ်ယောက်က တစုံတရာမပြောဘဲမျက်နှာပြောင်ပြောင်ဖြင့်အခန်းတွင်းမှလျင်မြန်စွာထွက်ခွာသွားပါတယ်။

အခန်းတွင်းသန့်ရှင်း‌ရေးလုပ်ဆောင်နေသည့် ဟိုတယ်ဝန်ထမ်းနှစ်ယောက်ကလည်း အစအဆုံးခေါင်းပင်မော်မကြည့်ဘဲ အခန်းတွင်း၌တစုံတစ်ဦးမှမရှိလေသည့်အလားသတ်မှတ်လျက်ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။

Dr Myo Tun (ဆရာအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်)

Zawgyi

ယခုရက္ပိုင္းအတြင္း အေမရိကန္သမၼတေဟာင္း(Barack Obama)ကိုယ္တိုင္ေရးသားခဲ့သည့္ ”A Promised Land” အမည္ရွိကိုယ္ေတြ႕ျဖစ္ရပ္/မွတ္တမ္းမ်ားအားစုစည္းေရးသားခဲ့ေသာစာအုပ္ထြက္လာပါတယ္။

Obama ဟာ ၂၀၀၉မွ၂၀၁၇အထိ အေမရိကန္သမၼတသက္တမ္းႏွစ္ဆက္တာဝန္ထမ္းေဆာင္ခဲ့ၿပီး Dreams from My Father ႏွင့္ The Audacity of Hope စာအုပ္ႏွစ္အုပ္ကိုလည္းေရးသားခဲ့ပါေသးတယ္။

ယခုစာအုပ္ A Promised Land ထဲတြင္ ေရးသားထားေသာကိုယ္ေတြ႕ျဖစ္စဥ္မွတ္တမ္းမ်ားအနက္ ၂၀၀၉ တြင္တ႐ုတ္ႏိုင္ငံတို႔ပထမဆုံးသြားေရာက္လည္ပတ္ခဲ့သည့္ ခရီးစဥ္အတြင္းႀကဳံေတြ႕ၾကားသိခဲ့ရသည္မ်ားကို ထည့္သြင္းေရးသားထားပါတယ္။

ျဖစ္ရပ္တခုကေတာ့ သူရဲ႕အစိုးရအဖြဲ႕ဝင္စီးပြားေရးဝန္ႀကီး Gary Locke ရင္ဆိုင္ခဲ့ရတာပါ။ စီးပြားေရးဝန္ႀကီးဟာ တ႐ုတ္ႏိုင္ငံ၌ႀကိဳတင္ညႇိႏႈိင္းအစည္းအေဝးတစ္ခုသို႔သြားေရာက္စဥ္ တစုံတစ္ရာ‌ေမ့က်န္ခဲ့သျဖင့္တည္းခိုရာဟိုတယ္သို႔ ႐ုတ္တရက္ျပန္လာခဲ့ပါတယ္။

မိမိတည္းခိုရာအခန္းသို႔ေရာက္ရွိသည့္အခါ အခန္းတံခါးမွာပြင့္ေနၿပီး ဟိုတယ္ဝန္ထမ္းႏွစ္ေယာက္က သန႔္ရွင္းေရးလုပ္ေဆာင္ေနပါတယ္။ သို႔‌ေသာ္အေနာက္တိုင္းဝတ္စုံဝတ္ဆင္ထားသည့္ အျခားတ႐ုတ္အမ်ိဳးသားႏွစ္ေယာက္က‌ေတာ့ စားပြဲေပၚရွိစီးပြားေရးဝန္ႀကီးရဲ႕စာ႐ြက္စာတမ္းမ်ားကို စိမ္ေျပနေျပအ‌ေသးစိတ္လွန္ေလာၾကည့္ရႉေနၾကပါတယ္။

လက္ပူးလက္ၾကပ္ျမင္ေတြ႕ရသည့္ စီးပြားေရးဝန္ႀကီးကေမးျမန္းသည့္အခါ အဆိုပါတ႐ုတ္အမ်ိဳးသားႏွစ္ေယာက္က တစုံတရာမေျပာဘဲမ်က္ႏွာေျပာင္ေျပာင္ျဖင့္အခန္းတြင္းမွလ်င္ျမန္စြာထြက္ခြာသြားပါတယ္။

အခန္းတြင္းသန႔္ရွင္း‌ေရးလုပ္ေဆာင္ေနသည့္ ဟိုတယ္ဝန္ထမ္းႏွစ္ေယာက္ကလည္း အစအဆုံးေခါင္းပင္ေမာ္မၾကည့္ဘဲ အခန္းတြင္း၌တစုံတစ္ဦးမွမရွိေလသည့္အလားသတ္မွတ္လ်က္ဆက္လက္လုပ္ေဆာင္ေနခဲ့ပါတယ္။

Dr Myo Tun (ဆရာအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္)