သေမင်းကို လာဘ်ထိုးသူ (ဖတ်ကြည့်ပါမိတ်ဆွေသေခြငိးတရားကို လာဘ်ထိုးလို့ရလားဆိုတာ)

တခါတုန်းကလူတစ်ယောက်ဟာ သူငယ်စဉ်ကတည်းက ပိုက်ဆံကို မစားရက်မသောက်ရက် စုဆောင်းတယ်။ အသက် ၄၀ ပြည့်တဲ့အခါ သူ့လက်ထဲမှာ ဒေါ်လာတစ်သန်းစုမိနေပြီ။ သူနှစ်ပေါင်းများစွာ ကြိတ်ပြီးကြိုက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းလိုက်တယ်။ အမျိုးသမီးကလည်း သဘောတူလို့ မနက်ဖြန်မှာလက်ထပ်ကြတော့မယ်။

တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ပိုက်ဆံနဲ့ သူ့ဘဝကိုပျော်ရွှင်စွာ နေသွားတော့မယ်ဆိုပြီး သူဟာအရမ်းပျော်ရွှင်နေတယ်။ အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေလို့ ညနက်မှအိပ်ပျော်သွားခဲ့တယ်။ သူဟာ အိပ်နေရင်းကနေ လန့်နိုးလာတယ်။

အနက်ရောင်ဝတ်စုံရှည်ကြီးရုံထားပြီး ခေါင်မြီးခြုံထားတဲ့ လူတစ်ယောက်ဟာ သူအိပ်နေတဲ့ကုတင်နားမှာ လာရပ်နေတာကို ပြတင်းပေါက်ကဝင်လာတဲ့ လရောင်အောက်မှာ သူတွေ့လိုက်ရတယ်။

အဲဒီလူဟာ ဓါးကောက်ကြီးတတ်ထားတဲ့ တုတ်ရှည်ကြီးကိုင်ထားတယ်။ ခေါင်းမြီးခြုံအောက်မှာ ပေါ်နေတဲ့သူ့မျက်နှာဟာလည်း အရိုးခေါင်းခွံနဲ့တူနေတယ်။ သူလည်းအရမ်းကြောက်သွားပြီး ရုတ်တရက် စကားမပြောနိုင်ဖြစ်နေတယ်။ နောက်မှသူက အရဲစွန့်ပြီး အဲဒီလူကို ” ခင်ဗျားဘယ်သူလဲ ” လို့မေးလိုက်တယ်။

ဟိုလူက ” ငါသေမင်းပဲကွ မင်းလူ့ပြည်မှာနေတာ အချိန်စေ့သွားလို့ အခုလာခေါ်တာ လိုက်ခဲ့တော့ ” ဆိုပြီး သူ့လက်ကို ဆွဲပါတော့တယ်။

သူလည်းမလိုက်ချင်လို့ အတင်းရုန်းကန်ပေမယ့် သေမင်းက အားသန်လွန်းလို့ သူ့ဆွဲခေါ်ရာကိုပါနေတယ်။ သူဟာရုန်းလို့ရမှာမဟုတ်ဘူးဆိုတာကိုသိလိုက်လို့ သေမင်းကို ခုလိုတောင်းပန်ပြောလိုက်တယ်။

” ကျွန်တော့်ကို လူ့လောကမှာ ၃ ရက်ဆက်နေဖို့ ခွင့်ပြုပါလားခင်ဗျား။ ကျွန်တော်မနက်ဖြန် လက်ထပ်တော့မှာမို့ ကျွန်တော့် မိန်းမ နဲ့ ၃ ရက်လောက် အတူနေပါရစေပါ ။ ကျွန်တော်စုထားတဲ့ ဒေါ်လာတစ်သန်းရဲ့ ၃ ပုံ ၁ ပုံကိုပေးပါမယ် ” သေမင်းက ခွင့်မပြုဘူးဆိုပြီး သူ့လက်ကိုဆက်ဆွဲတယ်။ ဒီတော့သူက ခုလို သေမင်းကို ပြောလိုက်ပြန်တယ်။

” ၃ ရက်နေခွင့်မရရင်လည်း ၂ ရက်လောက်တော့ ခွင့်ပြုပါလားဗျာ။ အဲဒီအတွက် ဒေါ်လာတစ်သန်းရဲ့ တစ်ဝက်ကိုပေးပါမယ်။ လူ့ဘဝရဲ့စည်းစိမ်ကို မသေခင်ခံစားသွားချင်လို့ပါ ” ဒါလည်းသေမင်းက ခွင့်မပြုဘူးဆိုပြီး ဆက်ပြီးသူ့လက်ကိုဆွဲနေတယ်။

ဒီတော့သူက ခုလိုသေမင်းကိုပြောလိုက်ပြန်တယ်။ နောက်ဆုံး သူဟာ သူ့ရဲ့ဒေါ်လာတစ်သန်းအားလုံးကို ပေးပါမယ်။ လူ့လောကမှာ တစ်ရက်လေးပဲနေခွင့်ပေးပါတဲ့။ သေမင်းက မရဘူးလို့ အပြတ်ပြောလိုက်တယ်။

ဒီတော့သူသိလိုက်ရပြီ။ သေမင်းကိုဘယ်လိုမှ ဈေးဆစ်လို့ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့်သူက သေမင်းကို စာလေးတစ်စောင်တော့ ရေးခဲ့ပါရစေလို့ ခွင့်တောင်းလိုက်တယ်။

ဒါကိုတော့သေမင်းက ခွင့်ပြုပေးလိုက်တယ်။ သူလည်းကုတင်ဘေး စားပွဲပေါ်က စာရွက်တစ်ရွက်ပေါ်မှာ စာကိုကမန်းကတန်း ချရေးလိုက်တယ်။ သူရေးလိုက်တာက

” မိတ်ဆွေတို့ လူ့လောကမှာနေရတဲ့ အခိုက်အတန့်လေးမှာ သင့်တို့ဘဝကို အကျိုးရှိအောင်လုပ်ပါ။ ကျွန်တော်တစ်ရက်လေး ဆက်နေချင်လို့ ဒေါ်လာတစ်သန်းပေးတာတောင် နေခွင့်မရပါဘူး။ ကျွန်တော့်ရဲ့အဖြစ်အပျက်ကိုကြည့်ပြီး အချိန်ဆိုတာ ဘယ်လောက် အဖိုးတန်တယ်ဆိုတာကို မိတ်ဆွေတို့သိလောက်ပါပြီ ” ။ မေတ္တာဖြင့် ပြန်လည်မျှဝေသူ။ စာဖတ်ပရိတ်သတ်တွေလဲ မိတ်ဆွေအများသိဖို့ ပြန်လည်မျှဝေကြပါအုံးနော်။

crd

Zawgyi

တခါတုန္းကလူတစ္ေယာက္ဟာ သူငယ္စဥ္ကတည္းက ပိုက္ဆံကို မစားရက္မေသာက္ရက္ စုေဆာင္းတယ္။ အသက္ ၄၀ ျပည့္တဲ့အခါ သူ႔လက္ထဲမွာ ေဒၚလာတစ္သန္းစုမိေနၿပီ။ သူႏွစ္ေပါင္းမ်ားစြာ ႀကိတ္ၿပီးႀကိဳက္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို လက္ထပ္ခြင့္ေတာင္းလိုက္တယ္။ အမ်ိဳးသမီးကလည္း သေဘာတူလို႔ မနက္ျဖန္မွာလက္ထပ္ၾကေတာ့မယ္။

တစ္သက္လုံး စုေဆာင္းလာခဲ့တဲ့ပိုက္ဆံနဲ႔ သူ႔ဘဝကိုေပ်ာ္႐ႊင္စြာ ေနသြားေတာ့မယ္ဆိုၿပီး သူဟာအရမ္းေပ်ာ္႐ႊင္ေနတယ္။ အရမ္းေပ်ာ္ၿပီး စိတ္လႈပ္ရွားေနလို႔ ညနက္မွအိပ္ေပ်ာ္သြားခဲ့တယ္။ သူဟာ အိပ္ေနရင္းကေန လန႔္ႏိုးလာတယ္။

အနက္ေရာင္ဝတ္စုံရွည္ႀကီး႐ုံထားၿပီး ေခါင္ၿမီးၿခဳံထားတဲ့ လူတစ္ေယာက္ဟာ သူအိပ္ေနတဲ့ကုတင္နားမွာ လာရပ္ေနတာကို ျပတင္းေပါက္ကဝင္လာတဲ့ လေရာင္ေအာက္မွာ သူေတြ႕လိုက္ရတယ္။

အဲဒီလူဟာ ဓါးေကာက္ႀကီးတတ္ထားတဲ့ တုတ္ရွည္ႀကီးကိုင္ထားတယ္။ ေခါင္းၿမီးၿခဳံေအာက္မွာ ေပၚေနတဲ့သူ႔မ်က္ႏွာဟာလည္း အ႐ိုးေခါင္းခြံနဲ႔တူေနတယ္။ သူလည္းအရမ္းေၾကာက္သြားၿပီး ႐ုတ္တရက္ စကားမေျပာႏိုင္ျဖစ္ေနတယ္။ ေနာက္မွသူက အရဲစြန႔္ၿပီး အဲဒီလူကို ” ခင္ဗ်ားဘယ္သူလဲ ” လို႔ေမးလိုက္တယ္။

ဟိုလူက ” ငါေသမင္းပဲကြ မင္းလူ႔ျပည္မွာေနတာ အခ်ိန္ေစ့သြားလို႔ အခုလာေခၚတာ လိုက္ခဲ့ေတာ့ ” ဆိုၿပီး သူ႔လက္ကို ဆြဲပါေတာ့တယ္။

သူလည္းမလိုက္ခ်င္လို႔ အတင္း႐ုန္းကန္ေပမယ့္ ေသမင္းက အားသန္လြန္းလို႔ သူ႔ဆြဲေခၚရာကိုပါေနတယ္။ သူဟာ႐ုန္းလို႔ရမွာမဟုတ္ဘူးဆိုတာကိုသိလိုက္လို႔ ေသမင္းကို ခုလိုေတာင္းပန္ေျပာလိုက္တယ္။

” ကြၽန္ေတာ့္ကို လူ႔ေလာကမွာ ၃ ရက္ဆက္ေနဖို႔ ခြင့္ျပဳပါလားခင္ဗ်ား။ ကြၽန္ေတာ္မနက္ျဖန္ လက္ထပ္ေတာ့မွာမို႔ ကြၽန္ေတာ့္ မိန္းမ နဲ႔ ၃ ရက္ေလာက္ အတူေနပါရေစပါ ။ ကြၽန္ေတာ္စုထားတဲ့ ေဒၚလာတစ္သန္းရဲ႕ ၃ ပုံ ၁ ပုံကိုေပးပါမယ္ ” ေသမင္းက ခြင့္မျပဳဘူးဆိုၿပီး သူ႔လက္ကိုဆက္ဆြဲတယ္။ ဒီေတာ့သူက ခုလို ေသမင္းကို ေျပာလိုက္ျပန္တယ္။

” ၃ ရက္ေနခြင့္မရရင္လည္း ၂ ရက္ေလာက္ေတာ့ ခြင့္ျပဳပါလားဗ်ာ။ အဲဒီအတြက္ ေဒၚလာတစ္သန္းရဲ႕ တစ္ဝက္ကိုေပးပါမယ္။ လူ႔ဘဝရဲ႕စည္းစိမ္ကို မေသခင္ခံစားသြားခ်င္လို႔ပါ ” ဒါလည္းေသမင္းက ခြင့္မျပဳဘူးဆိုၿပီး ဆက္ၿပီးသူ႔လက္ကိုဆြဲေနတယ္။

ဒီေတာ့သူက ခုလိုေသမင္းကိုေျပာလိုက္ျပန္တယ္။ ေနာက္ဆုံး သူဟာ သူ႔ရဲ႕ေဒၚလာတစ္သန္းအားလုံးကို ေပးပါမယ္။ လူ႔ေလာကမွာ တစ္ရက္ေလးပဲေနခြင့္ေပးပါတဲ့။ ေသမင္းက မရဘူးလို႔ အျပတ္ေျပာလိုက္တယ္။

ဒီေတာ့သူသိလိုက္ရၿပီ။ ေသမင္းကိုဘယ္လိုမွ ေဈးဆစ္လို႔ရမွာ မဟုတ္ေတာ့ဘူး။ ဒါေၾကာင့္သူက ေသမင္းကို စာေလးတစ္ေစာင္ေတာ့ ေရးခဲ့ပါရေစလို႔ ခြင့္ေတာင္းလိုက္တယ္။

ဒါကိုေတာ့ေသမင္းက ခြင့္ျပဳေပးလိုက္တယ္။ သူလည္းကုတင္ေဘး စားပြဲေပၚက စာ႐ြက္တစ္႐ြက္ေပၚမွာ စာကိုကမန္းကတန္း ခ်ေရးလိုက္တယ္။ သူေရးလိုက္တာက

” မိတ္ေဆြတို႔ လူ႔ေလာကမွာေနရတဲ့ အခိုက္အတန႔္ေလးမွာ သင့္တို႔ဘဝကို အက်ိဳးရွိေအာင္လုပ္ပါ။ ကြၽန္ေတာ္တစ္ရက္ေလး ဆက္ေနခ်င္လို႔ ေဒၚလာတစ္သန္းေပးတာေတာင္ ေနခြင့္မရပါဘူး။ ကြၽန္ေတာ့္ရဲ႕အျဖစ္အပ်က္ကိုၾကည့္ၿပီး အခ်ိန္ဆိုတာ ဘယ္ေလာက္ အဖိုးတန္တယ္ဆိုတာကို မိတ္ေဆြတို႔သိေလာက္ပါၿပီ ” ။ ေမတၱာျဖင့္ ျပန္လည္မွ်ေဝသူ။ စာဖတ္ပရိတ္သတ္ေတြလဲ မိတ္ေဆြအမ်ားသိဖို႔ ျပန္လည္မွ်ေဝၾကပါအုံးေနာ္။

crd