အမေရိကန်နိုင်ငံတွင် ကိုဗစ်ဖြစ်ပွားသောကြောင့် လျှော်ကြေးအတွက် အမေရိကန်က တရုတ်ကို ဒေါ်လာ(၁၀)ထရီလီယံတောင်း

အမေရိကန် ငွေကြေးစနစ်မှာတော့ တစ်ထရီလီယံဟာ (၁၀၀၀)ဘီလီယံနဲ့ ညီမျှပါတယ်။ အမေရိကန်ဟာ ကိုဗစ်ကြောင့် နစ်နာခဲ့ရမှုတွေအတွက် ဒေါ်လာ(၁၀)ထရီလီယံအထိ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါကတော့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ လက်ထပ်မှာ တောင်းဆိုခဲ့ခြင်းမဟုတ်ပါဘူး။

သမ္မတထရမ့် မဆင်းခင်မှာ ဒီလျှော်ကြေးကို တောင်းဆိုခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ဝူဟန်ဓာတ်ခွဲခန်းကနေ ကိုဗစ်ရောဂါစတင်ပြန့်နှံ့ကြောင်းသာ ကမ္ဘာက သက်သေအခိုင်အမာ ပြနိုင်ခဲ့ရင် နိုင်ငံတိုင်းကို ကိုဗစ်ကြောင့် သက်ရောက်တဲ့ ပမာဏအတိုင်းအတာပေါ်မူတည်ပြီး လျှော်ကြေးပေးရဖို့ရှိတယ်- သို့တည်းမဟုတ် နိုင်ငံတိုင်းက အကျပ်ကိုင် လျှော်ကြေး တောင်းဖွယ်ရာ ရှိတယ်လို့ ပညာရှင်တစ်ဦးက သုံးသပ်ခဲ့ပါတယ်။

တရုတ်ဘက်ကတော့ WHO ဘက်က စစ်ဆေးရေးအဖွဲ့တွေကို ကိုဗစ်ဖြစ်လို့ တစ်နှစ်လောက်ကြာမှ နိုင်ငံအတွင်းကို ပေးဝင်ခဲ့သလို၊ ဒါတောင်မှ ဝူဟန်ဓာတ်ခွဲခန်းကို ဝင်ရောက်စစ်ဆေးခွင့် မပြုခဲ့ပါဘူး။ နောက်ပြီး ဒီမတိုင်ခင် အချိန်အတွင်းမှာ သူတို့ဟာ သက်ဆိုင်တဲ့ သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ ကောင်းကောင်းအားထုတ်နိုင်ခဲ့မှာပါ။

ဒါကြောင့် ကိုဗစ်ကို သူတို့ဆီကစတယ်ဆိုတဲ့ သက်သေ ကမ္ဘာက ပြနိုင်မယ့်အရေးဟာ အလွန်ကို မရေရာတဲ့ အလုပ်တစ်ခုလို့ ပြောရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတထရမ့်ကတော့ သူ ရာထူးကမဆင်းခင် အတိအလင်း လျှော်ကြေး တောင်းခဲ့ပါသတဲ့။ နောက်ပြီး သမ္မတထရမ့်ဟာ အမေရိကန်ဒေါက်တာတစ်ဦးဖြစ်တဲ့ Anthony Fauci ဟာ Wuhan Institute of Virology အတွက် ရံပုံငွေရှာဖွေပေးခဲ့တာနဲ့ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

နောက်ပြီး အဲဒီနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဓာတ်ခွဲခန်းအကြောင်း ဘယ်လောက်သိသလဲဆိုတာ လာရှင်းပြဖို့ကိုလည်း Fauci ကို ဆင့်ခေါ်ခဲ့ပါသေးသတဲ့။ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြချက်အရ သမ္မတထရမ့်က “ကိုဗစ်က တရုတ်က လာတယ်ဆိုတဲ့ ကျွန်တော့်စကားကို … ရန်သူလို့ပြောလို့ရတဲ့ လူတွေထောက်ခံနေကြပြီ

ကျွန်တော် ပြောတာ မှန်ပါတယ်ဆိုပြီးပေါ့ … တရုတ်နဲ့ ဒေါက်တာ Fauci တို့ အပြန်အလှန်ဆက်ဆံနေမှုဟာ အသံကျယ်ကျယ်နဲ့ ဆန့်ကျင်ရမှာပါ … “လို့ ပြောခဲ့ပါတယ်။ သမ္မတထရမ့်က ဆက်လက်ပြီး ” တရုတ်အနေနဲ့ အမေရိကန်ရဲ့နစ်နာမှုအတွေအတွက် ဒေါ်လာ(၁၀)ထရီလီယံအထိ ပေးသင့်ပါတယ် … နောက်ပြီး ကမ္ဘာကြီးအတွက်လည်း သက်ဆိုင်တဲ့ လျှော်ကြေးတွေ ပေးရမှာပါ …

“လို့ ပြောခဲ့ပါတဲ့၊ ဒေါက်တာ Fauci ကတော့ သူရဲ့ အီးမေးလ်တွေ ပေါက်ကြားခဲ့ပြီးနောက်၊ စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်ခံခဲ့ရသလို၊ Photo Credit မကြာသေးခင်က လူသိရှင်ကြား ကြေညာခြင်းခံလိုက်ရတဲ့ သူရဲ့အီးမေးလ်တွေအကြောင်းကိုလည်း ဒါဟာ ” အပြည့်အဝ မှန်ကန်မှုမရှိဘူး “လို့ ငြင်းပယ်ခဲ့ပါတယ်။ ဒေါက်တာရဲ့ အီးမေးလ်စာမျက်နှာ(၃၀၀၀)ကျော်လောက်ရှိတဲ့ ပမာဏကို Freedom of Information Act ဥပဒေအရ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးဖို့ ထိန်းသိမ်းခဲ့တာပါ။

ကန်ဘက်ကတော့ ဒီအီးမေးလ်တွေကတစ်ဆင့် သူတို့ လိုချင်တဲ့ သဲလွန်စတွေ ရထားတယ်လို့ ဆိုပါတယ်။ ဟုတ်မဟုတ် သက်သေပြဖို့ကိုတော့ အချိန်အတိုင်းအတာတစ်ခုအထိ လိုနိုင်ပါတယ်။ နောက်ပြီး ကန်ရဲ့ထိပ်သီးပုဂ္ဂိုလ်တွေက ဒေါက်တာ Fauci ကို လက်ရှိကန်ဘက်ကပေးထားတဲ့ တာဝန်တွေကနေ ရုတ်သိမ်းပြီး ခုံရုံးတင်စေချင်နေကြတယ်လို့လည်း သိရပါတယ်။

crd-လင်းသူရိန်