သာသနာ့အောင်မြေနေရာမှာ ဒီလိုရိုက်ပြသွားတာ ဘယ်လိုအရေးယူကြမလဲ

မြန်မာနိုင်ငံအလယ်ဗဟိုချက်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၊ ကူမဲမြို့၊ မြသုခရွာအနီးရှိ ပြက္ခရွေ တောင်ပေါ်မှာရှိပါတယ်။

ယင်းနေရာဟာ ကမ္ဘာ့တည်နေရာပြစနစ် (GPS) တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်မှာပါ။ မြန်မာနိုင်ငံရဲ့အလယ် ဗဟိုချက်မအမှတ်အသား ကျောက်တိုင် တစ်ခုကို မြန်မာနိုင်ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားတာကိုတွေ့နိုင်ပါတယ်။ဒီဇင်ဘာ ၂၇ ရက် ၂၀၂၀မြန်မာပြည် အလယ်ဗဟိုဌာနသာသနာ့အောင်မြေမန္တလေးတိုင်းဒေသကြီး မြစ်သာမြို့နယ်သာသနာရေး ဝန်ကြီးဌာန မှ သိရှိနိုင်စေရန်

အများသူငါ အထွဋ်အမြတ်ထားရာနေရာမှာ အခုလိုတော့ မတော်တရော် မလုပ်သင့်ဘူးထင်ပါတယ်။ အဲဒီအတွက် ဘယ်သူတွေက အရေးယူပေးကြမလဲဗျာ။ ဓာတ်ပုံရိုက်စရာနေရာ ဒီလောက်တောင်ရှားနေပီလားဗျာ။ လူအများအာရုံစိုက်တာခံချင်ရင်လည်း အဖော်အချွတ်တွေရိုက်တင်လိုက်စမ်းပါ။ တစ်ပါတ်အတွင်းလူသိန်းချီပီး အားပေးကြပါလိမ့်မယ်။

ဘယ်လိုအသိုင်းအဝိုင်းက ပေါက်ဖွားလာသလဲမသိပါဘူး။ မိဘဖြစ်သူတွေကလည်း မပြောဆိုမဆုံးမတာလား၊ အလိုတေလုပ်နေတာကို မသိတာလား၊ ရိုက်ကူးသူကိုယ်တိုင်ကရော ဒီလောက်လေးတောင် အသိတရားမရှိဘူးလားဗျာ

crd

Zawgyi





crdc