သေသူက အမေဖြစ်သူထံ ဝိဉာဉ်ပူးပြီး အကူညီတောင်းရာမှ ှုဖော်ထုတ်နိုင်ခဲ့တဲ့ အမှု

လူသတ်ပြီး အလောင်းဖျောက်ထားသည်ကို အသတ်ခံရသူက အမေဖြစ်သူထံ ဝိဉာဉ်ပူးပြီး အကူညီတောင်းရာမှ အမှုဖော်ထုတ်နိုင်ခဲ့မြိတ်မြို့၊ ငွေပုလဲရပ်၊ မွေးမြူရေးဇုံတွင် လူသတ်ပြီး အလောင်းဖျောက်ထားသည်ကို အ သတ်ခံရသူက အမေဖြစ်သူထံ ဝိဉာဉ်ပူးပြီး အကူညီ တောင်းရာမှ အမှုအား ဇန်နဝါရီ ၃ ရက်တွင် ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်၊ မြို့ပတ် ၂ လမ်း၊ မွေးမြူရေးဇုန်ရှိ ခြံအမှတ် ၉ တွင် ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဦးအောင်မိုးဆွေပျောက်ဆုံးနေသည်မှာ တစ်လခန့် ကြာမြင့်ပြီ ဖြစ်သော ကြောင့်အစ်ကိုဖြစ်သူက ရန်ကုန်မြို့တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှ မြိတ်မြို့သို့ လာရောက်ကာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တစ်ရက်အကြာတွင် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ဆီကို ဇန်နဝါရီလ ၂ ရက်နေ့မှာ လူပျောက်တိုင်ချက် လာဖွင့်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို သွားရောက်စုံစမ်းကြည့်တော့ ဘေးပတ်ဝန်းကျင်က လူတွေကလည်း အဲဒီခြံထဲမှာ တစ်ခုခု ဖြစ်နေ ကြောင်း မသင်္ကာ ဖြစ်နေတယ်လို့ သိရတယ်။

ကျွန်တော်တို့ ခြံထဲဝင် စစ်ဆေးကြည့်ပြီး အလောင်းမြှုပ်ထားနိုင်တယ်လို့ မသင်္ကာဖြစ်တဲ့ နေရာကို သက်သေတွေနှင့် တူးဖော်ရာကနေ အလောင်းကို တွေ့ရှိခဲ့တာပါ။ ဝိဉာဉ်ပူးပြီး ဖော်ထုတ်တယ် ဆိုတာကတော့ ကာယကံရှင်တွေပဲ သိမှာပါ။ ကျွန်တော်တို့က ဥပဒေပိုင်းအရ ဆောင်ရွက်တာပါ လို့ မြိတ်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့သည်။

ဦးအောင်မိုးဆွေက အမေဖြစ်သူထံ ဝိဉာဉ်ပူး အကူညီ တောင်းဆိုမှုကြောင့် အလောင်းကို ခြံထဲတွင် မြှုပ်နှံထားသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း အသတ်ခံရသည့် ဦးအောင်မိုးဆွေ၏ အကိုဖြစ်သူ ဦးထင်အောင်စိုးက ပြော ကြားခဲ့သည်။

ကျွန်တော့်အမေကို ဝိဉာဉ်ဝင်ပူးပြီး ညီလေးက ပြောတာပါ။ ဇန်နဝါရီလ ၂ ရက်နေ့က ကျွန်တော်က မြိတ်ကို ရောက်နေပါပြီ။ မှော်ဘီမှာရှိတဲ့ ကျွန်တော့်အမေကို ဝိဉာဉ်ဝင်ပူးပြီး ညီလေးက အသတ်ခံရကြောင်း သူ ဘယ်မှ မသွားပဲ ခြံထဲမှာရှိကြောင်း သူ့ကို ကူညီပေးပါလို့ ပြောတယ်။ အိပ်မက်လည်း ရပါတယ်။ အဲဒါကို အမေက ကျွန်တော့်ဒေါ်လေးကို ပြောပြတာ ဒေါ်လေးက ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ပြီး အဲဒီအကြောင်း ပြောပြတာပါ။

ကျွန်တော် မြိတ်ရောက်တော့ ကျွန်တော့်ညီ ဘယ်မှာလဲလို့မေးတော့ ခြံအလုပ်သမားတွေက ထားဝယ်ဘက် သွားနေတယ်လို့ ပြောတယ်။ ဖုန်းထဲမှာလည်း သူမသေခင်တုန်းက ခရီးထွက်စရာရှိကြောင်း တစ်လ လောက်ကြာမယ်လို့လည်း message တွေ ပို့ခဲ့တယ်။ ကျွန်တော်က မသင်္ကာလို့ ရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ထားခဲ့တယ် ဟု အသတ်ခံရသူ၏ အစ်ကိုဖြစ်သူ ဦးထင်အောင်စိုးမှ ပြောကြားခဲ့သည်။

“အလောင်း မတွေ့ခင်မှာ ကျွန်တော်ဆီ ဖုန်းဝင်လာပါတယ်။ ဦးထင်အောင်စိုးရဲ့ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကြားလိုက်ရတာကတော့ ကျွန်တော့်သူငယ်ချင်း အောင်မိုးဆွေ (အသတ်ခံရသူ)ရဲ့အသံ ဖြစ် နေတယ်။ သူ့ရဲ့ ဖုန်းပြောတဲ့ပုံစံအတိုင်း ဟဲလို အောင်မိုးဆွေပါလို့ ပြောပါတယ်။ ပြီးတော့ ငါတော့ ဒီမှာ ဒုက္ခရောက်နေပြီ။ ငါ့ကို မင်းနဲ့ ဇော်ကိုဦး (နောက်သူငယ်ချင်းတစ်ဦး) ပဲ ကယ်လို့ရတော့မယ်။ ငါ့ကို ခြံထဲမှာ မြုပ်ထားကြတယ်လို့ ငိုသံနှင့် ပြောပါတယ်။

ကျွန်တော်လည်း အရမ်းအံ့သြသွားတယ်။ နောက်တော့ သူ့အစ်ကို ဦးထင်အောင်စိုးကို မေးကြည့်တော့ သူဖုန်းခေါ်တာ မှန်ပါတယ်။ ဒါပေမယ့် ဖုန်းဝင်တဲ့ အသံပဲ ကြားနေရတယ် ဖုန်းတောင် မပြောရသေးဘူးလို့ ပြော ပါတယ်။ ဖုန်းဝင်တဲ့အသံကို တစ်ဖက်က ကြားနေရပေမယ့် ကျွန်တော့်ဆီမှာကတော့ အောင်မိုးဆွေရဲ့ အသံကို အတိုင်းသား ကြားနေရတာပါ။ ဒါ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ရတာပါ လို့ ကိုအောင်မိုးဆွေ၏ သူငယ် ချင်းဖြစ်သူ ဝတုတျ (ခ) ကျော်ဝင်းရှိန်မှ ပြောကြားခဲ့သည်။

ခြံထဲက လက်ရှိအလုပ်သမားတွေကို ခေါ်ယူစစ်ဆေး ပြီးပါပြီ။ ပြစ်မှုကျူးလွန်တဲ့ ဇင်ကိုထိုက် (၁၇) နှစ်ကို မိထားပြီးပါပြီ။ အဓိက တရားခံလို့ ယူဆရတဲ့ ရဲမင်းဆွေ ဆိုသူကို အခု လိုက်လံ ဖမ်းဆီးနေပါတယ်။ အလုပ်ထဲက ထုတ်ခံထားရတာကို အကြောင်းပြပြီး ဖြစ်တာလို့ ပြောတယ်။ မိထားတဲ့ သူကတော့ ဝနျခံထားပွီးပါပွီ။ ဗိုက်ကို ဓားနှင့်ထိုးတယ်။

ပြီးတော့ လည်ပင်းကိုလည်း ဓားနဲ့ ထိုးထားပါတယ်။ ပြီးတော့ မြန်မာဘီယာကြော်ငြာ ဗီနိုင်းစနဲ့ ပတ်ပြီး ခြံထဲမှာ မြှုပ်ထားခဲ့တယ်။ ပတ်ဝန်းကျင်ကိုလည်း အလုပ်ရှင် ခရီးထွက်နေတယ်လို့ပြောပြီး သူတို့က ဟန်မပျက် ပုံ မှန် လုပ်ငန်း လုပ်နေကြတယ်။ အခု တစ်ယောက် ထွက်ပြေးနေလို့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ လိုက်ဖမ်းနေပါတယ် ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ (ပ ) ၁၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂၊ ၂၀၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Credit SLTN