အခမဲ့ဆေးကုပေးပြီး ထမင်းပါကျွေးတဲ့ ဆရာဝန်ကြီးအတွက် ဆန်အိမ်တွေ လာလှူတဲ့ လယ်သမားကြီး

မြောင်းမြဆေးရုံကို လာလှူတဲ့အထဲမှာ ထူးခြားတဲ့အလှူလေးတွေ ရှိပါတယ်။ ဒီနေ့တော့ အဲဒီအထဲက တစ်ခုကို တင်ပြပါရစေ။ တစ်နေ့ ကျွန်တော့်ဆေးရုံ ရှေ့ကို ထော်လာဂျီ တစ်စင်း ဆိုက်လာပါတယ်။ထော်လာဂျီပေါ်မှာ ဆန်အိတ်တွေ အပြည့်။

စုစုပေါင်း (၂၅)အိတ်။ စပါးပေါ်ချိန်မှာ ဆေးရုံအတွက် ဆန်အိတ်တွေ လာလှူတာပါတဲ့။ ကျွန်တော့်ဆေးရုံက လူနာတိုင်းကို ကရုဏာရှင်လူငယ်များအဖွဲ့က အဖွဲ့အလှူငွေနဲ့ နေ့စဉ် ဆန်ပြုတ် ကြက်ဥ ကွေကာအာဟာရ တစ်နေ့ နှစ်ကြိမ်ထောက်ပံ့နေပါတယ်။ နေ့စဉ် လူနာ (၃၀၀)လောက်ကို ထောက်ပံ့နေတာပါ။ (ဆေးရုံက ကုတင်၂၀၀ ဆိုပေမယ့် လူနာက ၃၀၀ ကျော်နေတာများပါတယ်။) အချို့သော လူနာတွေ၊ လူနာစောင့်တွေမှာတော့ ထမင်းတောင် ဝယ်စားဖို့ ခက်တဲ့ လူနာတွေ ပါပါတယ်။

သူတို့တွေကိုတော့ ward ထဲက sister ကြီးတွေ စာရင်းကောက်ပြီး ဆေးရုံကနေ နေ့စဉ် ထမင်းနဲ့ဟင်း အလှူပေးလျက် ရှိပါတယ်။ ( ဒါကတော့ လူနာတိုင်းကို ပေးတာ မဟုတ်ပါ။ တကယ် အခက်အခဲ ရှိသူတွေကို ကျွေးမွေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။) အဲဒီလို ကျွေးမွေးနေတဲ့ သတင်းကို ကြားရလို့ ပေသလပ်ကုန်း၊ တောင်ကွဲရွာက ကိုဇော်နိုင်ဝင်း+ မအေးမြတ်မွန် မိသားစုက ဆန်အိတ် (၂၅)အိတ်ကို လာရောက်လှူဒါန်းသွားတာ ဖြစ်ပါတယ်။

အခုဆို နွမ်းပါးသူ လူနာ လူနာစောင့်တွေက ပိုမို အဆင်ပြေစွာ စားသုံးနေကြပါပြီ။ ဆန်အိတ် အလှူရှင် မိသားစုလည်း ကျန်းမာချမ်းသာ လိုရာပြည့်ပြီး မတောင့်မတ မကြောင့်ကြတဲ့ ဘဝလှလှလေးကို ထာဝရပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Dr.Than Min Htut(ပင်းတယ မီးအိမ်ရှင်)

Zawgyi

ေျမာင္းျမေဆး႐ုံကို လာလႉတဲ့အထဲမွာ ထူးျခားတဲ့အလႉေလးေတြ ရွိပါတယ္။ ဒီေန႔ေတာ့ အဲဒီအထဲက တစ္ခုကို တင္ျပပါရေစ။ တစ္ေန႔ ကြၽန္ေတာ့္ေဆး႐ုံ ေရွ႕ကို ေထာ္လာဂ်ီ တစ္စင္း ဆိုက္လာပါတယ္။ေထာ္လာဂ်ီေပၚမွာ ဆန္အိတ္ေတြ အျပည့္။

စုစုေပါင္း (၂၅)အိတ္။ စပါးေပၚခ်ိန္မွာ ေဆး႐ုံအတြက္ ဆန္အိတ္ေတြ လာလႉတာပါတဲ့။ ကြၽန္ေတာ့္ေဆး႐ုံက လူနာတိုင္းကို က႐ုဏာရွင္လူငယ္မ်ားအဖြဲ႕က အဖြဲ႕အလႉေငြနဲ႔ ေန႔စဥ္ ဆန္ျပဳတ္ ၾကက္ဥ ေကြကာအာဟာရ တစ္ေန႔ ႏွစ္ႀကိမ္ေထာက္ပံ့ေနပါတယ္။ ေန႔စဥ္ လူနာ (၃၀၀)ေလာက္ကို ေထာက္ပံ့ေနတာပါ။ (ေဆး႐ုံက ကုတင္၂၀၀ ဆိုေပမယ့္ လူနာက ၃၀၀ ေက်ာ္ေနတာမ်ားပါတယ္။) အခ်ိဳ႕ေသာ လူနာေတြ၊ လူနာေစာင့္ေတြမွာေတာ့ ထမင္းေတာင္ ဝယ္စားဖို႔ ခက္တဲ့ လူနာေတြ ပါပါတယ္။

သူတို႔ေတြကိုေတာ့ ward ထဲက sister ႀကီးေတြ စာရင္းေကာက္ၿပီး ေဆး႐ုံကေန ေန႔စဥ္ ထမင္းနဲ႔ဟင္း အလႉေပးလ်က္ ရွိပါတယ္။ ( ဒါကေတာ့ လူနာတိုင္းကို ေပးတာ မဟုတ္ပါ။ တကယ္ အခက္အခဲ ရွိသူေတြကို ေကြၽးေမြးတဲ့ အစီအစဥ္ပဲ ျဖစ္ပါတယ္။) အဲဒီလို ေကြၽးေမြးေနတဲ့ သတင္းကို ၾကားရလို႔ ေပသလပ္ကုန္း၊ ေတာင္ကြဲ႐ြာက ကိုေဇာ္ႏိုင္ဝင္း+ မေအးျမတ္မြန္ မိသားစုက ဆန္အိတ္ (၂၅)အိတ္ကို လာေရာက္လႉဒါန္းသြားတာ ျဖစ္ပါတယ္။

အခုဆို ႏြမ္းပါးသူ လူနာ လူနာေစာင့္ေတြက ပိုမို အဆင္ေျပစြာ စားသုံးေနၾကပါၿပီ။ ဆန္အိတ္ အလႉရွင္ မိသားစုလည္း က်န္းမာခ်မ္းသာ လိုရာျပည့္ၿပီး မေတာင့္မတ မေၾကာင့္ၾကတဲ့ ဘဝလွလွေလးကို ထာဝရပိုင္ဆိုင္ႏိုင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။
Dr.Than Min Htut(ပင္းတယ မီးအိမ္ရွင္)