သမီးအရင်းဖြစ်သူရဲ့ အိမ်ပေါ်ကနှင်ချတာကိုခံခဲ့ရတဲ့ အသက်(၇၅)နှစ်အရွယ်ဖခင်ကြီး

အင်္ဂလန်နိုင်ငံ၊ မစ်ဒယ်ဘရော့မှာနေထိုင်တဲ့ Frank Jones လို့အမည်ရတဲ့ အသက်(၇၅)နှစ်အရွယ် ပင်စင်စားအဖိုးအိုဟာ ဒီအသက်ဒီအရွယ်ရောက်မှ သမီးအရင်းကိုယ်တိုင်က အိမ်ကနှင်ချတာကိုခံခဲ့ရပါတယ်။ Jones ရဲ့ဇနီး Frances ဟာ အသက်(၇၉)နှစ်ရှိပြီဖြစ်ပြီး၊ သူမကိုတော့သမီးအရင်းဖြစ်သူက Dementia ရောဂါသည်တွေစောင့်ရှောက်တဲ့ဂေဟာကို ပို့ခဲ့ပါတယ်။

အခုအခါမှာ Jones ဟာ အလွန်စိတ်မကောင်းဖြစ်နေပြီး၊ (၅၃)နှစ်ကြာအိမ်ထောင်သက်ခိုင်မြဲခဲ့တဲ့ ဇနီးသည်အတွက် အိမ်မရှိတော့ဘူးလို့ဆိုပါတယ်။ Jones ကိုနှင်ချခဲ့တဲ့ သမီးကြီးကတော့ Lisa Crossman ဖြစ်ပြီး သူမကအသက် (၃၃)နှစ်အရွယ်ရှိပါပြီ။ တကယ်တော့ဒီအိမ်ကို မိဘတွေဆီကနေ အချိုအချောင်ရလို့ Lisa က ပြန်ဝယ်ထားတာပါ။

အဲဒီနောက်မကြာမီမှာ မိခင်ကြီးကိုစောင့်ရှောက်ရေးဂေဟာပို့ခဲ့ပြီး ဖခင်ဖြစ်သူကိုတော့ အိမ်ကနေထွက်သွားဖို့ပြောခဲ့ပါတယ်။ မကြာမီမှာသူမက ဒီအိမ်ကိုပြန်ရောင်းတော့မှာလို့ဆိုပါတယ်။ Jones ကတော့ သူ့ရဲဇနီးဆေးရုံကပြန်လာတဲ့အခါ နေစရာအိမ်မရှိတော့မှာကို စိုးရိမ်နေတာပါ။

သူက Mirror သတင်းစာနဲ့တွေ့ဆုံစဉ်မှာ ” အခုတော့သင်တော်သလို ရွက်ဖျင်တဲလေးထိုးပြီးနေရမှာပေါ့ ဒါပေမယ့်ဇနီးနဲ့အတူ ကိုယ့်အိမ်ကိုပြန်လိုချင်ပါတယ် ကျွန်တော်အခုဆို ကောင်းကောင်းမအိပ်ရလို့ (၈)ပေါင်အထိ အလေးချိန်ကျဆင်းသွားပါပြီ အခုဆိုသမီးတွေမြေးတွေကို မမြင်ရတော့ဘူးပေါ့ သူတို့ကိုဆုံးရှုံးခဲ့ရလို့ သိပ်ကိုရှက်မိပါတယ် “လို့ ပြောခဲ့ပါတယ်။

Lisa ဟာ ၂၀၀၄ ခုနှစ်က ပေါင် (၁၄၀,၀၀၀)တန်တဲ့ အိမ်ကို ပေါင် (၆) သောင်းနဲ့ဈေးဖြတ်ပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မိဘနှစ်ဦးစလုံးကို ခြံထဲကဘန်ဂလိုကိုပြောင်းရွှေ့နေစေပြီး ဒီအတိုင်းအလကားထားတာတော့ မဟုတ်ပါဘူး။ သူ့ကို တစ်လပေါင် (၃၂၀)ပေးရပါတယ်။ မကြာမီမှာပဲ ဇနီးဖြစ်သူက ဆေးရုံတက်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်သမီးဖြစ်သူ Lisa ကတော့ သူမရဲ့လုပ်ရပ်ကို ကာကွယ်ပြောကြားခဲ့ပါတယ်။ သူမက “အဖေကရှင်တို့မသိလို့ပါ သိပ်ကြောက်စရာကောင်းတယ် အခုအမေလည်း ဒီမှာမရှိတော့ သူ့ကို ကာကွယ်ပေးမယ့်သူမရှိတော့ဘူး ဒီတော့ကျွန်မတို့ ညီအစ်မနှစ်ယောက် ဆက်ပြီးတိုင်ပင်ခဲ့တယ် ဒီလိုလုပ်မှအိမ်ကို အရှင်းပိုင်ရမှာပါ “လို့ ပြောခဲ့ပါတယ်။

Zawgyi

အဂၤလန္ႏိုင္ငံ၊ မစ္ဒယ္ဘေရာ့မွာေနထိုင္တဲ့ Frank Jones လို႔အမည္ရတဲ့ အသက္(၇၅)ႏွစ္အ႐ြယ္ ပင္စင္စားအဖိုးအိုဟာ ဒီအသက္ဒီအ႐ြယ္ေရာက္မွ သမီးအရင္းကိုယ္တိုင္က အိမ္ကႏွင္ခ်တာကိုခံခဲ့ရပါတယ္။ Jones ရဲ႕ဇနီး Frances ဟာ အသက္(၇၉)ႏွစ္ရွိၿပီျဖစ္ၿပီး၊ သူမကိုေတာ့သမီးအရင္းျဖစ္သူက Dementia ေရာဂါသည္ေတြေစာင့္ေရွာက္တဲ့ေဂဟာကို ပို႔ခဲ့ပါတယ္။

အခုအခါမွာ Jones ဟာ အလြန္စိတ္မေကာင္းျဖစ္ေနၿပီး၊ (၅၃)ႏွစ္ၾကာအိမ္ေထာင္သက္ခိုင္ၿမဲခဲ့တဲ့ ဇနီးသည္အတြက္ အိမ္မရွိေတာ့ဘူးလို႔ဆိုပါတယ္။ Jones ကိုႏွင္ခ်ခဲ့တဲ့ သမီးႀကီးကေတာ့ Lisa Crossman ျဖစ္ၿပီး သူမကအသက္ (၃၃)ႏွစ္အ႐ြယ္ရွိပါၿပီ။ တကယ္ေတာ့ဒီအိမ္ကို မိဘေတြဆီကေန အခ်ိဳအေခ်ာင္ရလို႔ Lisa က ျပန္ဝယ္ထားတာပါ။

အဲဒီေနာက္မၾကာမီမွာ မိခင္ႀကီးကိုေစာင့္ေရွာက္ေရးေဂဟာပို႔ခဲ့ၿပီး ဖခင္ျဖစ္သူကိုေတာ့ အိမ္ကေနထြက္သြားဖို႔ေျပာခဲ့ပါတယ္။ မၾကာမီမွာသူမက ဒီအိမ္ကိုျပန္ေရာင္းေတာ့မွာလို႔ဆိုပါတယ္။ Jones ကေတာ့ သူ႔ရဲဇနီးေဆး႐ုံကျပန္လာတဲ့အခါ ေနစရာအိမ္မရွိေတာ့မွာကို စိုးရိမ္ေနတာပါ။

သူက Mirror သတင္းစာနဲ႔ေတြ႕ဆုံစဥ္မွာ ” အခုေတာ့သင္ေတာ္သလို ႐ြက္ဖ်င္တဲေလးထိုးၿပီးေနရမွာေပါ့ ဒါေပမယ့္ဇနီးနဲ႔အတူ ကိုယ့္အိမ္ကိုျပန္လိုခ်င္ပါတယ္ ကြၽန္ေတာ္အခုဆို ေကာင္းေကာင္းမအိပ္ရလို႔ (၈)ေပါင္အထိ အေလးခ်ိန္က်ဆင္းသြားပါၿပီ အခုဆိုသမီးေတြေျမးေတြကို မျမင္ရေတာ့ဘူးေပါ့ သူတို႔ကိုဆုံးရႈံးခဲ့ရလို႔ သိပ္ကိုရွက္မိပါတယ္ “လို႔ ေျပာခဲ့ပါတယ္။

Lisa ဟာ ၂၀၀၄ ခုႏွစ္က ေပါင္ (၁၄၀,၀၀၀)တန္တဲ့ အိမ္ကို ေပါင္ (၆) ေသာင္းနဲ႔ေဈးျဖတ္ၿပီး ဝယ္ယူခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း မိဘႏွစ္ဦးစလုံးကို ၿခံထဲကဘန္ဂလိုကိုေျပာင္းေ႐ႊ႕ေနေစၿပီး ဒီအတိုင္းအလကားထားတာေတာ့ မဟုတ္ပါဘူး။ သူ႔ကို တစ္လေပါင္ (၃၂၀)ေပးရပါတယ္။ မၾကာမီမွာပဲ ဇနီးျဖစ္သူက ေဆး႐ုံတက္ရဖို႔ ျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္သမီးျဖစ္သူ Lisa ကေတာ့ သူမရဲ႕လုပ္ရပ္ကို ကာကြယ္ေျပာၾကားခဲ့ပါတယ္။ သူမက “အေဖကရွင္တို႔မသိလို႔ပါ သိပ္ေၾကာက္စရာေကာင္းတယ္ အခုအေမလည္း ဒီမွာမရွိေတာ့ သူ႔ကို ကာကြယ္ေပးမယ့္သူမရွိေတာ့ဘူး ဒီေတာ့ကြၽန္မတို႔ ညီအစ္မႏွစ္ေယာက္ ဆက္ၿပီးတိုင္ပင္ခဲ့တယ္ ဒီလိုလုပ္မွအိမ္ကို အရွင္းပိုင္ရမွာပါ “လို႔ ေျပာခဲ့ပါတယ္။