သီဝိဘုရင်ကြီးအရူးအမူးချစ်မိခဲ့တဲ့ ဥမ္မာဒန္တီမင်းသမီးလေးရဲ့ အလှအပ

ရှေးအခါက သီဝိတိုင်း၊အရိဌပုရမြို့မှာ အုပ်ချုပ်မင်းလုပ်နေသော မင်းတစ်ပါးရှိလေတယ်။ ဘုရားလောင်းမှာ ထိုမင်းရဲ့ မိဖုရားခေါင်ကြီး ဝမ်းဗိုက်မှာဖြစ်ပြီး ဖွားမြင်လာသော် သီဝိမင်းသားလို့နာမည်မှည့်ကြတယ်။

မင်းကြီးရဲ့စစ်သူကြီးမှာလည်း သားတစ်ယောက်ရလာပြီး အဘိပါရကလို့နာမည်တွင်လေတယ်။ သီဝိမင်းသားနဲ့ အဘိပါရကတို့မှာ မိတ်ဆွေများအဖြစ် ကြီးပြင်းလာကြလို့ အသက်(၁၆)နှစ်အရွယ်မှာ တက္ကသိလာပြည်ကိုသွားပြီး အတတ်ပညာတို့ကို သင်ယူကာ နေပြည်တော်သို့ပြန်လာကြတယ်။ ထို့နောက် သီဝိတိုင်းရဲ့ဘုရင်အဖြစ် သီဝိမင်းသားအားပေးအပ်ခံရပြီး အဘိပါရကကိုလည်း စစ်သူကြီးအရာမှာထားကာ တရားသဖြင့် မင်းလုပ်အုပ်ချုပ်စေတယ်။

ထိုအရိဌပုရမြို့၌ တိရိဋိဝစ္ဆအမည်ရှိသော ကုဋေ(၈၀)ကြွယ်ဝတဲ့ သူဌေးတစ်ဦးရှိလေတယ်။ သူ့သမီးမှာ ရုပ်ရည်လှပတင့်တယ်ခြင်း အဆင်းလက္ခဏာတို့နဲ့ပြည့်စုံပြီး ဥမ္မာဒန္တီလို့ နာမည်တွင်လေတယ်။ ဥမ္မာဒန္တီဟာအသက်(၁၆) နှစ်အရွယ်မှာ လူ့အလှထက်ပိုကာ နတ်သမီးလေးလိုအလွန်လှပြီး ရှုမငြီးဖွယ်ဖြစ်လို့ မြင်ရသူတိုင်းကိုလည်း မိန်းမောစေတယ်။

အဆင်းလှပခြင်းသာမက ခန္ဓာကိုယ်ပြေပြစ်မှုတို့နဲ့လည်း ပြည့်စုံလေတယ်။ သူမကိုမြင်မြင်သမျှ ပုထုဇဉ်တွေဟာလည်း ကိုယ့်သဘောနဲ့ ကောင်းကောင်းမရပ်တည်နိုင်ကြပဲ ထန်းရည်၊ အရက်မူးသူတွေပမာ ကိလေသာနဲ့ယစ်မူးကုန်လို့ သတိပင်မကပ်နိုင်အောင် ဖြစ်ကြရတယ်။

ဥမ္မာဒန္တီရဲ့ဖခင် တိရိဋိဝစ္ဆသူဌေးက သီဝိမင်းထံချဉ်းကပ်လို့ သမီးရတနာမှာ မင်းကြီးနဲ့ထိုက်တန်ကြောင်း လက္ခဏာဖတ်စေရန် လျှောက်ထားသော် သီဝိမင်းက ပုဏ္ဏားတွေကိုစေလွှတ်လို့ လက္ခဏာဖတ်စေတယ်။ ပုဏ္ဏားများလည်း သူဌေးအိမ်သွားပြီး ပူဇော်မြတ်နိုးမှုကိုခံယူကာ နို့ဃနာကိုသုံးဆောင်စဉ် ဥမ္မာဒန္တီကို အဆင်းတန်ဆာအပြည့်နဲ့မြင်လေသော် သတိမထားနိုင်ကြတော့ပဲ ကိလေသာနဲ့ယစ်မူးကုန်တယ်။

ထမင်းစားသုံးဆောင်စဉ်မှာတောင် သတိလက်လွတ်နဲ့ တချို့က ထမင်းလုတ်ကိုယူပြီး `ငါတို့စားကြမယ်` လို့ အမှတ်နဲ့ ဦးခေါင်းမှာတင်ကြတယ်။ တချို့ကချိုင်းကြားမှာ ပစ်ကြတယ်။ တချို့ကနံရံကိုပုတ်ခတ်ကြတယ်။ ပုဏ္ဏားအားလုံး အရူးတွေချည်းဖြစ်ကုန်တယ်။

ဥမ္မာဒန္တီက အဲဒီပုဏ္ဏားတွေကိုမြင်ပြီး “ ဒီပုဏ္ဏားတွေက ငါ့ရဲ့လက္ခဏာကို ဖတ်ကြမတဲ့လား ဒီပုဏ္ဏားတွေကို လည်ပင်းကိုင်ပြီး ဆွဲထုတ်ကြပါ“ လို့ပြောကာ ဆွဲထုတ်ခိုင်းတယ်။ ထိုအခါပုဏ္ဏားများမှာ မျက်နှာမသာမယာနဲ့ နန်းတော်ကိုပြန်သွားပြီး ရှက်စိတ်ကြောင့် ဥမ္မာဒန္တီအပေါ်စိတ်ကွက်ကာ “အရှင်မင်း အဲဒီမိန်းမက မိန်းမယုတ်ဖြစ်ပါတယ်။ အရှင်မင်းနဲ့ မလျောက်ပတ်မထိုက်တန်ပါ“ လို့ လိမ်လည်ကာ လျှောက်တင်ကြတယ်။

သီဝိမင်းက “အယုတ်မတဲ့“လို့ပြောပြီး ဥမ္မာဒန္တီကို အခေါ်မခိုင်းတော့ကြောင်းကို ဥမ္မာဒန္တီကကြားသိရပြီး “ ငါ့ကို မိန်းမယုတ်မို့ သီဝိမင်းကမယူတာတဲ့။ မိန်းမယုတ်ဆိုတာ ဒီလို မဟုတ်ကြပါ“ လို့ပြောပြီး ရှိပါစေ ငါဟာအဲဒီမင်းကိုတွေ့ရရင် သိစေမယ်လို့တွေးကာ သီဝိမင်းအပေါ် ရန်ငြိုးဖွဲ့လိုက်တယ်။ သို့နှင့်ဥမ္မာဒန္တီကို ဖခင်ကအဘိပါရက စစ်သူကြီးနဲ့ လက်ဆက်ပေးလိုက်လေတယ်။ ဥမ္မာဒန္တီဟာ အဘိပါရကရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံယူရတယ်။

ဘယ်ကုသိုလ်ကံရဲ့ အကျိုးဆက်ကြောင့် ဥမ္မာဒန္တီဟာ ဒီလောက်လှရသလဲဆိုတော့ ဘဝတစ်ခုမှာ အနီရောင်အဝတ်ကို လှူခဲ့တဲ့ အလှူရဲ့အကျိုးဆက်ကြောင့်ပဲဖြစ်ပါတယ်။

ဥမ္မာဒန္တီဟာရှေးဘဝတစ်ခုမှာ ဗာရာဏသီမြို့က ဆင်းရဲတဲ့အမျိုးမှာဖြစ်ခဲ့လို့ ပွဲလမ်းသဘင်နေ့မှာ ဘုန်းကံနဲ့ပြည့်စုံတဲ့ မိန်းမတွေ ဝတ်ပန်း (ဆူးပန်းပွင့်) နဲ့ အရောင်ဆိုးထားတဲ့ အနီရောင်အဝတ်ကိုဝတ်ပြီး တန်ဆာဆင်ကာပျော်ပါးချိန် သူလည်းအတူဝတ်ဆင်လိုစိတ်များ ဖြစ်ပေါ်လေတယ်။

မိဘတွေအား ပြောပြသော် မိဘတွေက “သမီး၊ ငါတို့က ဆင်းရဲသားတွေပဲ။ အဲဒီလို အဝတ်ကို ငါတို့ ဘယ်မှာ ရမှာလဲ“လို့ ပြောကြတယ်။ “ဒီလိုဆိုရင် သမီးကိုကြွယ်ဝချမ်းသာတဲ့ အိမ်တစ်အိမ်မှာ အခစားအဖြစ် အလုပ်လုပ်ဖို့ ခွင့်ပြုကြပါ။ သူတို့က သမီးရဲ့ဂုဏ်ကို သိပြီး ပေးကြပါလိမ့်မယ်“ လို့ ပြောတယ်။ မိဘတွေက ခွင့်ပြုလို့ အဲဒီအိမ်ကို ချဉ်းကပ်ပြီး ပြောတယ်။

“ကျွန်မဟာ ဝတ်ပန်းနဲ့ ဆိုးထားတဲ့ အနီရောင်အဝတ်အတွက် အခစားအလုပ် လုပ်ပါမယ်“။ဆိုကာ သုံးနှစ်အလုပ်အကျွေးပြုမယ့် အကြောင်းဆိုလေတယ်။ ထို့နှင့် သုံးနှစ်မပြည့်ခင်မှာ အလုပ်ရှင်များရဲ့ ယုံကြည်မှုကို ရလို့ လိုချင်သော ဝတ်ပန်းဆိုး အနီရောင်အဝတ်သာမက အခြားထူထဲသော အဝတ်များကိုပါ ရရှိခဲ့လေတယ်။

ထိုအခါ ဉမ္မာဒန္တီလောင်းလျာဟာ သူငယ်ချင်းမတွေကို ခေါ်ယူပြီး အဝတ်နီကို မြစ်ကမ်းနားမှာ ထားပြီး ရေချိုးစဉ် ကဿပဘုရားရှင်ရဲ့ တပည့်ရဟန်းတစ်ဦးမှာ သင်္ကန်းလုယူခံထားရလို့ ချိုးထားတဲ့ သစ်ကိုင်းကို ဝတ်လည်းဝတ်၊ ရုံလည်းရုံကာ အဲဒီအရပ်ကို ရောက်လာသည်ကို ဥမ္မာဒန္တီလောင်းလျာက မြင်သော် “ ဒီအရှင်မြတ်ဟာ သင်္ကန်း အလုယူခံရတာ ဖြစ်လိမ့်မယ်။ အရင်ဘဝကလည်း မလှူခဲ့လို့ ငါ့မှာ အဝတ်ကို ရဖို့

ခဲယဉ်းတယ်“ လို့ တွေးကာ အဝတ်ကို နှစ်ပိုင်းခွဲလိုက်တယ်။ တစ်ပိုင်းကို အရှင်မြတ်အား ငါ လှူမယ်“ လို့ ကြံပြီး ရေထဲမှ တက်လာကာ သူမရဲ့ အဝတ်ကို ဝတ်ပြီး “ရပ်တော်မူပါဦးဘုရား“ လို့ လျှောက်တယ်။ မထေရ်ကို ရှိခိုးပြီး အဝတ်အနီကို အလယ်က ခွဲကာ အဲဒီမထေရ်အား တစ်ပိုင်းကို လှူလိုက်ပါတယ်။

အဲဒီမထေရ်က သင့်တင့်ရာအရပ်မှာ ရုံထားသော သစ်ကိုင်းကျိုးကို စွန့်ပစ်ပြီး အဲဒီအဝတ်ရဲ့ ထောင့်တစ်ထောင့်ကို ခါးမှာ ဝတ်ကာ တစ်ထောင့်ကို အပေါ်မှာ ရုံပြီး ထွက်ခွာသွားတယ်။ အဝတ်ရဲ့ အရောင်ကြောင့် မထေရ်ရဲ့ တစ်ကိုယ်လုံးဟာ တက်သစ်စနေပမာ တောက်ပနေသည်ကို သူမမြင်သော် “ငါ့ရဲ့ အရှင်မြတ်ဟာ ပထမက မတင့်တယ်ပါ။ အခု တက်သစ်စနေပမာ တင့်တယ်နေတယ်။

ဒီကျန်တဲ့ အဝတ်ပိုင်းကိုလည်း အဲဒီမထေရ်အားသာ လှူမယ်“ လို့ တွေးကာ ဒုတိယအဝတ်ပိုင်း ကိုလည်း လှူလိုက်ပါတယ်။လှူပြီးနောက် ဤကဲ့သို့ တောင်းဆုပြုလိုက်လေတယ်။`”အရှင်ဘုရား၊ တပည့်တော်ဟာ ဘဝသံသရာမှာ ကျင်လည်တဲ့အခါ မြင့်မြတ်တဲ့ ရုပ်အဆင်းကို ဆောင်နိုင်သူ ဖြစ်ရပါလို၏။

တပည့်တော်ကို မြင်ပြီး ဘယ်ယောကျ်ားမှ ပင်ကိုယ်အနေထားနဲ့ တည်ရှိဖို့ မစွမ်းနိုင်ပါစေနဲ့။ တပည့်တော်ထက် အခြားအမျိုးသမီးက ပိုပြီး ရုပ်လှသူ မဖြစ်ပါစေနဲ့။”ဟု ဖြစ်လေတယ်။ သူမရဲ့ ကုသိုလ်ကို မထေရ်ကလည်း အနုမောဒနာပြုပြီး ဖဲသွားပါတယ်။ အဆိုပါကုသိုလ်ကြောင့် သူမဟာ နတ်ပြည်မှာ ကျင်လည်ရင်း အရိဌပုရမြို့မှာ အလွန်ချောမောလှပသော ဥမ္မာဒန္တီဖြစ်လာလေတယ်။

ဥမ္မာဒန္တီဟာ ပင်ကိုအလှနဲ့ ပြည့်စုံပြီး မျက်စိ၊ နား၊ နှာခေါင်း၊ လျှာအစ ဆံပင်အဆုံး တစ်ကိုယ်လုံးလှပလွန်းကာ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ အရိုးအဆစ်နဲ့တကွ အပြစ်ဆိုစရာ မရှိလောက်အောင် လှသူဖြစ်လေတယ်။

ထို့ပြင် အသားအရေမှာလည်း နူးညံ့ကာ အကြောစိမ်းများပင် ထင်းနေလေတယ်။ ဥမ္မာဒန္တီဟာ နဖူး၊မျက်မှောင်နဲ့ နှာတံတို့ လှရုံသာမက နားရွက်နှစ်ဖက်မှာ ပြန့်ကားပြီး ချစ်ဖွယ်အလွန်ကောင်းလေတယ်။ သွားများမှာလည်း ပုလဲရောင်အဆင်းရှိပြီး ခြေဖျား၊ လက်ဖျားများမှာ ပတ္တမြားသဖွယ် နီမြန်းနေလေတယ်။ နှုတ်ခမ်းအစုံမှာလည်း ကျီးအာသီးသဖွယ် နီရဲကာ ဖူးငုံနေလေတယ်။

ဒီလိုလှလွန်းတဲ့ ဉမ္မာဒန္တီရဲ့ အလှကိုသိသော လင်ယောကျ်ားဖြစ်သူ အဘိပါရကဟာ တန်ဆောင်မုန်းချိန်ခါ သီဝိမင်း တိုင်းခန်းလှည့်လည်ချိန်တွင် ဇနီးသည်၏ အလှကို ရှင်ဘုရင်မြင်သော် ဣန္ဒြေမထိန်းနိုင်မည်ကို စိုး၍ တိုင်းခန်းလှည့်လည်ချိန် အပြင်ထွက်မကြည့်မိလေရန် မှာကြားကာ မင်းနောက်ကို လိုက်ခဲ့လေတယ်။

သီဝိမင်းအား အငြိုးထားသော ဉမ္မာဒန္တီကမူ ခင်ပွန်းသည်၏ တားမြစ်မှုကို လျစ်လျူရှုလို့ မင်းကြီးလာချိန်တွင်
လေသာပြတင်းကိုဖွင့်လို့ ပန်းထွက်ကြဲခဲ့လေတယ်။ မင်းကြီးလည်း ဉမ္မာဒန္တီရဲ့ အလှမှာ မူးယစ်သွားရလို့ ရထားထိန်းကို သူမအကြောင်း မေးမြန်းသော် အဘိပါရကရဲ့ အိမ်သူမှန်းသိရ၍ ကိလေသာယစ်မူးမှုကြောင့် နန်းတော်ပြန်ကာ ညည်းညူနေရရှာတယ်။

ဤသည်ကို အဘိပါရက ကြားသိရသော် ဇနီးဖြစ်သူအား ကွာပေးမည်ဖြစ်ကြောင်းနဲ့ မင်းကြီးထံ ဇနီးသည်အား ဆက်သမည်ဖြစ်ကြောင်း ဆိုလာသော် သီဝိမင်းကြီးမှာ သံဝေဂကြီးစွာဖြင့် ငြင်းဆိုလေတယ်။

အဘိပါရကမှာ ထပ်မံဆက်သလိုကြောင်းဆိုလာ၍ စစ်သူကြီး၊ ပန်းချီ၊ကချေသည်၊ သေရည်၊ နွားလားနဲ့ မိန်းမမည်သည် လှူဒါန်းအပ်သော ဒါနမမည်ကြောင်းပြောလို့ ထပ်မံငြင်းဆိုသော် အဘိပါရကမှာ သာဓုခေါ်လေတယ်။ ထို့နောက် သီဝိမင်းကြီးမှာ သုစရိုက်တရား(၁၀)ပါးကို ကျင့်သုံးလို့ ဆက်လက်အုပ်ချုပ်မင်းလုပ်၍ ချမ်းသာစွာ နေထိုင်သွားလေတယ်။

ဒီဝတ္ထုလေးမှာ သီဝိမင်းက ဘုရားလောင်း ဖြစ်ပြီး အဘိပါရကမှာ အရှင်သာရိပုတ္တရာအလောင်းဖြစ်ကာ ဥမ္မာဒန္တီက ဥပ္ပလဝဏ်ထေရီအလောင်းလျာဖြစ်ပါတယ်။

Zawgyi

ေရွးအခါက သီဝိတိုင္း၊အရိဌပုရၿမိဳ႕မွာ အုပ္ခ်ဳပ္မင္းလုပ္ေနေသာ မင္းတစ္ပါးရွိေလတယ္။ ဘုရားေလာင္းမွာ ထိုမင္းရဲ႕ မိဖုရားေခါင္ႀကီး ဝမ္းဗိုက္မွာျဖစ္ၿပီး ဖြားျမင္လာေသာ္ သီဝိမင္းသားလို႔နာမည္မွည့္ၾကတယ္။

မင္းႀကီးရဲ႕စစ္သူႀကီးမွာလည္း သားတစ္ေယာက္ရလာၿပီး အဘိပါရကလို႔နာမည္တြင္ေလတယ္။ သီဝိမင္းသားနဲ႔ အဘိပါရကတို႔မွာ မိတ္ေဆြမ်ားအျဖစ္ ႀကီးျပင္းလာၾကလို႔ အသက္(၁၆)ႏွစ္အ႐ြယ္မွာ တကၠသိလာျပည္ကိုသြားၿပီး အတတ္ပညာတို႔ကို သင္ယူကာ ေနျပည္ေတာ္သို႔ျပန္လာၾကတယ္။ ထို႔ေနာက္ သီဝိတိုင္းရဲ႕ဘုရင္အျဖစ္ သီဝိမင္းသားအားေပးအပ္ခံရၿပီး အဘိပါရကကိုလည္း စစ္သူႀကီးအရာမွာထားကာ တရားသျဖင့္ မင္းလုပ္အုပ္ခ်ဳပ္ေစတယ္။

ထိုအရိဌပုရၿမိဳ႕၌ တိရိဋိဝစၦအမည္ရွိေသာ ကုေဋ(၈၀)ႂကြယ္ဝတဲ့ သူေဌးတစ္ဦးရွိေလတယ္။ သူ႔သမီးမွာ ႐ုပ္ရည္လွပတင့္တယ္ျခင္း အဆင္းလကၡဏာတို႔နဲ႔ျပည့္စုံၿပီး ဥမၼာဒႏၲီလို႔ နာမည္တြင္ေလတယ္။ ဥမၼာဒႏၲီဟာအသက္(၁၆) ႏွစ္အ႐ြယ္မွာ လူ႔အလွထက္ပိုကာ နတ္သမီးေလးလိုအလြန္လွၿပီး ရႈမၿငီးဖြယ္ျဖစ္လို႔ ျမင္ရသူတိုင္းကိုလည္း မိန္းေမာေစတယ္။

အဆင္းလွပျခင္းသာမက ခႏၶာကိုယ္ေျပျပစ္မႈတို႔နဲ႔လည္း ျပည့္စုံေလတယ္။ သူမကိုျမင္ျမင္သမွ် ပုထုဇဥ္ေတြဟာလည္း ကိုယ့္သေဘာနဲ႔ ေကာင္းေကာင္းမရပ္တည္ႏိုင္ၾကပဲ ထန္းရည္၊ အရက္မူးသူေတြပမာ ကိေလသာနဲ႔ယစ္မူးကုန္လို႔ သတိပင္မကပ္ႏိုင္ေအာင္ ျဖစ္ၾကရတယ္။

ဥမၼာဒႏၲီရဲ႕ဖခင္ တိရိဋိဝစၦသူေဌးက သီဝိမင္းထံခ်ဥ္းကပ္လို႔ သမီးရတနာမွာ မင္းႀကီးနဲ႔ထိုက္တန္ေၾကာင္း လကၡဏာဖတ္ေစရန္ ေလွ်ာက္ထားေသာ္ သီဝိမင္းက ပုဏၰားေတြကိုေစလႊတ္လို႔ လကၡဏာဖတ္ေစတယ္။ ပုဏၰားမ်ားလည္း သူေဌးအိမ္သြားၿပီး ပူေဇာ္ျမတ္ႏိုးမႈကိုခံယူကာ ႏို႔ဃနာကိုသုံးေဆာင္စဥ္ ဥမၼာဒႏၲီကို အဆင္းတန္ဆာအျပည့္နဲ႔ျမင္ေလေသာ္ သတိမထားႏိုင္ၾကေတာ့ပဲ ကိေလသာနဲ႔ယစ္မူးကုန္တယ္။

ထမင္းစားသုံးေဆာင္စဥ္မွာေတာင္ သတိလက္လြတ္နဲ႔ တခ်ိဳ႕က ထမင္းလုတ္ကိုယူၿပီး `ငါတို႔စားၾကမယ္` လို႔ အမွတ္နဲ႔ ဦးေခါင္းမွာတင္ၾကတယ္။ တခ်ိဳ႕ကခ်ိဳင္းၾကားမွာ ပစ္ၾကတယ္။ တခ်ိဳ႕ကနံရံကိုပုတ္ခတ္ၾကတယ္။ ပုဏၰားအားလုံး အ႐ူးေတြခ်ည္းျဖစ္ကုန္တယ္။

ဥမၼာဒႏၲီက အဲဒီပုဏၰားေတြကိုျမင္ၿပီး “ ဒီပုဏၰားေတြက ငါ့ရဲ႕လကၡဏာကို ဖတ္ၾကမတဲ့လား ဒီပုဏၰားေတြကို လည္ပင္းကိုင္ၿပီး ဆြဲထုတ္ၾကပါ“ လို႔ေျပာကာ ဆြဲထုတ္ခိုင္းတယ္။ ထိုအခါပုဏၰားမ်ားမွာ မ်က္ႏွာမသာမယာနဲ႔ နန္းေတာ္ကိုျပန္သြားၿပီး ရွက္စိတ္ေၾကာင့္ ဥမၼာဒႏၲီအေပၚစိတ္ကြက္ကာ “အရွင္မင္း အဲဒီမိန္းမက မိန္းမယုတ္ျဖစ္ပါတယ္။ အရွင္မင္းနဲ႔ မေလ်ာက္ပတ္မထိုက္တန္ပါ“ လို႔ လိမ္လည္ကာ ေလွ်ာက္တင္ၾကတယ္။

သီဝိမင္းက “အယုတ္မတဲ့“လို႔ေျပာၿပီး ဥမၼာဒႏၲီကို အေခၚမခိုင္းေတာ့ေၾကာင္းကို ဥမၼာဒႏၲီကၾကားသိရၿပီး “ ငါ့ကို မိန္းမယုတ္မို႔ သီဝိမင္းကမယူတာတဲ့။ မိန္းမယုတ္ဆိုတာ ဒီလို မဟုတ္ၾကပါ“ လို႔ေျပာၿပီး ရွိပါေစ ငါဟာအဲဒီမင္းကိုေတြ႕ရရင္ သိေစမယ္လို႔ေတြးကာ သီဝိမင္းအေပၚ ရန္ၿငိဳးဖြဲ႕လိုက္တယ္။ သို႔ႏွင့္ဥမၼာဒႏၲီကို ဖခင္ကအဘိပါရက စစ္သူႀကီးနဲ႔ လက္ဆက္ေပးလိုက္ေလတယ္။ ဥမၼာဒႏၲီဟာ အဘိပါရကရဲ႕ ခ်စ္ခင္ျမတ္ႏိုးမႈကို ခံယူရတယ္။

ဘယ္ကုသိုလ္ကံရဲ႕ အက်ိဳးဆက္ေၾကာင့္ ဥမၼာဒႏၲီဟာ ဒီေလာက္လွရသလဲဆိုေတာ့ ဘဝတစ္ခုမွာ အနီေရာင္အဝတ္ကို လႉခဲ့တဲ့ အလႉရဲ႕အက်ိဳးဆက္ေၾကာင့္ပဲျဖစ္ပါတယ္။

ဥမၼာဒႏၲီဟာေရွးဘဝတစ္ခုမွာ ဗာရာဏသီၿမိဳ႕က ဆင္းရဲတဲ့အမ်ိဳးမွာျဖစ္ခဲ့လို႔ ပြဲလမ္းသဘင္ေန႔မွာ ဘုန္းကံနဲ႔ျပည့္စုံတဲ့ မိန္းမေတြ ဝတ္ပန္း (ဆူးပန္းပြင့္) နဲ႔ အေရာင္ဆိုးထားတဲ့ အနီေရာင္အဝတ္ကိုဝတ္ၿပီး တန္ဆာဆင္ကာေပ်ာ္ပါးခ်ိန္ သူလည္းအတူဝတ္ဆင္လိုစိတ္မ်ား ျဖစ္ေပၚေလတယ္။

မိဘေတြအား ေျပာျပေသာ္ မိဘေတြက “သမီး၊ ငါတို႔က ဆင္းရဲသားေတြပဲ။ အဲဒီလို အဝတ္ကို ငါတို႔ ဘယ္မွာ ရမွာလဲ“လို႔ ေျပာၾကတယ္။ “ဒီလိုဆိုရင္ သမီးကိုႂကြယ္ဝခ်မ္းသာတဲ့ အိမ္တစ္အိမ္မွာ အခစားအျဖစ္ အလုပ္လုပ္ဖို႔ ခြင့္ျပဳၾကပါ။ သူတို႔က သမီးရဲ႕ဂုဏ္ကို သိၿပီး ေပးၾကပါလိမ့္မယ္“ လို႔ ေျပာတယ္။ မိဘေတြက ခြင့္ျပဳလို႔ အဲဒီအိမ္ကို ခ်ဥ္းကပ္ၿပီး ေျပာတယ္။

“ကြၽန္မဟာ ဝတ္ပန္းနဲ႔ ဆိုးထားတဲ့ အနီေရာင္အဝတ္အတြက္ အခစားအလုပ္ လုပ္ပါမယ္“။ဆိုကာ သုံးႏွစ္အလုပ္အေကြၽးျပဳမယ့္ အေၾကာင္းဆိုေလတယ္။ ထို႔ႏွင့္ သုံးႏွစ္မျပည့္ခင္မွာ အလုပ္ရွင္မ်ားရဲ႕ ယုံၾကည္မႈကို ရလို႔ လိုခ်င္ေသာ ဝတ္ပန္းဆိုး အနီေရာင္အဝတ္သာမက အျခားထူထဲေသာ အဝတ္မ်ားကိုပါ ရရွိခဲ့ေလတယ္။

ထိုအခါ ဉမၼာဒႏၲီေလာင္းလ်ာဟာ သူငယ္ခ်င္းမေတြကို ေခၚယူၿပီး အဝတ္နီကို ျမစ္ကမ္းနားမွာ ထားၿပီး ေရခ်ိဳးစဥ္ ကႆပဘုရားရွင္ရဲ႕ တပည့္ရဟန္းတစ္ဦးမွာ သကၤန္းလုယူခံထားရလို႔ ခ်ိဳးထားတဲ့ သစ္ကိုင္းကို ဝတ္လည္းဝတ္၊ ႐ုံလည္း႐ုံကာ အဲဒီအရပ္ကို ေရာက္လာသည္ကို ဥမၼာဒႏၲီေလာင္းလ်ာက ျမင္ေသာ္ “ ဒီအရွင္ျမတ္ဟာ သကၤန္း အလုယူခံရတာ ျဖစ္လိမ့္မယ္။ အရင္ဘဝကလည္း မလႉခဲ့လို႔ ငါ့မွာ အဝတ္ကို ရဖို႔

ခဲယဥ္းတယ္“ လို႔ ေတြးကာ အဝတ္ကို ႏွစ္ပိုင္းခြဲလိုက္တယ္။ တစ္ပိုင္းကို အရွင္ျမတ္အား ငါ လႉမယ္“ လို႔ ႀကံၿပီး ေရထဲမွ တက္လာကာ သူမရဲ႕ အဝတ္ကို ဝတ္ၿပီး “ရပ္ေတာ္မူပါဦးဘုရား“ လို႔ ေလွ်ာက္တယ္။ မေထရ္ကို ရွိခိုးၿပီး အဝတ္အနီကို အလယ္က ခြဲကာ အဲဒီမေထရ္အား တစ္ပိုင္းကို လႉလိုက္ပါတယ္။

အဲဒီမေထရ္က သင့္တင့္ရာအရပ္မွာ ႐ုံထားေသာ သစ္ကိုင္းက်ိဳးကို စြန႔္ပစ္ၿပီး အဲဒီအဝတ္ရဲ႕ ေထာင့္တစ္ေထာင့္ကို ခါးမွာ ဝတ္ကာ တစ္ေထာင့္ကို အေပၚမွာ ႐ုံၿပီး ထြက္ခြာသြားတယ္။ အဝတ္ရဲ႕ အေရာင္ေၾကာင့္ မေထရ္ရဲ႕ တစ္ကိုယ္လုံးဟာ တက္သစ္စေနပမာ ေတာက္ပေနသည္ကို သူမျမင္ေသာ္ “ငါ့ရဲ႕ အရွင္ျမတ္ဟာ ပထမက မတင့္တယ္ပါ။ အခု တက္သစ္စေနပမာ တင့္တယ္ေနတယ္။

ဒီက်န္တဲ့ အဝတ္ပိုင္းကိုလည္း အဲဒီမေထရ္အားသာ လႉမယ္“ လို႔ ေတြးကာ ဒုတိယအဝတ္ပိုင္း ကိုလည္း လႉလိုက္ပါတယ္။လႉၿပီးေနာက္ ဤကဲ့သို႔ ေတာင္းဆုျပဳလိုက္ေလတယ္။`”အရွင္ဘုရား၊ တပည့္ေတာ္ဟာ ဘဝသံသရာမွာ က်င္လည္တဲ့အခါ ျမင့္ျမတ္တဲ့ ႐ုပ္အဆင္းကို ေဆာင္ႏိုင္သူ ျဖစ္ရပါလို၏။

တပည့္ေတာ္ကို ျမင္ၿပီး ဘယ္ေယာက်္ားမွ ပင္ကိုယ္အေနထားနဲ႔ တည္ရွိဖို႔ မစြမ္းႏိုင္ပါေစနဲ႔။ တပည့္ေတာ္ထက္ အျခားအမ်ိဳးသမီးက ပိုၿပီး ႐ုပ္လွသူ မျဖစ္ပါေစနဲ႔။”ဟု ျဖစ္ေလတယ္။ သူမရဲ႕ ကုသိုလ္ကို မေထရ္ကလည္း အႏုေမာဒနာျပဳၿပီး ဖဲသြားပါတယ္။ အဆိုပါကုသိုလ္ေၾကာင့္ သူမဟာ နတ္ျပည္မွာ က်င္လည္ရင္း အရိဌပုရၿမိဳ႕မွာ အလြန္ေခ်ာေမာလွပေသာ ဥမၼာဒႏၲီျဖစ္လာေလတယ္။

ဥမၼာဒႏၲီဟာ ပင္ကိုအလွနဲ႔ ျပည့္စုံၿပီး မ်က္စိ၊ နား၊ ႏွာေခါင္း၊ လွ်ာအစ ဆံပင္အဆုံး တစ္ကိုယ္လုံးလွပလြန္းကာ ေမြးညင္း၊ ေျခသည္း၊ လက္သည္း၊ အ႐ိုးအဆစ္နဲ႔တကြ အျပစ္ဆိုစရာ မရွိေလာက္ေအာင္ လွသူျဖစ္ေလတယ္။

ထို႔ျပင္ အသားအေရမွာလည္း ႏူးညံ့ကာ အေၾကာစိမ္းမ်ားပင္ ထင္းေနေလတယ္။ ဥမၼာဒႏၲီဟာ နဖူး၊မ်က္ေမွာင္နဲ႔ ႏွာတံတို႔ လွ႐ုံသာမက နား႐ြက္ႏွစ္ဖက္မွာ ျပန႔္ကားၿပီး ခ်စ္ဖြယ္အလြန္ေကာင္းေလတယ္။ သြားမ်ားမွာလည္း ပုလဲေရာင္အဆင္းရွိၿပီး ေျခဖ်ား၊ လက္ဖ်ားမ်ားမွာ ပတၱျမားသဖြယ္ နီျမန္းေနေလတယ္။ ႏႈတ္ခမ္းအစုံမွာလည္း က်ီးအာသီးသဖြယ္ နီရဲကာ ဖူးငုံေနေလတယ္။

ဒီလိုလွလြန္းတဲ့ ဉမၼာဒႏၲီရဲ႕ အလွကိုသိေသာ လင္ေယာက်္ားျဖစ္သူ အဘိပါရကဟာ တန္ေဆာင္မုန္းခ်ိန္ခါ သီဝိမင္း တိုင္းခန္းလွည့္လည္ခ်ိန္တြင္ ဇနီးသည္၏ အလွကို ရွင္ဘုရင္ျမင္ေသာ္ ဣေျႏၵမထိန္းႏိုင္မည္ကို စိုး၍ တိုင္းခန္းလွည့္လည္ခ်ိန္ အျပင္ထြက္မၾကည့္မိေလရန္ မွာၾကားကာ မင္းေနာက္ကို လိုက္ခဲ့ေလတယ္။

သီဝိမင္းအား အၿငိဳးထားေသာ ဉမၼာဒႏၲီကမူ ခင္ပြန္းသည္၏ တားျမစ္မႈကို လ်စ္လ်ဴရႈလို႔ မင္းႀကီးလာခ်ိန္တြင္
ေလသာျပတင္းကိုဖြင့္လို႔ ပန္းထြက္ႀကဲခဲ့ေလတယ္။ မင္းႀကီးလည္း ဉမၼာဒႏၲီရဲ႕ အလွမွာ မူးယစ္သြားရလို႔ ရထားထိန္းကို သူမအေၾကာင္း ေမးျမန္းေသာ္ အဘိပါရကရဲ႕ အိမ္သူမွန္းသိရ၍ ကိေလသာယစ္မူးမႈေၾကာင့္ နန္းေတာ္ျပန္ကာ ညည္းညဴေနရရွာတယ္။

ဤသည္ကို အဘိပါရက ၾကားသိရေသာ္ ဇနီးျဖစ္သူအား ကြာေပးမည္ျဖစ္ေၾကာင္းနဲ႔ မင္းႀကီးထံ ဇနီးသည္အား ဆက္သမည္ျဖစ္ေၾကာင္း ဆိုလာေသာ္ သီဝိမင္းႀကီးမွာ သံေဝဂႀကီးစြာျဖင့္ ျငင္းဆိုေလတယ္။

အဘိပါရကမွာ ထပ္မံဆက္သလိုေၾကာင္းဆိုလာ၍ စစ္သူႀကီး၊ ပန္းခ်ီ၊ကေခ်သည္၊ ေသရည္၊ ႏြားလားနဲ႔ မိန္းမမည္သည္ လႉဒါန္းအပ္ေသာ ဒါနမမည္ေၾကာင္းေျပာလို႔ ထပ္မံျငင္းဆိုေသာ္ အဘိပါရကမွာ သာဓုေခၚေလတယ္။ ထို႔ေနာက္ သီဝိမင္းႀကီးမွာ သုစ႐ိုက္တရား(၁၀)ပါးကို က်င့္သုံးလို႔ ဆက္လက္အုပ္ခ်ဳပ္မင္းလုပ္၍ ခ်မ္းသာစြာ ေနထိုင္သြားေလတယ္။

ဒီဝတၳဳေလးမွာ သီဝိမင္းက ဘုရားေလာင္း ျဖစ္ၿပီး အဘိပါရကမွာ အရွင္သာရိပုတၱရာအေလာင္းျဖစ္ကာ ဥမၼာဒႏၲီက ဥပၸလဝဏ္ေထရီအေလာင္းလ်ာျဖစ္ပါတယ္။