အင်းစိန်ထောင်ထဲမှာ အတူတူနေတဲ့ အခန်းဖော်မှ ပြောပြလာခဲ့တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့အကြောင်း

ဒီနေ့အထဲကို မအူဝဲရောက်နေတာ ၅ လပြည့်တဲ့နေ့လေး အမနဲ့ပက်သက်ပီး စာလေးနဲနဲလေး ရေးချင်လာတာရယ် ဘဝတကွေ့မှာကြုံခဲ့ဖူးတဲ့ ဘဝမှာအမလောက်အေးချမ်းတဲ့ မင်းသမီးမျိုးတကယ့်ကို မမြင်ခဲ့ဖူးဘူး။ ရူပါအထဲရောက်ပီး ၂ ပတ်လောက်နေတော့ အမတို့ရောက်လာခဲ့တယ်။ တစ်ခန်းထဲတူတူနေခဲ့ရပြီး အနေနီးကပ်ခဲ့တဲ့ချိန် အမစိတ်လေးတွေ အများကြီးသိခဲ့ရတယ်။

ရူပါတို့အားလုံးအိပ်နေချိန် မနက်လေးနာရီဆို အမကနိုးပြီးလို့ ရှိသမျှပဌာန်း၊မဟာသမယသုတ် ပရိတ်ကြီး (၁၁) သုတ် အကုန်ရှီခိုးပီးသွားပြီ။ တစ်နေ့လုံးပုတီးလေးစိတ်ပီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလဲ ဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာမျိုးမရှိခဲ့ဘူး။

ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေထွက်လေ့မရှိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတယောက်လို။ သားသမီးနဲ့ပက်သက်လာရင်တော့ ရင်ထဲမှာဟန်မဆောင်နိုင်အောင်ပဲ ငိုကြွေးတတ်တယ်။ မှတ်မှတ်ရရ သားသားမွေးနေ့တုံးက မနက်ဘုရားရှိခိုးပီး တစ်ယောက်ထဲကြိတ်ငိုနေရရှာတဲ့ ချစ်သောအမပါ။

အခုပြန်တွေးတိုင်းလဲ ရင်ထဲတကယ့်ကိုဆို့နစ်နေတာပါပဲ။ ဟိုးအရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ ကြားဖူးထားတဲ့ အမကခုလို သူသိပ်ချစ်တဲ့အမေ၊ သူသိပ်ချစ်တဲ့ ကလေးတွေနဲ့ အကြာကြီးခွဲနေနေရတာ မမြင်ရမတွေ့ရမကြားရ နေနေရတာ သူ့အတွက်ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ခံစားလို့လဲရတယ်၊ ကိုယ်တိုင်လည်းမြင်ခဲ့ရလို့ ပိုခံစားရတယ်။ သူခုချိန်ထိ ‌ကောင်းကောင်းသည်းခံနေနိုင်မယ်ဆိုတာ သိပေမဲ့ သူဘယ်လောက်ပြန်တွေ့ချင်နေလိမ့်မလဲဆိုတာလဲ အရမ်းသိတယ်။

ဘဝတကွေ့မှာ အမနဲ့အတူတူဆုံခဲ့ရဖူးတာ ကောင်းသောသင်ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ လူတွေအများကြီးကြားထဲမှာ ဘယ်သူ့ရဲ့ဘဝကိုဖြစ်ဖြစ် စာနာတတ်ပြီး မျက်ရည်တွေကျအောင် ခံစားတတ်တဲ့စိတ်ထားနူးညံ့လွန်းသူပါ။ လူ့ဘဝမှာ တကယ့်ကို နေတတ်ခြင်းနဲ့ပြည့်စုံလွန်းတဲ့မင်းသမီး ကိုယ်တိုင်ခံစားဖူးတဲ့သူတစ်ယောက်မို့လို့ အမကိုအမြန်ဆုံး ပြန်လာစေချင်တယ်။ သူ့ဘဝမှာ အရေးကြီးဆုံးက ဒီမိသားစုလေးပဲဆိုတဲ့အမက်ို အရင်လိုမိသားစုပျော်ပျော်ရွှင်ရွှင်လေး ပြန်နေတာကိုမြင်ချင်တယ်။

အမကိုအမြန်ဆုံးလွှတ်ပေးဖို့ တကယ့်ကိုတောင်းဆိုချင်ပါတယ်။ ချစ်ရတဲ့အမ အမြန်ဆုံးပြန်လွတ်ပါစေ🙏🏻🙏🏻🙏🏻”ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်နော်။

Credit

Zawgyi

ဒီေန႔အထဲကို မအူဝဲေရာက္ေနတာ ၅ လျပည့္တဲ့ေန႔ေလး အမနဲ႔ပက္သက္ပီး စာေလးနဲနဲေလး ေရးခ်င္လာတာရယ္ ဘဝတေကြ႕မွာႀကဳံခဲ့ဖူးတဲ့ ဘဝမွာအမေလာက္ေအးခ်မ္းတဲ့ မင္းသမီးမ်ိဳးတကယ့္ကို မျမင္ခဲ့ဖူးဘူး။ ႐ူပါအထဲေရာက္ပီး ၂ ပတ္ေလာက္ေနေတာ့ အမတို႔ေရာက္လာခဲ့တယ္။ တစ္ခန္းထဲတူတူေနခဲ့ရၿပီး အေနနီးကပ္ခဲ့တဲ့ခ်ိန္ အမစိတ္ေလးေတြ အမ်ားႀကီးသိခဲ့ရတယ္။

႐ူပါတို႔အားလုံးအိပ္ေနခ်ိန္ မနက္ေလးနာရီဆို အမကႏိုးၿပီးလို႔ ရွိသမွ်ပဌာန္း၊မဟာသမယသုတ္ ပရိတ္ႀကီး (၁၁) သုတ္ အကုန္ရွီခိုးပီးသြားၿပီ။ တစ္ေန႔လုံးပုတီးေလးစိတ္ပီး ဘယ္အရာေပၚမွ သူမေကာင္းျမင္ျခင္း၊ ၿငီးျငဴျခင္း၊ တစိုးတစိမွမရွိ။ သူေရာက္ေနတဲ့ေနရာမွာ သူအဆင္မေျပလဲ ဘယ္သူ႔ကိုမွ ၿငီးျငဴေနတာ၊ ၿငိဳျငင္ေနတာမ်ိဳးမရွိခဲ့ဘူး။

ဘယ္သူ႔အေၾကာင္းကိုမွလဲ သူ႔ႏႈတ္ကေနထြက္ေလ့မရွိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာေလးနဲ႔ ဘယ္လိုေတာင္ျဖဴစင္မွန္းမသိေသာ ကေလးတေယာက္လို။ သားသမီးနဲ႔ပက္သက္လာရင္ေတာ့ ရင္ထဲမွာဟန္မေဆာင္ႏိုင္ေအာင္ပဲ ငိုေႂကြးတတ္တယ္။ မွတ္မွတ္ရရ သားသားေမြးေန႔တုံးက မနက္ဘုရားရွိခိုးပီး တစ္ေယာက္ထဲႀကိတ္ငိုေနရရွာတဲ့ ခ်စ္ေသာအမပါ။

အခုျပန္ေတြးတိုင္းလဲ ရင္ထဲတကယ့္ကိုဆို႔နစ္ေနတာပါပဲ။ ဟိုးအရင္ကတည္းက ကေလးေတြကို သိပ္ခ်စ္၊သိပ္ဂ႐ုစိုက္တာလို႔ ၾကားဖူးထားတဲ့ အမကခုလို သူသိပ္ခ်စ္တဲ့အေမ၊ သူသိပ္ခ်စ္တဲ့ ကေလးေတြနဲ႔ အၾကာႀကီးခြဲေနေနရတာ မျမင္ရမေတြ႕ရမၾကားရ ေနေနရတာ သူ႔အတြက္ဘယ္ေလာက္ေတာင္ ခက္ခဲေနမလဲဆိုတာ ခံစားလို႔လဲရတယ္၊ ကိုယ္တိုင္လည္းျမင္ခဲ့ရလို႔ ပိုခံစားရတယ္။ သူခုခ်ိန္ထိ ‌ေကာင္းေကာင္းသည္းခံေနႏိုင္မယ္ဆိုတာ သိေပမဲ့ သူဘယ္ေလာက္ျပန္ေတြ႕ခ်င္ေနလိမ့္မလဲဆိုတာလဲ အရမ္းသိတယ္။

ဘဝတေကြ႕မွာ အမနဲ႔အတူတူဆုံခဲ့ရဖူးတာ ေကာင္းေသာသင္ခန္းစာေတြ အမ်ားႀကီးရခဲ့ပါတယ္။ လူေတြအမ်ားႀကီးၾကားထဲမွာ ဘယ္သူ႔ရဲ႕ဘဝကိုျဖစ္ျဖစ္ စာနာတတ္ၿပီး မ်က္ရည္ေတြက်ေအာင္ ခံစားတတ္တဲ့စိတ္ထားႏူးညံ့လြန္းသူပါ။ လူ႔ဘဝမွာ တကယ့္ကို ေနတတ္ျခင္းနဲ႔ျပည့္စုံလြန္းတဲ့မင္းသမီး ကိုယ္တိုင္ခံစားဖူးတဲ့သူတစ္ေယာက္မို႔လို႔ အမကိုအျမန္ဆုံး ျပန္လာေစခ်င္တယ္။ သူ႔ဘဝမွာ အေရးႀကီးဆုံးက ဒီမိသားစုေလးပဲဆိုတဲ့အမက္ို အရင္လိုမိသားစုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလး ျပန္ေနတာကိုျမင္ခ်င္တယ္။

အမကိုအျမန္ဆုံးလႊတ္ေပးဖို႔ တကယ့္ကိုေတာင္းဆိုခ်င္ပါတယ္။ ခ်စ္ရတဲ့အမ အျမန္ဆုံးျပန္လြတ္ပါေစ🙏🏻🙏🏻🙏🏻”ဆိုၿပီး ေရးသားထားတာပဲျဖစ္ပါတယ္ေနာ္။

Credit