အကူအညီတောင်းခံလာတဲ့ ရဲဘော်တွေရဲ့စာကိုဖတ်ပြီး မငြင်းရက်တော့လို့ မိခင်ဖြစ်သူရဲ့ရင်ထိုးလေးကို ဈေးတင်ရောင်းချသွားမယ့် ပန်ဆယ်လို

တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ အားသွန်ခွန်စိုက် ကူညီနေတဲ့ ပန်ဆယ်လိုကတော့ ပြည်ပရောက်နေပေမယ့် မြန်မာပြည်အရေးကို အလေးထားဆောင်ရွက်နေဆဲဖြစ်ပါတယ် ။

ပန်ဆယ်လိုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ CDM သမားတွေအတွက် သူမကိုယ်တိုင်လှူဒါန်းသလို အလှူငွေတွေ ကောက်ခံပြီး ကူညီပေးနေတာလည်းဖြစ်ပါတယ် ။ အခုလည်း ပန်ဆယ်လိုက သူမဆီကိုအကူအညီတောင်းခံလာတဲ့ ရဲဘော်လေးတွေရဲ့အကြောင်း ပြောပြထားတာတွေ့ရပါတယ် ”ကျည်ဆန်တွေ၊ ဆန်၊ ဆီ၊ စားနပ်ရိက္ခာတွေက အရေးကြီးပေမယ့် ကော်ဖီမစ်လေးရရင်သောက်ချင်လို့ ထည့်ပေးပါ။ မရလည်းကိစ္စမရှိပါဘူးမကြီး” ဆိုတဲ့ ရဲဘော်လေးတွေရဲ့စကားတွေကို ပန်ဆယ်လိုက မျက်ကွယ်မပြုနိုင်ဘဲဖြစ်နေတာဖြစ်ပါတယ်။

ဒီအကြောင်းကိုကြားတဲ့ ပန်ဆယ်လိုရဲ့မိခင်ကလည်း သူမကိုမွေးနေ့လက်ဆောင်ပေးထားတဲ့ အမေစုပုံရင်ထိုး/ဆွဲသီးလေးကို ရောင်းလိုက်ပါဆိုပြီး ပြောလာခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့် ပန်ဆယ်လို မိခင်ဖြစ်သူရဲ့မွေးနေ့မှာ သူမလက်ဆောင်ပေးခဲ့တဲ့ အမေစုပုံရင်ထိုးလေးကိုရောင်းချပြီး လိုအပ်နေတဲ့သူတွေကို ကူညီဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီပစ္စည်းလေးရဲ့တန်ကြေးက (၅)သိန်း (၈)သောင်းရှိပေမယ့် ကူညီဖို့လိုအပ်နေတာက ဒီထက်မကတာကြောင့် အလှူအတွက် ဈေးတင်ရောင်းချသွားမှာဖြစ်ကြောင်း ပန်ဆယ်လိုကပြောထားတာတွေ့ရပါတယ်။ “ရောင်းရငွေအရင်းရော ပိုရတာရော အကုန်လှူပေးမှာပါ။ အများဆုံးပေးတဲ့လူရောင်းပါမယ်။ ဈေးပြိုင်မပေးဘဲ တတ်နိုင်သလောက် ကူညီချင်ရင်လည်းရပါတယ်” ဆိုပြီး ပန်ဆယ်လိုက သူမရဲ့ Page ကိုဆက်သွယ်နိုင်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင်ပန်ဆယ်လိုက သူမဆီကိုအကူအညီလာတောင်းတဲ့ ရဲဘော်လေးတွေနဲ့ အပြန်အလှန်စကားပြောထားတဲ့ Screenshots တွေကို ဖော်ပြပေးထားတာလည်းဖြစ်ပါတယ် ။

Zawgyi

ေတာ္လွန္ေရးမွာ တစ္ေထာင့္တစ္ေနရာကေန အားသြန္ခြန္စိုက္ ကူညီေနတဲ့ ပန္ဆယ္လိုကေတာ့ ျပည္ပေရာက္ေနေပမယ့္ ျမန္မာျပည္အေရးကို အေလးထားေဆာင္႐ြက္ေနဆဲျဖစ္ပါတယ္ ။

ပန္ဆယ္လိုက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ CDM သမားေတြအတြက္ သူမကိုယ္တိုင္လႉဒါန္းသလို အလႉေငြေတြ ေကာက္ခံၿပီး ကူညီေပးေနတာလည္းျဖစ္ပါတယ္ ။ အခုလည္း ပန္ဆယ္လိုက သူမဆီကိုအကူအညီေတာင္းခံလာတဲ့ ရဲေဘာ္ေလးေတြရဲ႕အေၾကာင္း ေျပာျပထားတာေတြ႕ရပါတယ္ ”က်ည္ဆန္ေတြ၊ ဆန္၊ ဆီ၊ စားနပ္ရိကၡာေတြက အေရးႀကီးေပမယ့္ ေကာ္ဖီမစ္ေလးရရင္ေသာက္ခ်င္လို႔ ထည့္ေပးပါ။ မရလည္းကိစၥမရွိပါဘူးမႀကီး” ဆိုတဲ့ ရဲေဘာ္ေလးေတြရဲ႕စကားေတြကို ပန္ဆယ္လိုက မ်က္ကြယ္မျပဳႏိုင္ဘဲျဖစ္ေနတာျဖစ္ပါတယ္။

ဒီအေၾကာင္းကိုၾကားတဲ့ ပန္ဆယ္လိုရဲ႕မိခင္ကလည္း သူမကိုေမြးေန႔လက္ေဆာင္ေပးထားတဲ့ အေမစုပုံရင္ထိုး/ဆြဲသီးေလးကို ေရာင္းလိုက္ပါဆိုၿပီး ေျပာလာခဲ့တာျဖစ္ပါတယ္ ။ ဒါေၾကာင့္ ပန္ဆယ္လို မိခင္ျဖစ္သူရဲ႕ေမြးေန႔မွာ သူမလက္ေဆာင္ေပးခဲ့တဲ့ အေမစုပုံရင္ထိုးေလးကိုေရာင္းခ်ၿပီး လိုအပ္ေနတဲ့သူေတြကို ကူညီဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

ဒီပစၥည္းေလးရဲ႕တန္ေၾကးက (၅)သိန္း (၈)ေသာင္းရွိေပမယ့္ ကူညီဖို႔လိုအပ္ေနတာက ဒီထက္မကတာေၾကာင့္ အလႉအတြက္ ေဈးတင္ေရာင္းခ်သြားမွာျဖစ္ေၾကာင္း ပန္ဆယ္လိုကေျပာထားတာေတြ႕ရပါတယ္။ “ေရာင္းရေငြအရင္းေရာ ပိုရတာေရာ အကုန္လႉေပးမွာပါ။ အမ်ားဆုံးေပးတဲ့လူေရာင္းပါမယ္။ ေဈးၿပိဳင္မေပးဘဲ တတ္ႏိုင္သေလာက္ ကူညီခ်င္ရင္လည္းရပါတယ္” ဆိုၿပီး ပန္ဆယ္လိုက သူမရဲ႕ Page ကိုဆက္သြယ္ႏိုင္ေၾကာင္း ေရးသားထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ပန္ဆယ္လိုက သူမဆီကိုအကူအညီလာေတာင္းတဲ့ ရဲေဘာ္ေလးေတြနဲ႔ အျပန္အလွန္စကားေျပာထားတဲ့ Screenshots ေတြကို ေဖာ္ျပေပးထားတာလည္းျဖစ္ပါတယ္ ။