သဘင်အစည်းအရုံး(ဗဟို) ဥက္ကဌ တာဝန်ကနေနုတ်ထွက်လိုက်တဲ့သဘင် ပညာရှင်ဖိုးချစ်

“ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဌတာဝန်ကနုတ်ထွက်လိုက်ပါပြီဗျို့” လို့ သဘင် ပညာရှင်ဖိုးချစ်က သူ့ရဲ့ဆိုရှယ်မီဒီယာထက်မှာ ရေးသားထားတာပါ။ သဘင် ပညာ ရှင်ဖိုးချစ်ရဲ့ ဥက္ကဌသက်တမ်းအတွင်းမှာ ဘဘင်လောကသားတွေ တော်တော်များများကို ကူညီစောင့်ရှောက်ပေးမှု တွေ ပြုလုပ်ခဲ့သလို၊ ဥက္ကဌ တစ်ဦးရဲ့ လုပ်ကိုင်ရမယ့် တာဝန်တွေကိုလည်း ကျေပွန်စွာလုပ်ကိုင်ခဲ့တာကို အားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်။

ဖိုးချစ်ကတော့ သဘင်လောကကအနုပညာရှင်တွေအားလုံး ထောက်ခံကြတဲ့ အသက်ငယ်ရွယ်တဲ့ သဘင်အစည်းအရုံး(ဗဟို) ရဲ့ဥက္ကဌအဖြစ်လည်း ထင်ရှားပါတယ်။ လက်ရှိနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့လည်း “ ပုဂ္ဂိုလ်နဲ့စနစ် ခွဲခြားဖို့အမြဲ ပြောခဲ့ တယ်ဗျာ။ အခုလိုလုပ်တဲ့စနစ် မကောင်းဘူး ဆိုတာသိလို့ ပြင်ခဲ့ကြတယ်လေ။ ဘာလို့ နောက်ပြန်ဆုတ်မှာလဲ အနိုင်ကျင့်တဲ့ လုပ်ရပ်မှန်သမျှ ဆန့်ကျင်တယ်ဗျာ။

ပုဂ္ဂိုလ်ရေး အမုန်းမရှိ၊ စနစ်မကောင်း လုပ်ရပ်မကောင်းဘူးလို့ လက်ခံတဲ့အတွက် လက်ရှိအနေ အထားကိုကန့်ကွက်ပါတယ် မကြိုက်ပါဘူး ဗျာ။ ကိုယ့်မှာရှိတဲ့ အားနဲ့ အများအတွက် အကျိုးဖြစ်အောင်လုပ်ဆောင်ပါမှ တန်ဖိုးပါ။ ကိုယ့်ရှိတဲ့အားကအများ စိတ်မချမ်းသာ စရာ တရားမျှတမှုမရှိရင်အကုသိုလ်ပါပဲ။ တရားမျှတမှု အမြန်ဆုံးရရပါစေ” လို့ သဘင်ပညာရှင်ဖိုးချစ်က ရေးသားထားပါတယ်။

Photo Credit

Zawgyi

“ သဘင္အစည္းအ႐ုံး(ဗဟို) ဥကၠဌတာဝန္ကႏုတ္ထြက္လိုက္ပါၿပီဗ်ိဳ႕” လို႔ သဘင္ ပညာရွင္ဖိုးခ်စ္က သူ႔ရဲ႕ဆိုရွယ္မီဒီယာထက္မွာ ေရးသားထားတာပါ။ သဘင္ ပညာ ရွင္ဖိုးခ်စ္ရဲ႕ ဥကၠဌသက္တမ္းအတြင္းမွာ ဘဘင္ေလာကသားေတြ ေတာ္ေတာ္မ်ားမ်ားကို ကူညီေစာင့္ေရွာက္ေပးမႈ ေတြ ျပဳလုပ္ခဲ့သလို၊ ဥကၠဌ တစ္ဦးရဲ႕ လုပ္ကိုင္ရမယ့္ တာဝန္ေတြကိုလည္း ေက်ပြန္စြာလုပ္ကိုင္ခဲ့တာကို အားလုံးေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ဖိုးခ်စ္ကေတာ့ သဘင္ေလာကကအႏုပညာရွင္ေတြအားလုံး ေထာက္ခံၾကတဲ့ အသက္ငယ္႐ြယ္တဲ့ သဘင္အစည္းအ႐ုံး(ဗဟို) ရဲ႕ဥကၠဌအျဖစ္လည္း ထင္ရွားပါတယ္။ လက္ရွိႏိုင္ငံအေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ ပုဂၢိဳလ္နဲ႔စနစ္ ခြဲျခားဖို႔အၿမဲ ေျပာခဲ့ တယ္ဗ်ာ။ အခုလိုလုပ္တဲ့စနစ္ မေကာင္းဘူး ဆိုတာသိလို႔ ျပင္ခဲ့ၾကတယ္ေလ။ ဘာလို႔ ေနာက္ျပန္ဆုတ္မွာလဲ အႏိုင္က်င့္တဲ့ လုပ္ရပ္မွန္သမွ် ဆန႔္က်င္တယ္ဗ်ာ။

ပုဂၢိဳလ္ေရး အမုန္းမရွိ၊ စနစ္မေကာင္း လုပ္ရပ္မေကာင္းဘူးလို႔ လက္ခံတဲ့အတြက္ လက္ရွိအေန အထားကိုကန႔္ကြက္ပါတယ္ မႀကိဳက္ပါဘူး ဗ်ာ။ ကိုယ့္မွာရွိတဲ့ အားနဲ႔ အမ်ားအတြက္ အက်ိဳးျဖစ္ေအာင္လုပ္ေဆာင္ပါမွ တန္ဖိုးပါ။ ကိုယ့္ရွိတဲ့အားကအမ်ား စိတ္မခ်မ္းသာ စရာ တရားမွ်တမႈမရွိရင္အကုသိုလ္ပါပဲ။ တရားမွ်တမႈ အျမန္ဆုံးရရပါေစ” လို႔ သဘင္ပညာရွင္ဖိုးခ်စ္က ေရးသားထားပါတယ္။

Photo Credit