သတင်းကောင်း – ယုဇနကုမ္ပဏီက မတရားသိမ်းယူထားသည့် မြေများကို ကေအိုင်အေကသိမ်းပြီး ဒေသခံတောင်သူများအား ပြန်လည်ခွဲဝေပေး

ကချင်ပြည်နယ်၊ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီဝန်ထမ်းများ ထွက်ခွာသွားပြီးနောက် ဒေသခံများက ကျေးရွာ အလိုက် မြေယာစီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းကာ ဒေသခံတောင်သူများအားလုံး မြေပိုင်ဆိုင်ရေးမူဖြင့် မြေများကို ခွဲဝေလျက်ရှိကြောင်းသိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း လီဒိုလမ်းမကြီးပေါ်ရှိ ဖားကန့်နှင့် တနိုင်းမြို့နယ်တို့အတွင်းမှ ဒေသခံတောင်သူများ၏ မြေ ဧက ၂သိန်းကျော်ကိုယုဇနကုမ္ပဏီကသိမ်းဆည်းထားသည်မှာ ၁၅ နှစ်ကျော်ရှိပြီဖြစ်သည်။ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဧပြီ ၁ရက်တွင် ယုဇနကုမ္ပဏီဝန်းကို မီးရှို့လိုက်သဖြင့်ဝန်ထမ်းများစွန့်ခွာသွား ကြပြီးနောက်မူလမြေပိုင်ရှင်ဒေသခံများကမြေများကို ပြန်သိမ်းယူပြီးယခုအခါခွဲဝေနေကြခြင်းလည်းဖြစ်သည်။

ဟူးကောင်းချိုင့်ဝမ်းဒေသမှ တောင်သူတဦးက “ကျနော်တို့မှာက ကျေးရွာအလိုက် မြေယာစီမံခန့်ခွဲတဲ့ကော်မတီ ဖွဲ့ပြီးတော့ စနစ်တကျစီမံပြီးမှဒေသခံများမြေမပိုင်ဆိုင်မှုလုံးဝမရှိအောင် ရည်ရွယ်ချက်နဲ့ မုဆိုးမ ဖြစ်ပါစေ အနည်းဆုံး မြေ ၅ ဧက ပိုင်ရမယ်ဆိုပြီးတော့မှ ဦးတည်ချက်ထားပြီးမြေယာကိုခွဲဝေနေကြတယ်။

နဂိုက မြေယာသိမ်းခံရတဲ့ တောင်သူတွေကိုတော့ဦးစားပေးပြီး လယ်ယာတွေချထားပေးတာကိုဆက်လက်လုပ်နေကြပါတယ်။ ကျေးရွာအလိုက်မြေယာစီမံခန့်ခွဲတဲ့ကော်မတီဆိုပြီးကျနော်တို့က စနစ်တကျဖွဲ့စည်းပြီးမှလုပ်နေပါတယ်” ဟုရှင်းပြသည်။

ပြန်လည်သိမ်းဆည်းထားသည့်မြေများပေါ်တွင်ဒေသခံတောင်သူများက စပါးများစိုက်ပျိုးနေကြပြီဖြစ်ပြီး ဆောင်းရာသီတွင်လည်းတခြားသီးနှံများစိုက်ပျိုးရန်အစီအစဉ် ပြုလုပ်ထားကြောင်းတောင်သူများကပြောသည်။ဝန်ထမ်းများစွန့်ခွာသွားသဖြင့်ကျန်နေခဲ့သည့်ယုဇနကုမ္ပဏီဝန်းအတွင်းမှအဆောက်အဦကိုလည်း မေ ၁၉ ရက်ည ၈ နာရီဝန်းကျင်တွင် KIA တပ်ဖွဲ့ဝင်များကဘူဒိုဇာဖြင့်ထပ်မံဖြိုချသွားကြောင်းဒေသခံများထံမှသိရသည်။

ဒေသခံတဦးက “ဧပြီ ၁ ရက်မှာ KIA က ယုဇနကုမ္ပဏီကို မီးရှို့ပြီး ဖျက်ဆီးလိုက်တယ်။ ကျန်တဲ့ အဆောက်အဦတွေနဲ့ တံတိုင်းတွေကို မနေ့ည ၉ နာရီမှာ ဆက်ပြီးပြန်လာဖျက်လိုက်တယ်။ အဆောက်အဦကျန်တဲ့စက်ရုံကမဟုတ်ဘဲ ဝန်းထဲ က အိမ်တွေကိုတော့ ဒေသခံတွေကဖျက်ယူနေကြတာ” ဟုပြောဆိုသည်။

ယုဇနကုမ္ပဏီရှိ အဆောက်အဦတချို့ကို ဖြိုဖျက်ရာ၌ ဘူဒိုဇာဖြင့် ဖြိုချခြင်းဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခြင်း ဖြစ်သည်ဟုဒေသခံတချို့ကပြောဆိုသော်လည်း KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုခြင်းမရှိပါ။

ဗိုလ်မှူးကြီးနော်ဘူက “ကျနော်အတိအကျမကြားသိရဘူး။ လိုင်းကနေသတင်းတွေဘာမှမသိဘူး။ပြည်သူလူထုဘက်ကပြောတာတော့ကြားတယ်။ ဒါပေမယ့်ကျနော်ဘာမှတိတိကျကျ အတည်ပြုပေးလို့မရပါဘူး” ဟုပြောသည်။ဟူးကောင်းချိုင့်ဝှမ်းဒေသခံများက ၎င်းတို့၏မြေများပြန်ရရှိရေးအတွက် KIA ဘက်ကကူညီပေးကြောင်း၊လူထုဆန္ဒအရ ယုဇနကုမ္ပဏီကိုဒေသကထွက်သွားအောင်မောင်းထုတ်ပေးသည်ဟူသောပြောဆိုမှုများလည်းရှိနေသည်။ဗိုလ်မှူးကြီးနော်ဘူက ယုဇနကုမ္ပဏီသိမ်းယူထားသည့်မြေများကို ဒေသခံများက ပြည်သူပိုင်ပြန်သိမ်းယူခြင်းနှင့် ပတ် သတ်၍ KIAက အသိအမှတ်ပြုထောက်ခံခြင်း၊တစုံတရာ စွက်ဖက်ခြင်းမရှိပါဟုဆိုသည်။

သို့သော် ယုဇနကုမ္ပဏီအပေါ် သဘောထားနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဒီကုမ္ပဏီကို လူထုရဲ့မြေတွေကို မတ ရားသိမ်းပိုက်တာတွေမလုပ်သင့်ဘူးလို့ပြောထားတာတွေ ရှိပါတယ်။အမြဲတမ်းပြောထားတာရှိပါတယ်။မူအားဖြင့် ပြောထားတာ ရှိပါတယ်။ လက်တွေ့ကတော့လွန်ခဲ့တဲ့လပိုင်းက သူတို့ယန္တရားတွေကို ပစ်ခတ်ပြီးဝင်စီးတာရှိခဲ့ပါတယ်” ဟုပြောဆိုသည်။

ယုဇနကုမ္ပဏီကို ဧပြီ ၁ ရက်က မီးရှို့ရခြင်းမှာ ဒေသခံတောင်သူများ၏ မြေကိစ္စများပါဝင်သည့်အပြင်စစ်ရေးအရလည်း စစ်ကောင်စီတပ်များကိုလက်နက်ခဲယမ်းသိုလှောင်ခွင့်ပေးထားသည်ဟူသော သတင်းများရရှိသဖြင့်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူကဆိုသည်ယုဇနကုမ္ပဏီသည် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ဒေသခံများထံမှ အဓမ္မသိမ်းယူထားသည့် မြေများပေါ်တွင် ပီလောပီနံ စိုက်ပျိုးကာပီလောပီနံအမှုန့်ကြိတ်စက်ရုံကိုလည်း တည်ဆောက်ထားသည်။

အဆိုပါ ကုမ္ပဏီသည် မူလမြေပိုင်ရှင် ဒေသခံတောင်သူများအပေါ် အာဏာပိုင်များနှင့် ပူးပေါင်းကာအနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် မြေပြန်လည်ရရှိရေးကြိုးစားသည့် တောင်သူများကို ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် ကချင်ပြည်နယ်အတွင်းဒေသခံများအကြားနာမည်ဆိုးဖြင့် ကျော်ကြားသည့် ကုမ္ပဏီတခုဖြစ်သည်။

ဧရာဝတီ

Zawgyi

ကခ်င္ျပည္နယ္၊ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသတြင္ ယုဇနကုမၸဏီဝန္ထမ္းမ်ား ထြက္ခြာသြားၿပီးေနာက္ ေဒသခံမ်ားက ေက်း႐ြာ အလိုက္ ေျမယာစီမံခန႔္ခြဲေရးေကာ္မတီမ်ား ဖြဲ႕စည္းကာ ေဒသခံေတာင္သူမ်ားအားလုံး ေျမပိုင္ဆိုင္ေရးမူျဖင့္ ေျမမ်ားကို ခြဲေဝလ်က္ရွိေၾကာင္းသိရသည္။

ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသအတြင္း လီဒိုလမ္းမႀကီးေပၚရွိ ဖားကန႔္ႏွင့္ တႏိုင္းၿမိဳ႕နယ္တို႔အတြင္းမွ ေဒသခံေတာင္သူမ်ား၏ ေျမ ဧက ၂သိန္းေက်ာ္ကိုယုဇနကုမၸဏီကသိမ္းဆည္းထားသည္မွာ ၁၅ ႏွစ္ေက်ာ္ရွိၿပီျဖစ္သည္။ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA)က ဧၿပီ ၁ရက္တြင္ ယုဇနကုမၸဏီဝန္းကို မီးရႈိ႕လိုက္သျဖင့္ဝန္ထမ္းမ်ားစြန႔္ခြာသြား ၾကၿပီးေနာက္မူလေျမပိုင္ရွင္ေဒသခံမ်ားကေျမမ်ားကို ျပန္သိမ္းယူၿပီးယခုအခါခြဲေဝေနၾကျခင္းလည္းျဖစ္သည္။

ဟူးေကာင္းခ်ိဳင့္ဝမ္းေဒသမွ ေတာင္သူတဦးက “က်ေနာ္တို႔မွာက ေက်း႐ြာအလိုက္ ေျမယာစီမံခန႔္ခြဲတဲ့ေကာ္မတီ ဖြဲ႕ၿပီးေတာ့ စနစ္တက်စီမံၿပီးမွေဒသခံမ်ားေျမမပိုင္ဆိုင္မႈလုံးဝမရွိေအာင္ ရည္႐ြယ္ခ်က္နဲ႔ မုဆိုးမ ျဖစ္ပါေစ အနည္းဆုံး ေျမ ၅ ဧက ပိုင္ရမယ္ဆိုၿပီးေတာ့မွ ဦးတည္ခ်က္ထားၿပီးေျမယာကိုခြဲေဝေနၾကတယ္။

နဂိုက ေျမယာသိမ္းခံရတဲ့ ေတာင္သူေတြကိုေတာ့ဦးစားေပးၿပီး လယ္ယာေတြခ်ထားေပးတာကိုဆက္လက္လုပ္ေနၾကပါတယ္။ ေက်း႐ြာအလိုက္ေျမယာစီမံခန႔္ခြဲတဲ့ေကာ္မတီဆိုၿပီးက်ေနာ္တို႔က စနစ္တက်ဖြဲ႕စည္းၿပီးမွလုပ္ေနပါတယ္” ဟုရွင္းျပသည္။

ျပန္လည္သိမ္းဆည္းထားသည့္ေျမမ်ားေပၚတြင္ေဒသခံေတာင္သူမ်ားက စပါးမ်ားစိုက္ပ်ိဳးေနၾကၿပီျဖစ္ၿပီး ေဆာင္းရာသီတြင္လည္းတျခားသီးႏွံမ်ားစိုက္ပ်ိဳးရန္အစီအစဥ္ ျပဳလုပ္ထားေၾကာင္းေတာင္သူမ်ားကေျပာသည္။ဝန္ထမ္းမ်ားစြန႔္ခြာသြားသျဖင့္က်န္ေနခဲ့သည့္ယုဇနကုမၸဏီဝန္းအတြင္းမွအေဆာက္အဦကိုလည္း ေမ ၁၉ ရက္ည ၈ နာရီဝန္းက်င္တြင္ KIA တပ္ဖြဲ႕ဝင္မ်ားကဘူဒိုဇာျဖင့္ထပ္မံၿဖိဳခ်သြားေၾကာင္းေဒသခံမ်ားထံမွသိရသည္။

ေဒသခံတဦးက “ဧၿပီ ၁ ရက္မွာ KIA က ယုဇနကုမၸဏီကို မီးရႈိ႕ၿပီး ဖ်က္ဆီးလိုက္တယ္။ က်န္တဲ့ အေဆာက္အဦေတြနဲ႔ တံတိုင္းေတြကို မေန႔ည ၉ နာရီမွာ ဆက္ၿပီးျပန္လာဖ်က္လိုက္တယ္။ အေဆာက္အဦက်န္တဲ့စက္႐ုံကမဟုတ္ဘဲ ဝန္းထဲ က အိမ္ေတြကိုေတာ့ ေဒသခံေတြကဖ်က္ယူေနၾကတာ” ဟုေျပာဆိုသည္။

ယုဇနကုမၸဏီရွိ အေဆာက္အဦတခ်ိဳ႕ကို ၿဖိဳဖ်က္ရာ၌ ဘူဒိုဇာျဖင့္ ၿဖိဳခ်ျခင္းျဖစ္ၿပီး KIA တပ္ဖြဲ႕ဝင္မ်ားက လုပ္ေဆာင္ျခင္း ျဖစ္သည္ဟုေဒသခံတခ်ိဳ႕ကေျပာဆိုေသာ္လည္း KIA ၏ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက အတည္ျပဳေျပာဆိုျခင္းမရွိပါ။

ဗိုလ္မႉးႀကီးေနာ္ဘူက “က်ေနာ္အတိအက်မၾကားသိရဘူး။ လိုင္းကေနသတင္းေတြဘာမွမသိဘူး။ျပည္သူလူထုဘက္ကေျပာတာေတာ့ၾကားတယ္။ ဒါေပမယ့္က်ေနာ္ဘာမွတိတိက်က် အတည္ျပဳေပးလို႔မရပါဘူး” ဟုေျပာသည္။ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသခံမ်ားက ၎တို႔၏ေျမမ်ားျပန္ရရွိေရးအတြက္ KIA ဘက္ကကူညီေပးေၾကာင္း၊လူထုဆႏၵအရ ယုဇနကုမၸဏီကိုေဒသကထြက္သြားေအာင္ေမာင္းထုတ္ေပးသည္ဟူေသာေျပာဆိုမႈမ်ားလည္းရွိေနသည္။ဗိုလ္မႉးႀကီးေနာ္ဘူက ယုဇနကုမၸဏီသိမ္းယူထားသည့္ေျမမ်ားကို ေဒသခံမ်ားက ျပည္သူပိုင္ျပန္သိမ္းယူျခင္းႏွင့္ ပတ္ သတ္၍ KIAက အသိအမွတ္ျပဳေထာက္ခံျခင္း၊တစုံတရာ စြက္ဖက္ျခင္းမရွိပါဟုဆိုသည္။

သို႔ေသာ္ ယုဇနကုမၸဏီအေပၚ သေဘာထားႏွင့္ ပတ္သက္၍ ဗိုလ္မႉးႀကီးေနာ္ဘူက “ဒီကုမၸဏီကို လူထုရဲ႕ေျမေတြကို မတ ရားသိမ္းပိုက္တာေတြမလုပ္သင့္ဘူးလို႔ေျပာထားတာေတြ ရွိပါတယ္။အၿမဲတမ္းေျပာထားတာရွိပါတယ္။မူအားျဖင့္ ေျပာထားတာ ရွိပါတယ္။ လက္ေတြ႕ကေတာ့လြန္ခဲ့တဲ့လပိုင္းက သူတို႔ယႏၲရားေတြကို ပစ္ခတ္ၿပီးဝင္စီးတာရွိခဲ့ပါတယ္” ဟုေျပာဆိုသည္။

ယုဇနကုမၸဏီကို ဧၿပီ ၁ ရက္က မီးရႈိ႕ရျခင္းမွာ ေဒသခံေတာင္သူမ်ား၏ ေျမကိစၥမ်ားပါဝင္သည့္အျပင္စစ္ေရးအရလည္း စစ္ေကာင္စီတပ္မ်ားကိုလက္နက္ခဲယမ္းသိုေလွာင္ခြင့္ေပးထားသည္ဟူေသာ သတင္းမ်ားရရွိသျဖင့္တိုက္ခိုက္ရျခင္း ျဖစ္သည္ဟုလည္း ဗိုလ္မႉးႀကီးေနာ္ဘူကဆိုသည္ယုဇနကုမၸဏီသည္ ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသတြင္ ေဒသခံမ်ားထံမွ အဓမၼသိမ္းယူထားသည့္ ေျမမ်ားေပၚတြင္ ပီေလာပီနံ စိုက္ပ်ိဳးကာပီေလာပီနံအမႈန႔္ႀကိတ္စက္႐ုံကိုလည္း တည္ေဆာက္ထားသည္။

အဆိုပါ ကုမၸဏီသည္ မူလေျမပိုင္ရွင္ ေဒသခံေတာင္သူမ်ားအေပၚ အာဏာပိုင္မ်ားႏွင့္ ပူးေပါင္းကာအႏိုင္က်င့္ျခင္း၊ ၿခိမ္းေျခာက္ျခင္းႏွင့္ ေျမျပန္လည္ရရွိေရးႀကိဳးစားသည့္ ေတာင္သူမ်ားကို ႐ိုက္ႏွက္ျခင္းမ်ား ျပဳလုပ္သျဖင့္ ကခ်င္ျပည္နယ္အတြင္းေဒသခံမ်ားအၾကားနာမည္ဆိုးျဖင့္ ေက်ာ္ၾကားသည့္ ကုမၸဏီတခုျဖစ္သည္။

ဧရာဝတီ