အင်္ဂလန်တစ်နိုင်ငံလုံးလော့ခ်ဒေါင်းချထားလိုက်ပါပြီ

အင်္ဂလန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လော့ခ်ဒေါင်းချထားမှုကို ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ကြေညာထားခဲ့ပြီး စာသင်ကျောင်းတွေအားလုံးကိုလည်း ဖေဖော်ဝါရီလလယ်ပိုင်းထိ ပိတ်ထားမယ်လို့ သိရပါတယ်။

ရုပ်သံထုတ်လွှင့်ကြေညာချက်မှာ ဝန်ကြီးချုပ်က ကူးစက်မှုတိုးများလာတဲ့နှုန်းကိုလျှော့ချဖို့အတွက် လော့ခ်ဒေါင်းစည်းမျဉ်းအသစ်တွေကိုပါ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ကူးစက်မှုမြန်ဆန်တဲ့မျိုးကွဲဗီဇသစ်ကို အထူးသတိထားဖို့လိုအပ်ပြီး အင်္ဂလန်နိုင်ငံရဲ့ဆေးရုံတွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေဝန်ပိလာရတယ်လို့ ၎င်းက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အိမ်မှာနေကြပြီး အစားအစာဝယ်ယူတာနဲ့ အားကစားလုပ်တာမျိုးလို မဖြစ်မနေလိုအပ်တဲ့အကြောင်းတွေမှသာ အပြင်ထွက်သွားလာကြဖို့ ၎င်းက ပြောကြားခဲ့ပါတယ်။ စာသင်ကျောင်းတွေအားလုံးနဲ့ ကောလိပ်တွေကို ဇန်နဝါရီလ ၅ရက်ကစပြီး ဖေဖော်ဝါရီလလယ်ပိုင်းထိ ပိတ်ထားမှာဖြစ်တယ်လို့​ ၎င်းကဆိုပါတယ်။

လော့ခ်ဒေါင်းကြောင့် လာမယ့်အပတ်တွေမှာ အခက်အခဲဆုံးအချိန်တွေအဖြစ် ရုန်းကန်ရဖွယ်ရှိပေမယ့် ကာကွယ်ဆေးထိုးနှံမယ့်အစီအစဉ်တွေအရ မကြာခင်မှာပဲကျော်ဖြတ်ပြီးမြောက်နိုင်ပါမယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ ဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလို အပြင်မထွက်လို့မရတဲ့အလုပ်ကလွဲပြီး တတ်နိုင်သလောက်အိမ်ကနေပဲအလုပ်လုပ်ကြဖို့ ပြောကြားခဲ့ပါတယ်။

အရက်ဘီယာဆိုင်တွေပိတ်ထားပြီး အရက်သေစာပါဆယ်လာဝယ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။ စားသောက်ဆိုင်တွေမှာ အစားအစာ ပါဆယ်ဝယ်တာနဲ့ အိမ်အရောက်ပို့ဝန်ဆောင်မှုကိုတော့ ဆက်လက်လုပ်ဆောင်ခွင့်ပြုထားပါတယ်။ နေ့စဉ်လိုအပ်ချက်တွေအတွက် စူပါမားကတ်တွေ၊ ဆေးဆိုင်တွေ၊ ဆောက်လုပ်ရေးကုန်မာဆိုင်တွေကိုကတော့ ဖွင့်ထားမယ်လို့ သိရပါတယ်။

Zawgyi

အဂၤလန္တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ေလာ့ခ္ေဒါင္းခ်ထားမႈကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္က ေၾကညာထားခဲ့ၿပီး စာသင္ေက်ာင္းေတြအားလုံးကိုလည္း ေဖေဖာ္ဝါရီလလယ္ပိုင္းထိ ပိတ္ထားမယ္လို႔ သိရပါတယ္။

႐ုပ္သံထုတ္လႊင့္ေၾကညာခ်က္မွာ ဝန္ႀကီးခ်ဳပ္က ကူးစက္မႈတိုးမ်ားလာတဲ့ႏႈန္းကိုေလွ်ာ့ခ်ဖို႔အတြက္ ေလာ့ခ္ေဒါင္းစည္းမ်ဥ္းအသစ္ေတြကိုပါ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။ ကူးစက္မႈျမန္ဆန္တဲ့မ်ိဳးကြဲဗီဇသစ္ကို အထူးသတိထားဖို႔လိုအပ္ၿပီး အဂၤလန္ႏိုင္ငံရဲ႕ေဆး႐ုံေတြမွာလည္း က်န္းမာေရးေစာင့္ေရွာက္မႈေတြဝန္ပိလာရတယ္လို႔ ၎က ဆိုပါတယ္။

ျပည္သူေတြအေနနဲ႔ အိမ္မွာေနၾကၿပီး အစားအစာဝယ္ယူတာနဲ႔ အားကစားလုပ္တာမ်ိဳးလို မျဖစ္မေနလိုအပ္တဲ့အေၾကာင္းေတြမွသာ အျပင္ထြက္သြားလာၾကဖို႔ ၎က ေျပာၾကားခဲ့ပါတယ္။ စာသင္ေက်ာင္းေတြအားလုံးနဲ႔ ေကာလိပ္ေတြကို ဇန္နဝါရီလ ၅ရက္ကစၿပီး ေဖေဖာ္ဝါရီလလယ္ပိုင္းထိ ပိတ္ထားမွာျဖစ္တယ္လို႔​ ၎ကဆိုပါတယ္။

ေလာ့ခ္ေဒါင္းေၾကာင့္ လာမယ့္အပတ္ေတြမွာ အခက္အခဲဆုံးအခ်ိန္ေတြအျဖစ္ ႐ုန္းကန္ရဖြယ္ရွိေပမယ့္ ကာကြယ္ေဆးထိုးႏွံမယ့္အစီအစဥ္ေတြအရ မၾကာခင္မွာပဲေက်ာ္ျဖတ္ၿပီးေျမာက္ႏိုင္ပါမယ္လို႔ ဝန္ႀကီးခ်ဳပ္ကဆိုပါတယ္။ ေဆာက္လုပ္ေရးဝန္ထမ္းေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြလို အျပင္မထြက္လို႔မရတဲ့အလုပ္ကလြဲၿပီး တတ္ႏိုင္သေလာက္အိမ္ကေနပဲအလုပ္လုပ္ၾကဖို႔ ေျပာၾကားခဲ့ပါတယ္။

အရက္ဘီယာဆိုင္ေတြပိတ္ထားၿပီး အရက္ေသစာပါဆယ္လာဝယ္ျခင္းကိုလည္း တားျမစ္ထားပါတယ္။ စားေသာက္ဆိုင္ေတြမွာ အစားအစာ ပါဆယ္ဝယ္တာနဲ႔ အိမ္အေရာက္ပို႔ဝန္ေဆာင္မႈကိုေတာ့ ဆက္လက္လုပ္ေဆာင္ခြင့္ျပဳထားပါတယ္။ ေန႔စဥ္လိုအပ္ခ်က္ေတြအတြက္ စူပါမားကတ္ေတြ၊ ေဆးဆိုင္ေတြ၊ ေဆာက္လုပ္ေရးကုန္မာဆိုင္ေတြကိုကေတာ့ ဖြင့္ထားမယ္လို႔ သိရပါတယ္။