သားငယ်အတွက် ဆေးကုသစရိတ်မတက်နိုင်တော့လို့ဆိုပြီး ဆေးရုံရှေ့မှာ ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့မိခင်

တရုတ်နိုင်ငံမှာရှိတဲ့ဆေးရုံတစ်ခုရဲ့ရှေ့မှာ သားငယ်လေးအတွက် ဆေးကုသဖို့စရိတ်မတတ်နိုင်တော့လို့ဆိုပြီး ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့ single မိခင်တစ်ယောက်ရဲ့ ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ်။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက ရှန်ဟိုင်းကလေးဆေးရုံအရှေ့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ ယခုအချိန်မှာမှ တရုတ်နိုင်ငံရဲ့ကျန်းမာရေးကုသစရိတ်တွေဟာ လက်တွေ့မှာအလွန်ခက်ခဲစေလျက်ရှိတယ်ဆိုပြီးတော့ ဓာတ်ပုံတွေဟာ online ပေါ်မှာပြန်ရေပန်းစားနေခဲ့တာဖြစ်ပါတယ် ။

မိခင်ဖြစ်သူ Guo Yinzhen ဟာ အသက် 45 နှစ်အရွယ်ရှိပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းခဲ့ပြီးနောက် သူမရဲ့ 3နှစ်အရွယ်သားလေး Guo Zhenghan ကို သူမတစ်ယောက်ထဲက ပြုစုပျိုးထောင်ခဲ့ရတာပါ ။ Yinzhen ဟာ စက်ရုံအလုပ်သမားတစ်ယောက်အနေနဲ့အလုပ်လုပ်ကိုင်ခဲ့ပေမဲ့ သားလေးကိုမွေးဖွားပြီးနောက် အလုပ်ထွက်ခဲ့ရပါတယ် ။ ယခုအချိန်မှာတော့ သူမတို့သားအမိဟာလက်ဖက်ရွက်တွေခူးပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သူမရဲ့မိဘတွေကိုသာအားကိုးပြီးနေထိုင်နေရကြောင်းသိရှိရပါတယ် ။

သားဖြစ်သူရဲ့ကုသစရိတ်အတွက် 100,000 yuan ခန့်ထပ်မံလိုအပ်နေပြီး ၊ သားဖြစ်သူရဲ့ခွဲစိတ်ကုသစရိတ်အတွက် 400,000 yuan ကိုအသုံးပြုခဲ့ပြီးပြီဖြစ်ပြီး ၊ အကြွေတွေလည်းအများကြီးတင်နေလျက်ရှိကြောင်းသိရပါတယ် ။ ကံကောင်းစွာနဲ့သူမတို့သားအမိရဲ့ဓာတ်ပုံဟာပျံ့နှံ့သွားခဲ့ပြီး 5 ရက်အကြာမှာတော့ Xiaoxingxin ဖောင်ဒေးရှင်းမှသားငယ်လေးအတွက် နောက်ထပ်လိုအပ်တဲ့ဆေးကုသစရိတ်များကို အကုန်လုံးအကုန်အကျခံပြီး ကုသပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ယခုလက်ရှိမှာတော့သားငယ်လေးရဲ့ကျန်းမာရေးဟာ အတော်လေးကောင်းမွန်နေပြီဖြစ်ကြောင်းသိရှိရပါတယ် ။

Zawgyi

တ႐ုတ္ႏိုင္ငံမွာရွိတဲ့ေဆး႐ုံတစ္ခုရဲ႕ေရွ႕မွာ သားငယ္ေလးအတြက္ ေဆးကုသဖို႔စရိတ္မတတ္ႏိုင္ေတာ့လို႔ဆိုၿပီး ရႈိက္ႀကီးတငင္ငိုေနခဲ့တဲ့ single မိခင္တစ္ေယာက္ရဲ႕ ဓာတ္ပုံဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္ရွိပါတယ္။ အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလက ရွန္ဟိုင္းကေလးေဆး႐ုံအေရွ႕မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ ယခုအခ်ိန္မွာမွ တ႐ုတ္ႏိုင္ငံရဲ႕က်န္းမာေရးကုသစရိတ္ေတြဟာ လက္ေတြ႕မွာအလြန္ခက္ခဲေစလ်က္ရွိတယ္ဆိုၿပီးေတာ့ ဓာတ္ပုံေတြဟာ online ေပၚမွာျပန္ေရပန္းစားေနခဲ့တာျဖစ္ပါတယ္ ။

မိခင္ျဖစ္သူ Guo Yinzhen ဟာ အသက္ 45 ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး ခင္ပြန္းျဖစ္သူႏွင့္ကြာရွင္းခဲ့ၿပီးေနာက္ သူမရဲ႕ 3ႏွစ္အ႐ြယ္သားေလး Guo Zhenghan ကို သူမတစ္ေယာက္ထဲက ျပဳစုပ်ိဳးေထာင္ခဲ့ရတာပါ ။ Yinzhen ဟာ စက္႐ုံအလုပ္သမားတစ္ေယာက္အေနနဲ႔အလုပ္လုပ္ကိုင္ခဲ့ေပမဲ့ သားေလးကိုေမြးဖြားၿပီးေနာက္ အလုပ္ထြက္ခဲ့ရပါတယ္ ။ ယခုအခ်ိန္မွာေတာ့ သူမတို႔သားအမိဟာလက္ဖက္႐ြက္ေတြခူးၿပီး အသက္ေမြးဝမ္းေၾကာင္းျပဳေနတဲ့ သူမရဲ႕မိဘေတြကိုသာအားကိုးၿပီးေနထိုင္ေနရေၾကာင္းသိရွိရပါတယ္ ။

သားျဖစ္သူရဲ႕ကုသစရိတ္အတြက္ 100,000 yuan ခန႔္ထပ္မံလိုအပ္ေနၿပီး ၊ သားျဖစ္သူရဲ႕ခြဲစိတ္ကုသစရိတ္အတြက္ 400,000 yuan ကိုအသုံးျပဳခဲ့ၿပီးၿပီျဖစ္ၿပီး ၊ အေႂကြေတြလည္းအမ်ားႀကီးတင္ေနလ်က္ရွိေၾကာင္းသိရပါတယ္ ။ ကံေကာင္းစြာနဲ႔သူမတို႔သားအမိရဲ႕ဓာတ္ပုံဟာပ်ံ႕ႏွံ႔သြားခဲ့ၿပီး 5 ရက္အၾကာမွာေတာ့ Xiaoxingxin ေဖာင္ေဒးရွင္းမွသားငယ္ေလးအတြက္ ေနာက္ထပ္လိုအပ္တဲ့ေဆးကုသစရိတ္မ်ားကို အကုန္လုံးအကုန္အက်ခံၿပီး ကုသေပးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ယခုလက္ရွိမွာေတာ့သားငယ္ေလးရဲ႕က်န္းမာေရးဟာ အေတာ္ေလးေကာင္းမြန္ေနၿပီျဖစ္ေၾကာင္းသိရွိရပါတယ္ ။