သူနဲ့အတူအိပ်မိလို့ စိတ်ညစ်နေတဲ့ မိန်းကလေးများ ဖတ်ရန်..။ မဆိုင်သူများမဖတ်ရ..။

ကောင်းပါပြီ မပြောခင်ကျွန်တော့်ကိုကျွန်တော် မိတ်ဆက်ပေးပါရစေ။ တစ်ခါတစ်ခါမှာ ပြောပြတဲ့လူအကြောင်းကိုသိခြင်းဟာပြောမယ့် စကားကို ပိုပြီးလေးနက်စေတယ်ထင်မိလို့ပါ။ ကျွန်တော် Minctionary ပါ။ ဒီကလောင်နာမည်နဲ့အတူ နာမည်ကြီးခဲ့တာက ပွင့်ကြေဖတ်ကြွေဆိုတဲ့ ဇာတ်လမ်းလေးတွေပါ။

မိန်းကလေးတွေဖက်က အလိုမလိုက်ဖို့ကိုယ့်ဂုဏ်ကိုယ်မြှင့်ဖို့အကြောင်း ယောကျာင်္းယုတ်တွေအကြောင်း အသိပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေပါ။ နောက်ပိုင်းမှာ ဒီအကြောင်းတွေဘဲအပ်ကြောင်းထပ်ပြီး တစ်ရာဖိုးသုံးပုဒ် stupidity တွေဘဲဖြန့်မိသလိုဖြစ်မှာစိုးတာရယ်။ ဘဝမှာအခက်အခဲဆုံးကာလဖြစ်ခဲ့ရတာတွေရယ်။ လာတိုင်ပင်ကြတဲ့လူအများစုရဲ့ဇာတ်လမ်းပေါင်းစုံကြားထဲမှာ စိတ်တွေညစ်ညူးလာတာတွေရယ်ကြောင့် ဆက်မရေးဖြစ်သေးတာပါ။

ပြီးတော့ Page မှာတင်တိုင်း ကိုယ့်အကောင့်ကိုလူမသိစေဘဲ page သက်သက်သာတင်ပါတယ်။ တကယ်၍သာ အကောင့်နဲ့တွဲပြီးတင်မယ်ဆိုရင်ကျွန်တော်လည်း ဆယ်လီ ဆယ့်တစ်လီ တစ်ဦးဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။ ကောင်းပါပြီ စပြောရအောင်…..ကျွန်တော်မကြိုက်ဆုံးက သူနဲ့အိပ်ပြီးလို့မသန့်တော့ပါဘူး ဆိုတာကိုဘဲ။ အဲ့ဒါကဘာမသန့်တာကိုပြောချင်တာလဲမသိဘူး။ HIV ကူးလာလို့လား ဒါမှမဟုတ် sexually transmitted disease ( STD ) ေတြကူးလာလို႕လား။

မိန်းကလေးတိုင်းဟာ ကိုယ့်အပျိုဂုဏ်ကိုယ်စောင့်ထိန်းသင့်တယ်။ ယဉ်ကျေးမှုဆိုတာကိုထား လူသားတစ်ယောက်အနေနဲ့ ကိုယ့်ဘက်ကအနစ်နာကြီးဘဲလို့ဆရာဝန်အတော်များများ သတိပေးကြတယ်။ လူတိုင်းနီးပါးလဲ သိကြတယ်။ခက်တာက အထိအတွေ့နဲ့ဆွဲဆောင်မှုက်ိုမလွန်ဆန်နိုင်ကြဘူး။ ဘယ်လောက်ချစ်ပါတယ် လက်ထပ်ပါ့မယ်ပြောပြော အချိန်တန်ငြီးငွေ့ပြီး ကန်ထုတ်သွားတဲ့အခါမိန်းကလေးဘက်ကတစ်ဆင့်နိမ့်ခံကြရတယ်။ ငြင်းမလား။ ရှိပါသေးတယ်။သူလည်းသူ့ဆန္ဒပြည့် ကိုယ်လည်းကိုယ့်ဆန္ဒပြည့်မို့ ယောကျာ်း မိန်းမခွဲနာစရာမရှိပါဘူး။ဘယ်သူ့မှမနစ်နာပါဘူးဆိုသူ သောက်ရူးများကလဲအများသား။ထားလိုက်ပါ ။

ခေတ်အခါကိုက ယောကျာ်းသားများကလဲ အတင်းဆွဲဆောင်လွန်းတဲ့အခါ ချစ်တာတစ်ခုတည်းနဲ့မျက်စိစုံမှိတ် ပေးပြီးတဲ့အခါယူသွားတဲ့လူကလဲ စားပြီးနားမလည်
ဝါးပြီးထွေးထုတ်သွားတဲ့အခါ ကျွန်မကိုယ်ကမသန့်တော့ပါဘူး မဖြူစင်တော့ပါဘူးဆိုနေကြတဲ့မိန်းကလေးများ ကျွန်တော်ထပ်မေးပါ့မယ်။ HIV ကူးလို႕လား။ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဆိုးတွေ STD တွေကူးစက်လာလို့လား။ ဘာကိုမသန့်ရမှာလဲ။ဘာကိုကိုယ်က လူ့အသိုင်းအဝိုင်းမှာမျက်နှာငယ်ရမှာလဲ။ အပေါ်ကရောဂါတွေကူးလာတယ်ဘဲထားပါတော့။ခင်ဗျားဟာ အသန့်ဆုံးမိန်းကလေးတစ်ဦးပါ ဘာလို့လဲသိသား ။ ခင်ဗျားဟာချစ်တဲ့စိတ်တစ်ခုနဲ့ပုံအပ်ပေးခဲ့တာ။

ရာထူးရဖို့ ထဘီလှန်ပေးလိုက်တာ ခြူစားဖို့အတွက်ချွတ်ပေးလိုက်တာကျော်ကြားမှုအတွက် အရှက်ကုန်ခဲ့တာ လုံးဝမဟုတ်လို့ဘဲ။ ပစ်သွားတဲ့လူကပစ်သွားတယ်ဆိုရင် နေခဲ့ရမယ့်လူအနေနဲ့လည်း ဘဝလမ်းကိုဆက်လျှောက်သွားဖို့လိုတယ်။ဘာဖြစ်လဲ။ ဘာဖြစ်လို့ သူ့အလွန်ကြောင့် ကိုယ်ကမျက်နှာငယ်ရမှာလဲ။ ဒီလိုပြောဖို့ ကိုယ်ကအပျိုမဟုတ်ဘူးဆိုတာကြေငြာမောင်းခတ်နေဖို့ပြောတာမဟုတ်ဘူးပေါ့။ ထပ်တွေ့ရမယ့်လက်တွဲဖော်က ပြောလို့ရရင်ပြောပြောလို့မရဘူးထင်ရင်မပြောနဲ့ပေါ့ဘာဖြစ်လဲ။ ခင်ဗျားအပျိုမဟုတ်တော့ရော ဘာဖြစ်လဲ။တကယ်ရှက်ရမှာကပေးရတဲ့လူလား။မျက်နှာပြောင်တိုက် အချောင်နှိုက်သွားတဲ့ကောင်ကရှက်ရမှာလား။နေလိုက်စမ်းပါ ခေါင်းမော့ပြီး။ ငါတစ်ယောက်ဘယ်လိုမှဆက်လျှောက်သွားဖို့ မဖြစ်ဘူးမတွေးပါနဲ့။ ကျွန်တော့်ဆီလာတိုင်ပင်ကြတဲ့မိန်းကလေး အတော်များများ အဲ့လိုကြုံဖူးကြပါတယ်။

ဖြစ်ခါစ ခံစားရခါစကတော့ မနည်းဖျောင်းဖျပေးခဲ့ရပေမယ့် အထိုင်ကျသွားတဲ့အခါ ပျော်ရွှင်စရာ ဘဝတွေပိုင်ဆိုင်ထားကြတာ ကျွန်တော် သက်သေအဖြစ် အများကြီးပြနိုင်ပါတယ်။တော်သေးပြီ။ နောက်တစ်ခါ ကျွန်မကမသန့်တော့ဘူးဆိုတဲ့စကားမကြားချင်တော့ပါ။ကိုယ့်ဘဝကိုယ်ထိန်းသိမ်းနိုင်ပါစေ။ဖြစ်ပြီးသွားရင်လဲဘဝကိုရင်ကော့ပြီးလျှောက်လှမ်းနိုင်ကြပါစေ။