အင်တာနက်ရဖို့ ၃ မိုင်လောက်လာပြီး သုံးရတဲ့အကြောင်းပြောပြလာတဲ့ မီးအိမ်ရှင်မလေး

အင်တာနက်ရဖို့ ၃ မိုင်လောက်လာပြီး သုံးရတဲ့အကြောင်းပြောပြလာတဲ့ မီးအိမ်ရှင်မလေး။ မဂ်လာပါပရိတ်သတ်ကြီးရေလိုအပ်နေတဲ့အရာလေးတစ်ခုရဖို့ ၃ မိုင်တောင်တက်ခရီး အပြင်းနှင်ကာ ကြိုးစားယူခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ တာင်တန်းမြေက မီးအိမ်ရှင်မလေး ဒီနတ်သမီးလေးကို ဖန်တီးပေးခဲ့တဲ့ အတွက် ဘုရားသခင်အားအလွန် ကျေးဇူးတင်ပါတယ်။

ဒေါက်တာအေငြိမ်းဆိုတာဘယ်သူလဲ တောင်တန်းမြေက မီးအိမ်ရှင်မလေး ဂရုဏာရှင်မလေးဆိုတာ သူလိုလူမျိုးဆိုတဲ့ ဒေါက်တာမလေးဆိုတာကို ဘယ်သူမှန်းတော်တော်များများ သိကြမယ်ထင်ပါတယ်။

မသိသေးတဲ့ သူတွေအတွက်လည်း သူမကသိပ်ကိုကိုယ်ကျိုး စွန့်တတ်တဲ့ ပြည်သူ့ဆရာဝန်မလေးတစ်ယောက်ဆိုတာကို သိစေချင်တယ်။ အခုတော့ပြည်သူတွေကြားမှာ မေတ္တာအလင်းရောင် တွေပေးနေတဲ့မီးအိမ်ရှင်မလေး။ သူပေါ့ ကျွန်တော်အားကျရတဲ့ အမျိုးသမီး။ သူပေါ့ မိဘကကြိုးစားပြီး ဆေးကျောင်းထား တာကို အေးဆေးမနေဘဲ စစ်ဖြစ်နေတဲ့နေရာမှာ သွားကူညီနေတယ်တဲ့လေ။

သူပေါ့ မိန်းကလေးတန်မဲ့ သာမန်ယောကျာ်းလေးတွေမလုပ်နိုင်တဲ့ စွန့်စားမှုမျိုးလုပ်နိုင်တဲ့အာဂအမျိုးသမီးလေးပေါ့။ သူပေါ့ ကိုယ်ကျိုးကိုမငဲ့ပဲ တစ်ခါမှမတွေ့ဘူးမစုံဘူးတဲ့ လူတွေအတွက် စာနာစိတ်လေးတစ်ခုနဲ စိတ်ရောလူပါ ကူညီနေလိုက်တာ။ သူပေါ့ ဂျုတီကုတ်လေးနဲ အဲကွန်းခန်းထဲမှာဆေးလေးကုပြီး နေရင်ရတာကို တောထဲမှာမှာ သွားနေနေလေရဲ့။

သူပေါ့ ရွယ်တူတွေကိုယ့်ဘဝတက်လမ်အတွက် ဘွဲ့လွန် စာမေးပွဲတွေဖြေ အပြိုင်ကြိုးစားနေတဲ့အချိန်မှာ သူကတော့ တောထဲတောင်ထဲမှာ အသပြာတစ်ပြားမှမရတဲ့ အလုပ်ကိုလုပ်နေလေသတဲ့။

သူပေါ့ မိန်းကလေးတန်မဲ့ အလှပြင်ဖို့အတွက် ပိုက်ဆံရှိဖို့နေနေသာသာ မရွေးမုန့်ကိုမျှစားရမဲ့အခြေအနေမှာ သွားနေလေရဲ့ သူပေါ့။ အသပြာမရပေမယ့် ပြည်သူတွေရဲ့ ရင်ထဲကချစ်ခြင်းတွေအပြည့်အဝရထားတဲ့ ဆရာဝန်မလေးလေ။

သူကြောင့်ပဲ ရခဲလှတဲ့လူဘဝမှာ ကိုယ့်အတွက်ချည်းမစဉ်းစားပဲ သူများအတွက်စဉ်းစားပေးရ မယ်ဆိုတာသိလာတယ်။ သူကြောင့်ပဲ ကိုယ့်ဆုံးဖြတ်ချက်တစ်ခု ခိုင်မာလာခဲ့တယ်။ အခုလည်း ဆရာမလေးက အင်တာနက်ရဖို့ အခုလိုသွားလာရကြောင်း ပြောပြလာပါတယ်။ အင်တာနက်ရဖို့ ၃ မိုင်လောက်လာပြီး အဲ့လိုလေးသုံးရတာ တရက်တခါပဲလာနိုင်တယ်။ အဲ့ဒါတောင်နေ့တိုင်းမရဘူးဆိုပြီး မိမိအခက်ခဲတွေ ဘယ်လောက်ရှိရှိ ပျော်ပျော်နေတတ်တဲ့ ဆရာမလေးဧငြိမ်း

အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက် ခြင်းစီတိုင်း ကျန်းမာပျော်ရွှင်သော နေ့ရက်များပိုင် ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Crd

Zawgyi









Crd