သန်းကြွယ်သူဌေးဖြစ်လာတဲ့အခါ မွေးရပ်မြေရွာက အိမ်တွေကို ဇိမ်ခံတိုက်ခန်းတွေအဖြစ် ပြောင်းလဲပေးခဲ့သူ

လူတစ်ယောက်ဟာ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်သွားတဲ့အခါ သူ့ရဲ့မွေးရပ်မြေကို တိုးတက်အောင်လုပ်ပေးတယ် ဆိုတဲ့အကြောင်းကို ပုံပြင်တွေမှာဖတ်ဖူးခဲ့ပါလိမ့်မယ်။ တကယ့် လက်တွေ့ဘဝမှာလည်း အဲဒီလိုဖြစ်ရပ်တွေ တကယ်ရှိပါတယ်။

Xiong Shuihua ဆိုတဲ့ အမျိုးသားကို တရုတ်နိုင်ငံတောင်ပိုင်း Xinju မြို့၊ Xiongkeng ရွာမှာမွေးဖွားခဲ့ပါတယ်။ အဲဒီရွာလေးက လူတွေသူငယ်စဉ်က သူတို့မိဘတွေကို သေချာစောင့်ရှောက်ပေးပြီး ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ Shihua ဟာ စတီးစက်ရုံတည်ထောင်ပြီး သန်းကြွယ်သူဌေး ဖြစ်သွားပါတယ်။ သူအောင်မြင်လာတဲ့အခါ သူ့ရဲ့မွေးရပ်မြေကို ပြန်လည်ကျေးဇူးပြုဖို့ စိတ်ကူးရခဲ့ပါတယ်။

Shuihua က ရွာကိုပြန်ရောက်တဲ့အခါ ရွာကလူတွေအားလုံးကို အိမ်ပိုင်ရအောင် ဖန်တီးပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် ရွာထဲက မိသားစုပေါင်း ၇၂ စုအတွက် ဇိမ်ခံတိုက်ခန်းပေါင်း ၇၂ ခန်း ဆောက်လုပ်ပေးခဲ့ပါတယ်။

သူငယ်စဉ်ကတည်းက သူတို့မိသားစုကို အရမ်းကြင်နာဂရုစိုက်ခဲ့တဲ့ မိသားစု ၁၈ စုအတွက် villa တွေ ဆောက်လုပ်ပေးခဲ့ပါတယ်။ Project အတွက် စုစုပေါင်းကုန်ကျငွေက ဒေါ်လာ ၅ သန်းပါ။

မိသားစုတွေ ပြောင်းရွှေ့နေထိုင်ကြတဲ့အခါ အသက်ကြီးတဲ့ အဘိုးအဘွားတွေအတွက်နဲ့ ဝင်ငွေနည်းတဲ့သူတွေအတွက် တစ်နေ့ကိုသုံးခါ ထမင်းကျွေးမယ်လို့လည်း ကတိပေးခဲ့ပါသေးတယ်။

” အရမ်းကြင်နာတတ်တဲ့ သူ့မိဘတွေကို ကျွန်တော်မှတ်မိနေသေးတယ်။ သူ့မိဘတွေက တခြားသူတွေအပေါ်မှာလည်း စိတ်ကောင်းရှိတယ်။ ကြင်နာတတ်တဲ့ သူတို့ရဲ့အမွေကို သူ့သားကဆက်ခံရရှိခဲ့တာပါ” လို့ အသက် ၇၅ နှစ်အရွယ် အဘိုး Qiong Chu က ပြောပါတယ်။

” ကျွန်တော်လုပ်ချင်တာတွေလုပ်ရဖို့ ငွေတွေအများကြီး ရှာနိုင်ခဲ့တယ်။ ကျွန်တော်ကြီးပြင်းခဲ့တဲ့ အောက်ခြေဘဝကို မမေ့ပါဘူး။ ကျွန်တော့်မိဘတွေအပေါ် ကူညီခဲ့တာတွေအပေါ် ကျွန်တော်က ပြန်ပြီးကျေးဇူးပြု ချင်တာပါ” လို့ Shihua က ပြောပါတယ်။ ဒီအကြောင်းလေးကတော့ ကြားရသူတွေအဖို့ အရမ်းကို စိမ်ချမ်းသာသွားစေပါတယ်။

 

Zawgyi

လူတစ္ေယာက္ဟာ သန္းႂကြယ္သူေဌးတစ္ေယာက္ ျဖစ္သြားတဲ့အခါ သူ႔ရဲ႕ေမြးရပ္ေျမကို တိုးတက္ေအာင္လုပ္ေပးတယ္ ဆိုတဲ့အေၾကာင္းကို ပုံျပင္ေတြမွာဖတ္ဖူးခဲ့ပါလိမ့္မယ္။ တကယ့္ လက္ေတြ႕ဘဝမွာလည္း အဲဒီလိုျဖစ္ရပ္ေတြ တကယ္ရွိပါတယ္။

Xiong Shuihua ဆိုတဲ့ အမ်ိဳးသားကို တ႐ုတ္ႏိုင္ငံေတာင္ပိုင္း Xinju ၿမိဳ႕၊ Xiongkeng ႐ြာမွာေမြးဖြားခဲ့ပါတယ္။ အဲဒီ႐ြာေလးက လူေတြသူငယ္စဥ္က သူတို႔မိဘေတြကို ေသခ်ာေစာင့္ေရွာက္ေပးၿပီး ေထာက္ပံ့ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ေနာက္ပိုင္းမွာေတာ့ Shihua ဟာ စတီးစက္႐ုံတည္ေထာင္ၿပီး သန္းႂကြယ္သူေဌး ျဖစ္သြားပါတယ္။ သူေအာင္ျမင္လာတဲ့အခါ သူ႔ရဲ႕ေမြးရပ္ေျမကို ျပန္လည္ေက်းဇူးျပဳဖို႔ စိတ္ကူးရခဲ့ပါတယ္။

Shuihua က ႐ြာကိုျပန္ေရာက္တဲ့အခါ ႐ြာကလူေတြအားလုံးကို အိမ္ပိုင္ရေအာင္ ဖန္တီးေပးဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ႐ြာထဲက မိသားစုေပါင္း ၇၂ စုအတြက္ ဇိမ္ခံတိုက္ခန္းေပါင္း ၇၂ ခန္း ေဆာက္လုပ္ေပးခဲ့ပါတယ္။

သူငယ္စဥ္ကတည္းက သူတို႔မိသားစုကို အရမ္းၾကင္နာဂ႐ုစိုက္ခဲ့တဲ့ မိသားစု ၁၈ စုအတြက္ villa ေတြ ေဆာက္လုပ္ေပးခဲ့ပါတယ္။ Project အတြက္ စုစုေပါင္းကုန္က်ေငြက ေဒၚလာ ၅ သန္းပါ။

မိသားစုေတြ ေျပာင္းေ႐ႊ႕ေနထိုင္ၾကတဲ့အခါ အသက္ႀကီးတဲ့ အဘိုးအဘြားေတြအတြက္နဲ႔ ဝင္ေငြနည္းတဲ့သူေတြအတြက္ တစ္ေန႔ကိုသုံးခါ ထမင္းေကြၽးမယ္လို႔လည္း ကတိေပးခဲ့ပါေသးတယ္။

” အရမ္းၾကင္နာတတ္တဲ့ သူ႔မိဘေတြကို ကြၽန္ေတာ္မွတ္မိေနေသးတယ္။ သူ႔မိဘေတြက တျခားသူေတြအေပၚမွာလည္း စိတ္ေကာင္းရွိတယ္။ ၾကင္နာတတ္တဲ့ သူတို႔ရဲ႕အေမြကို သူ႔သားကဆက္ခံရရွိခဲ့တာပါ” လို႔ အသက္ ၇၅ ႏွစ္အ႐ြယ္ အဘိုး Qiong Chu က ေျပာပါတယ္။

” ကြၽန္ေတာ္လုပ္ခ်င္တာေတြလုပ္ရဖို႔ ေငြေတြအမ်ားႀကီး ရွာႏိုင္ခဲ့တယ္။ ကြၽန္ေတာ္ႀကီးျပင္းခဲ့တဲ့ ေအာက္ေျခဘဝကို မေမ့ပါဘူး။ ကြၽန္ေတာ့္မိဘေတြအေပၚ ကူညီခဲ့တာေတြအေပၚ ကြၽန္ေတာ္က ျပန္ၿပီးေက်းဇူးျပဳ ခ်င္တာပါ” လို႔ Shihua က ေျပာပါတယ္။ ဒီအေၾကာင္းေလးကေတာ့ ၾကားရသူေတြအဖို႔ အရမ္းကို စိမ္ခ်မ္းသာသြားေစပါတယ္။