သာကူယိုတွေ ဘာတွေညာတွေလုပ်စားနေတဲ့ သာကူစေ့ကို ဘယ်ကရလဲဆိုတာသိပြီးပြီလား

သာကူစေ့ဘယ်ကစဖြစ်လဲဆိုတာ သိလိုက်ရသောအခါ ဗဟုသုတရရှိစေမည့် အကြောင်းအရာလေးတစ်ခု ဖော်ပြပေးချင်ပါတယ်။

ကျွန်တော်တို့ ထန်းလျက်သာကူ/သကြားသာကူနှင့် သာကူစေ့ပါဝင်သော အစားအစာတွေ အများအားဖြင့်စားသုံးဖူးကြပါတယ်။ သာကူစေ့ကို saksak, rabia ,sago and sagu ဆိုပြီး ရေးသားခေါ်ဆိုပါတယ်။

ဒါပေမဲ့သာကူစေ့ကို ဘယ်လိုပြုလုပ်သလဲ သာကူစေ့အတွက် ကုန်ကြမ်းပစ္စည်း (raw materials)ကို ဘယ်ကရသလဲဆိုတာ သိရှိထားသူနည်းပါးနိုင်ပါတယ်။

ကျွန်တော် ပြောပြပါ့မယ်သာကူစေ့အတွက် အဓိကကုန်ကြမ်း ပစ္စည်းဟာ ဆာဂူပင် (Metroxylon sago palm)မှ ရရှိပါတယ်၊၊ ဆန်၊ဂျုံနှင့်ကလောမှုန့်ဖြင့်ပြုလုပ်တဲ့ သာဂူစေ့တွေဟာ သာဂူစေ့အစစ်မဟုတ်ပါ။

ဆာဂူပင်ဆိုတာက ဆီအုန်းပင် ၊အုန်းပင်များနှင့်ဆင်တူပြီး ဒီအပင်တွေဟာ အာဖရိက၊မလေးရှား၊အင်ဒိုနီးရှားနှင့် ကုန်းမြင့်မြေပြန့်ဒေသတွေမှာ မြင်တွေ့နိုင်ပါတယ်။

ဆာဂူပင်ရဲ့အပြင်ပိုင်းအလွှာဟာ အုန်းပင်ကဲ့သို့မာကြောပြီး သူရဲ့အတွင်းသားဟာ အရမ်းနူးညံ့ပါတယ်။ ဆာဂူပင်၏ အတွင်းပိုင်းအသားများကို ခွဲခြမ်းစိတ်မွှာပြီး အရည်ညစ်ယူပါတယ်။ ၎င်းအရည်ကို အရည်ကြည်ခံအနယ်ထိုင်စေပြီး ကျန်ရှိတဲ့အနှစ်ကို နေလှန်း၍ ရရှိလာသောအမှုန့်ကို သာကူစေ့အပြင် အခြားသော စားသောက်ကုန်လုပ်ငန်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

ဆာဂူပင်ဟာ တောတွင်းနေအာဖရိကမျိုးနွယ်စုတွေရဲ့အဓိကအစားအစာ တစ်မျိုးလည်းဖြစ်ပါတယ်။ ဆာဂူပင်ကိုပိုင်းဖြတ်ပြီး ထက်ခြမ်းခွဲ၍ ကျွဲ၊နွားနှင့်ဆိတ်များကိုလည်း ကျွေးနိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

Credit

Zawgyi

သာကူေစ့ဘယ္ကစျဖစ္လဲဆိုတာ သိလိုက္ရေသာအခါ ဗဟုသုတရရွိေစမည့္ အေၾကာင္းအရာေလးတစ္ခု ေဖာ္ျပေပးခ်င္ပါတယ္။

ကြၽန္ေတာ္တို႔ ထန္းလ်က္သာကူ/သၾကားသာကူႏွင့္ သာကူေစ့ပါဝင္ေသာ အစားအစာေတြ အမ်ားအားျဖင့္စားသုံးဖူးၾကပါတယ္။ သာကူေစ့ကို saksak, rabia ,sago and sagu ဆိုၿပီး ေရးသားေခၚဆိုပါတယ္။

ဒါေပမဲ့သာကူေစ့ကို ဘယ္လိုျပဳလုပ္သလဲ သာကူေစ့အတြက္ ကုန္ၾကမ္းပစၥည္း (raw materials)ကို ဘယ္ကရသလဲဆိုတာ သိရွိထားသူနည္းပါးႏိုင္ပါတယ္။

ကြၽန္ေတာ္ ေျပာျပပါ့မယ္သာကူေစ့အတြက္ အဓိကကုန္ၾကမ္း ပစၥည္းဟာ ဆာဂူပင္ (Metroxylon sago palm)မွ ရရွိပါတယ္၊၊ ဆန္၊ဂ်ဳံႏွင့္ကေလာမႈန႔္ျဖင့္ျပဳလုပ္တဲ့ သာဂူေစ့ေတြဟာ သာဂူေစ့အစစ္မဟုတ္ပါ။

ဆာဂူပင္ဆိုတာက ဆီအုန္းပင္ ၊အုန္းပင္မ်ားႏွင့္ဆင္တူၿပီး ဒီအပင္ေတြဟာ အာဖရိက၊မေလးရွား၊အင္ဒိုနီးရွားႏွင့္ ကုန္းျမင့္ေျမျပန႔္ေဒသေတြမွာ ျမင္ေတြ႕ႏိုင္ပါတယ္။

ဆာဂူပင္ရဲ႕အျပင္ပိုင္းအလႊာဟာ အုန္းပင္ကဲ့သို႔မာေၾကာၿပီး သူရဲ႕အတြင္းသားဟာ အရမ္းႏူးညံ့ပါတယ္။ ဆာဂူပင္၏ အတြင္းပိုင္းအသားမ်ားကို ခြဲျခမ္းစိတ္မႊာၿပီး အရည္ညစ္ယူပါတယ္။ ၎အရည္ကို အရည္ၾကည္ခံအနယ္ထိုင္ေစၿပီး က်န္ရွိတဲ့အႏွစ္ကို ေနလွန္း၍ ရရွိလာေသာအမႈန႔္ကို သာကူေစ့အျပင္ အျခားေသာ စားေသာက္ကုန္လုပ္ငန္းေတြမွာ ထည့္သြင္းအသုံးျပဳပါတယ္။

ဆာဂူပင္ဟာ ေတာတြင္းေနအာဖရိကမ်ိဳးႏြယ္စုေတြရဲ႕အဓိကအစားအစာ တစ္မ်ိဳးလည္းျဖစ္ပါတယ္။ ဆာဂူပင္ကိုပိုင္းျဖတ္ၿပီး ထက္ျခမ္းခြဲ၍ ကြၽဲ၊ႏြားႏွင့္ဆိတ္မ်ားကိုလည္း ေကြၽးႏိုင္ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ပါသည္။

Credit