သံပုံးတီးလို့၊ ဟွန်းတီးလို့ အဖမ်းခံရရင် အိတ်စိုက်ကာ အခမဲ့ရှေ့နေလိုက်ပေးမယ့် မန်းလေးမြို့က ရှေ့နေလေး ငြိမ်းချမ်းအောင်

ဒီနေ့ သံပုံးတီးလို့ ဟွန်းတီးလို့ လိုက်ဖမ်းတယ်လို့ သတင်းတွေ ကြားတယ်ဗျာ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိမရှိ / မှန် မမှန် ပြောကြပါ အုံး။ တကယ်လို့ အမှန်ဆိုရင် မန္တလေးမှာ အဖမ်းခံရတဲ့သူတွေ (ဒါမှမဟုတ် အဲ့ဒီ သူတွေရဲ့မိသားစု၊ ‌အစကတော့ စစ်အုပ်ချုပ်ရေးအောက် ရောက်သွားတဲ့ တရား စီရင် ရေးကို အယုံ အကြည် မရှိလို့ တရားရုံးတွေမှာ အမှုမလိုက် တော့ဘူးလို့ ဆုံးဖြတ်ထားတာ ခုတော့ စိတ်ပြောင်းသွားပါပြီ။

အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်ပြန်ကြေညာတဲ့ အမိန့်ကြေညာစာ တွေကို မလိုက်နာ ဖောက်ဖျက်မိလို့.. တရားစွဲဆိုခံရရင် ဖြစ်ဖြစ်၊ အဖမ်းခံရရင်ဖြစ်ဖြစ် ဥပဒေနဲ့ပတ်သက်လို့ အကူအညီလိုရင် တတ်နိုင်သလောက်ကူညီပါ့မယ် ဆိုပြီး လူမှု့ကွန်ရက်မှာ အားလုံးသိအောင်ပြောထားတာပဲ ဖြစ်ပါတယ်။

အခုလိုအချိန်အခါမျိုးမှာ တကယ်ကို ဝမ်းသာစရာပါပဲဗျို့။ အခုလိုဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd

Zawgyi




crd