အမေရိကန်နှင့် ကမ္ဘာ့ခေါင်းဆောင်များက တရုတ်အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ရန် ပီလိုဆီတိုက်တွန်း

အမေရိကန်အောက်လွှတ်တော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် နန်စီပီလိုဆီက အမေရိကန်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို မတက်ရောက်ဘဲ သပိတ်မှောက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ တရုတ်နိုင်ငံက ကျင်းပတဲ့ အားကစားပြိုင်ပွဲကို တက်ရောက် အားပေး ချီးမြှင့်တာဟာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး သက်ဆိုင်ရာ နိုင်ငံပုံရိပ်ကို ကျဆင်းစေလိမ့်မယ်လို့လည်း နန်စီ ပီလိုဆီ က မှတ်ချက်ပေးသွားခဲ့ပါတယ်။

အမေရိကန် ဥပ‌ဒေရေးရာရှေ့နေတွေဟာ ပေကျင်းမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အားကစားအသင်းတွေ ဝင်ရောက် မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ကြဖို့နဲ့ တရုတ်နိုင်ငံအစား တခြားနိုင်ငံတစ်ခုခုဆီကို ပြောင်းရွှေ့ကျင်းပဖို့ တောင်းဆိုနေကြပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဝီဂါမွတ်ဆလင်တွေနဲ့ တခြား လူနည်းစုတွေအပေါ် တရုတ်အစိုးရက ကျူးလွန်ထားတာတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုမျိုးဖြစ်နေပြီလို့ ယူဆထားတာတွေ ရှိနေပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံကို သွားရောက်ပြီး ဘေဂျင်းအိုလံပစ်ပြိုင်ပွဲကို တက်ရောက်ချီးမြှင့်တာက တရုတ်အစိုးရကို ဂုဏ်ပြုပေးတာမျိုးဖြစ်သွားမှာဖြစ်လို့ လုံး၀ မတက်ရောက်သင့်ကြောင်း၊ တရုတ်အစိုးရအာဏာပိုင်တွေနဲ့ အတူတကွ ယှဉ်တွဲ ထိုင်ပြီး ပြိုင်ပွဲကို ကြည့်ရှုတာဟာ သူတို့လုပ်ရပ်တွေကို ထောက်ခံရာရောက်တဲ့အတွက် လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို ဆက်လက် ဆောင်ရွက်ဖို့အတွက် လမ်းဖွင့်ပေးသလိုက်သလို ဖြစ်သွားမှာသာဖြစ်ကြောင်း နန်စီ ပီလိုဆီ က ဆက်လက် ပြောသွားခဲ့ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – Reuters

Zawgyi

အေမရိကန္ေအာက္လႊတ္ေတာ္ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ နန္စီပီလိုဆီက အေမရိကန္နဲ႔ ကမာၻ႔ေခါင္းေဆာင္ေတြ ဟာ တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕မွာ က်င္းပမယ့္ ေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲကို မတက္ေရာက္ဘဲ သပိတ္ေမွာက္ဖို႔ လိုအပ္တယ္လို႔ တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိေနတဲ့ တ႐ုတ္ႏိုင္ငံက က်င္းပတဲ့ အားကစားၿပိဳင္ပြဲကို တက္ေရာက္ အားေပး ခ်ီးျမႇင့္တာဟာ ကမာၻ႔ေခါင္းေဆာင္ေတြရဲ႕လူ႔ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေစၿပီး သက္ဆိုင္ရာ ႏိုင္ငံပုံရိပ္ကို က်ဆင္းေစလိမ့္မယ္လို႔လည္း နန္စီ ပီလိုဆီ က မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

အေမရိကန္ ဥပ‌ေဒေရးရာေရွ႕ေနေတြဟာ ေပက်င္းမွာ က်င္းပမယ့္ ေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲကို အားကစားအသင္းေတြ ဝင္ေရာက္ မယွဥ္ၿပိဳင္ဘဲ သပိတ္ေမွာက္ၾကဖို႔နဲ႔ တ႐ုတ္ႏိုင္ငံအစား တျခားႏိုင္ငံတစ္ခုခုဆီကို ေျပာင္းေ႐ႊ႕က်င္းပဖို႔ ေတာင္းဆိုေနၾကၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ဝီဂါမြတ္ဆလင္ေတြနဲ႔ တျခား လူနည္းစုေတြအေပၚ တ႐ုတ္အစိုးရက က်ဴးလြန္ထားတာေတြဟာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈမ်ိဳးျဖစ္ေနၿပီလို႔ ယူဆထားတာေတြ ရွိေနၿပီျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံကို သြားေရာက္ၿပီး ေဘဂ်င္းအိုလံပစ္ၿပိဳင္ပြဲကို တက္ေရာက္ခ်ီးျမႇင့္တာက တ႐ုတ္အစိုးရကို ဂုဏ္ျပဳေပးတာမ်ိဳးျဖစ္သြားမွာျဖစ္လို႔ လုံး၀ မတက္ေရာက္သင့္ေၾကာင္း၊ တ႐ုတ္အစိုးရအာဏာပိုင္ေတြနဲ႔ အတူတကြ ယွဥ္တြဲ ထိုင္ၿပီး ၿပိဳင္ပြဲကို ၾကည့္ရႈတာဟာ သူတို႔လုပ္ရပ္ေတြကို ေထာက္ခံရာေရာက္တဲ့အတြက္ လူ႔အခြင့္အေရး ခ်ိဳး ေဖာက္မႈေတြကို ဆက္လက္ ေဆာင္႐ြက္ဖို႔အတြက္ လမ္းဖြင့္ေပးသလိုက္သလို ျဖစ္သြားမွာသာျဖစ္ေၾကာင္း နန္စီ ပီလိုဆီ က ဆက္လက္ ေျပာသြားခဲ့ပါတယ္။

သတင္း – စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္
ကိုးကား – Reuters