သံဃာအပါး (၂၆၃၀) ခန့် ကိုဗစ်ကူးစက်ခံ ရပြီး သံဃာနှင့်သီလရှင် အပါး (၄၀) ပျံလွန်တော်မူ

ရန်ကုန်တိုင်းထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ သံဃာတော်အပါး ၂၆၃၀ နီးပါးရှိပြီး ဒီရောဂါနဲ့ ပျံလွန်တော်မူသွားတဲ့ သံဃာတော်နဲ့သီလရှင်စုစုပေါင်း အပါး ၄၀ ရှိတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။

လက်ရှိအနေအထားအရ ကိုဗစ်-၁၉ ရောဂါ မြန်မာ ပြည်တွင်းကူးစက်မှုနှုန်းက တနေ့တခြား မြင့်တက်လာပြီး သံဃာတော်တွေပါ ကူးစက်မှုတွေရှိလာပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာအတွက် သံဃာတော်တွေပညာသင်ကြားနေတဲ့ စာသင်တိုက်တွေ မှာ ရဟန်းသံဃာတော် ကိုရင်တွေဟာ တစ်နေရာထဲမှာ ရာနဲ့ချီသတင်းသုံးနေကြတာလည်း ဖြစ်ပါတယ်။

သံဃာတော်တွေ၊ သီလရှင်တွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ဆေးစစ်ဖို့လိုအပ်တဲ့ အကူအညီတွေကို သာသနာရေးတိုင်းမှူးတွေက လိုက်လံဆောင်ရွက်ပေးနေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုပါတယ်။ အခုဆိုရင် ဘုန်းကြီးကျောင်းတွေမှာ သံဃာတော်တွေဟာ ကိုဗစ်-၁၉ ကြောင့် ဆွမ်းခံမထွက်ရသလို လှူဒါန်းတဲ့ အလှူရှင်တွေနည်းပါးသွားတာကြောင့် ဆွမ်းကွမ်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်ရှိ ဒေဝနိမ္မိတာရုမ်ကျောင်းတိုက်ဆရာတော် အရှင်တိလောက က “အရင် ကိုဗစ်ပထမလှိုင်းကာလ ဆွမ်းခံအလှူမထွက်ရပေမယ့် အလှူရှင်တွေလာရောက်လှူဒါန်းတဲ့အတွက် စိတ်ပူစရာ မရှိပါဘူး။ အခုချိန်ဟာ ရောဂါပိုးကူးစက်မှုနှုန်းက မြင့်တက်နေတော့ အလှူရှင်လာရောက် လှူဒါန်းတာတွေ မရှိကြတော့ပါဘူး။ တချို့ စာသင်သားများတဲ့ကျောင်းတွေ၊ ချို့တဲ့နေတဲ့ ကျောင်းတွေဆိုရင် တော်တော်လေး အခက်အခဲတွေ ရှိနေတယ်” လို့ မိန့်ကြားပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြင်းထန်လာတာကြောင့် သံဃာတော်တွေကို အပြင်ကိုမထွက်အောင် စောင့်ကြပ်မှုတွေ ပြုလုပ်ထားတယ်လို့ အာရှ အလင်းရောင်ဆရာတော် ဘန္ဒန္တစိန္တိတ ကမိန့်ပါတယ်။ “ကိုဗစ်ကြောင့် တချို့ လုပ်လက်စလုပ်ငန်းတွေပါ ရပ်နား လိုက်ရတဲ့အခြေအနေတွေမှာ ရှိနေပါတယ်။ အလှူရှင်တွေမလာတော့ ၀င်ငွေရပ်သွားတဲ့အခါ ကျောင်းတွေမှာ ရှိတဲ့ ဝေယာဝစ္စကိစ္စတွေလုပ်ဖို့ တော်တော်လေးခက်ခဲသွားတယ်” လို့ မိန့် ပါတယ်။

လက်ရှိ စာသင်တိုက်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ရဟန်းသံဃာတော်တွေ ရာနဲ့ချီရှိနေပြီး သံဃာတချို့ မိမိဇာတိရပ်ကို ပြန်မယ်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီးတွေမှာ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း စစ်ဆေးပြီး ပြန်စေဖို့ ဆရာတော်ကြီးတွေက ခွင့်ပြုထားပါတယ်။
#crd #DVB

Zawgyi
ရန္ကုန္တိုင္းထဲမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံထားရတဲ့ သံဃာေတာ္အပါး ၂၆၃၀ နီးပါးရွိၿပီး ဒီေရာဂါနဲ႔ ပ်ံလြန္ေတာ္မူသြားတဲ့ သံဃာေတာ္နဲ႔သီလရွင္စုစုေပါင္း အပါး ၄၀ ရွိတယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနကေန သိရပါတယ္။

လက္ရွိအေနအထားအရ ကိုဗစ္-၁၉ ေရာဂါ ျမန္မာ ျပည္တြင္းကူးစက္မႈႏႈန္းက တေန႔တျခား ျမင့္တက္လာၿပီး သံဃာေတာ္ေတြပါ ကူးစက္မႈေတြရွိလာပါတယ္။ ျမန္မာႏိုင္ငံမွာ ဗုဒၶသာသနာအတြက္ သံဃာေတာ္ေတြပညာသင္ၾကားေနတဲ့ စာသင္တိုက္ေတြ မွာ ရဟန္းသံဃာေတာ္ ကိုရင္ေတြဟာ တစ္ေနရာထဲမွာ ရာနဲ႔ခ်ီသတင္းသုံးေနၾကတာလည္း ျဖစ္ပါတယ္။

သံဃာေတာ္ေတြ၊ သီလရွင္ေတြ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရပါက ေဆးစစ္ဖို႔လိုအပ္တဲ့ အကူအညီေတြကို သာသနာေရးတိုင္းမႉးေတြက လိုက္လံေဆာင္႐ြက္ေပးေနတယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန သာသနာေရး ၫႊန္ၾကားေရးမႉး ဦးေအာင္ဆန္းဝင္းက ဆိုပါတယ္။ အခုဆိုရင္ ဘုန္းႀကီးေက်ာင္းေတြမွာ သံဃာေတာ္ေတြဟာ ကိုဗစ္-၁၉ ေၾကာင့္ ဆြမ္းခံမထြက္ရသလို လႉဒါန္းတဲ့ အလႉရွင္ေတြနည္းပါးသြားတာေၾကာင့္ ဆြမ္းကြမ္း အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

ရမ္းကုန္းၿမိဳ႕နယ္ ၂ ရပ္ကြက္ရွိ ေဒဝနိမၼိတာ႐ုမ္ေက်ာင္းတိုက္ဆရာေတာ္ အရွင္တိေလာက က “အရင္ ကိုဗစ္ပထမလႈိင္းကာလ ဆြမ္းခံအလႉမထြက္ရေပမယ့္ အလႉရွင္ေတြလာေရာက္လႉဒါန္းတဲ့အတြက္ စိတ္ပူစရာ မရွိပါဘူး။ အခုခ်ိန္ဟာ ေရာဂါပိုးကူးစက္မႈႏႈန္းက ျမင့္တက္ေနေတာ့ အလႉရွင္လာေရာက္ လႉဒါန္းတာေတြ မရွိၾကေတာ့ပါဘူး။ တခ်ိဳ႕ စာသင္သားမ်ားတဲ့ေက်ာင္းေတြ၊ ခ်ိဳ႕တဲ့ေနတဲ့ ေက်ာင္းေတြဆိုရင္ ေတာ္ေတာ္ေလး အခက္အခဲေတြ ရွိေနတယ္” လို႔ မိန္႔ၾကားပါတယ္။

ကိုဗစ္-၁၉ ကူးစက္မႈႏႈန္း ျပင္းထန္လာတာေၾကာင့္ သံဃာေတာ္ေတြကို အျပင္ကိုမထြက္ေအာင္ ေစာင့္ၾကပ္မႈေတြ ျပဳလုပ္ထားတယ္လို႔ အာရွ အလင္းေရာင္ဆရာေတာ္ ဘႏၵႏၲစိႏၲိတ ကမိန္႔ပါတယ္။ “ကိုဗစ္ေၾကာင့္ တခ်ိဳ႕ လုပ္လက္စလုပ္ငန္းေတြပါ ရပ္နား လိုက္ရတဲ့အေျခအေနေတြမွာ ရွိေနပါတယ္။ အလႉရွင္ေတြမလာေတာ့ ၀င္ေငြရပ္သြားတဲ့အခါ ေက်ာင္းေတြမွာ ရွိတဲ့ ေဝယာဝစၥကိစၥေတြလုပ္ဖို႔ ေတာ္ေတာ္ေလးခက္ခဲသြားတယ္” လို႔ မိန္႔ ပါတယ္။

လက္ရွိ စာသင္တိုက္ေတြနဲ႔ ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ ရဟန္းသံဃာေတာ္ေတြ ရာနဲ႔ခ်ီရွိေနၿပီး သံဃာတခ်ိဳ႕ မိမိဇာတိရပ္ကို ျပန္မယ္ဆိုရင္ သက္ဆိုင္ရာ တိုင္းေဒသႀကီးေတြမွာ ကိုဗစ္-၁၉ ေရာဂါ ကင္းစင္ေၾကာင္း စစ္ေဆးၿပီး ျပန္ေစဖို႔ ဆရာေတာ္ႀကီးေတြက ခြင့္ျပဳထားပါတယ္။
#crd #DVB