အကြမ်းဖက်စစ်အုပ်စုကို ရရာလက်နက်ကိုင်စွဲတိုက်ပွဲဝင်တာဟာ အကြမ်းဖက်မှုမဟုတ်

စစ်အုပ်စုကိုရရာက်ကိုင်စွဲတိုက်ပွဲဝင်တာဟာ အကြမ်းဖက်မှုမဟုတ်ကြောင်းနှင့် တရားသောစစ်သာဖြစ်ပြီး လက်နက်မဲ့ပြည်သူကို လက်နက်အားကိုးနဲ့ လက်လွတ်စပယ် အကြမ်းဖက်ခြင်းကသာ အကြမ်းဖက်မှုဖြစ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

“အခုတ​လောစစ်​ကောင်စီက NUGဝန်ကြီး​တွေကို အကြမ်းဖက်သမားလို့ ကျယ်ကျယ်​လော​င်လောင် တံဆိပ်ကပ်လာတာတွေ့ရတယ်။ ဘယ်သူအကြမ်းဖက်သမားလဲ ဆိုတာသိဖို့ အကြမ်းဖက်မှုဆိုတာဘာလဲ အရင်စဥ်းစားကြည့်ဖို့လိုပါတယ်။ လက်နက်မဲ့ပြည်သူကို လက်နက်အားကိုးနဲ့ လက်လွတ်စပယ်အကြမ်းဖက်သတ်ဖြတ်ခြင်းကသာလျှင် အကြမ်းဖက်မှုဖြစ်ပါတယ်” လို့

၎င်းကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြည်သူကိုအသိပေးပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီးဦးရည်မွန်က “တရားဝင်ပြည်သူ့အစိုးရဆီက အဓမ္မအာဏာလုယက်ပြီး တိုင်းရင်းသားပြည်သူ​တွေအ​ပေါ် စစ်ရာဇဝတ်မှု​ပေါင်းစုံကျူးလွန်​နေတဲ့ စစ်​ကောင်စီကို ရရာလက်နက်ကိုင်စွဲပြီး တိုက်ပွဲဝင်တာဟာအကြမ်းဖက်မှုမဟုတ်၊ တရား​သောစစ်ဖြစ်ပါတယ်။ ဘယ်သူအကြမ်းဖက်သမားလဲဆိုတာ ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်၊ သမိုင်းကဆုံးဖြတ်ပါလိမ့်မယ်” လို့အသိပေးရေးသားထားပါတယ်။

Zawgyi

စစ္အုပ္စုကိုရရာက္ကိုင္စြဲတိုက္ပြဲဝင္တာဟာ အၾကမ္းဖက္မႈမဟုတ္ေၾကာင္းႏွင့္ တရားေသာစစ္သာျဖစ္ၿပီး လက္နက္မဲ့ျပည္သူကို လက္နက္အားကိုးနဲ႔ လက္လြတ္စပယ္ အၾကမ္းဖက္ျခင္းကသာ အၾကမ္းဖက္မႈျဖစ္ဟု အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ကာကြယ္ေရးဝန္ႀကီးဦးရည္မြန္က ေျပာၾကားလိုက္ပါတယ္။

“အခုတ​ေလာစစ္​ေကာင္စီက NUGဝန္ႀကီး​ေတြကို အၾကမ္းဖက္သမားလို႔ က်ယ္က်ယ္​ေလာ​င္ေလာင္ တံဆိပ္ကပ္လာတာေတြ႕ရတယ္။ ဘယ္သူအၾကမ္းဖက္သမားလဲ ဆိုတာသိဖို႔ အၾကမ္းဖက္မႈဆိုတာဘာလဲ အရင္စဥ္းစားၾကည့္ဖို႔လိုပါတယ္။ လက္နက္မဲ့ျပည္သူကို လက္နက္အားကိုးနဲ႔ လက္လြတ္စပယ္အၾကမ္းဖက္သတ္ျဖတ္ျခင္းကသာလွ်င္ အၾကမ္းဖက္မႈျဖစ္ပါတယ္” လို႔

၎ကသူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ျပည္သူကိုအသိေပးေျပာၾကားလိုက္ပါတယ္။

ဆက္လက္ၿပီးဦးရည္မြန္က “တရားဝင္ျပည္သူ႔အစိုးရဆီက အဓမၼအာဏာလုယက္ၿပီး တိုင္းရင္းသားျပည္သူ​ေတြအ​ေပၚ စစ္ရာဇဝတ္မႈ​ေပါင္းစုံက်ဴးလြန္​ေနတဲ့ စစ္​ေကာင္စီကို ရရာလက္နက္ကိုင္စြဲၿပီး တိုက္ပြဲဝင္တာဟာအၾကမ္းဖက္မႈမဟုတ္၊ တရား​ေသာစစ္ျဖစ္ပါတယ္။ ဘယ္သူအၾကမ္းဖက္သမားလဲဆိုတာ ျပည္သူက ဆုံးျဖတ္ပါလိမ့္မယ္၊ သမိုင္းကဆုံးျဖတ္ပါလိမ့္မယ္” လို႔အသိေပးေရးသားထားပါတယ္။