သင်တို့ဆီမှာ အဖေအမေမိဘရှိနေသေးတယ်ဆိုရင် အချိန်မရလဲ ( ၂ )မိနစ်စာလောက် ခဏဝင်၍ဖတ်ကြည့်ပေးစေချင်တယ်
မနက် 11 : 30 အချိန်လောက်ရှိနေပြီ လမ်းဘေးကကော်ဖီဆိုင်ရဲ့မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ်အရွယ် အမေအို တစ်ယောက်နဲ့တွေ့တော့ စကားမစပ် lမေးမိပါတယ်။ အမေဒီမှာဘာထိုင်လုပ်နေတာလဲလို့ပေါ့ ချိ့နဲ့နဲ့အားအင်လေးနဲ့ထကာ ကတုန်ကယင်အသံလေးတွေနဲ့ အမအိုပြောပုံက သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက်ဆံလာထုပ်တာပါ ဘဏ်ရုံးမဖွင့်သေးလို့ ခနထိုင်စောင့်နေတာပါတဲ့၊၊
အမေဘာစားပြီးပြီလဲမေးတော့ ဘာမှ့မစားရသေးပါဘူးသားရယ် မနက်ကတည်းက ရုံးဖွင်မည့်အချိန်ကို စောင့်နေတာလာပါ။ အမေဆိုပြီးမုန့်ဟင်းခါး ဆိုင်ဘေးနားကထမင်းဆိုင်လေးမှာ အမေအိုအတွက် ထမင်းပွဲလေးမှာပြီး စီစဉ်ပေးလိုက်တယ် ၊၊
ဗိုက်ဆာနေလို့လားမသိပါဘူး အမအိုစားလိုက်တာ ဇွတ်ရောတင်းရောပဲ ကျွန်တော်ဖြင့်သနားလိုက်တာ မျက်ရည်တောင် ဝဲမိတယ် ၊၊ နေ့လယ်အချိန်ရောက်လာတော့ ရုံးကမဖွင့်သေးဘူး ဒီနေ့ရုံးပိတ်များလားမသိဘူး သေချာအောင်အမေ့ သားသမီးတွေဆီ ဖုန်းဆက်ကြည့်ပါ့လား ဖုန်းပါလားမေးလိုက်တော့ ပါတယ် ပါပါတယ်သားရယ်ပြောကာ အိပ်ထဲကဖုန်းလေးကို မမျိတမိဆွဲပြီကျွန်တော်ကို လှမ်းကြည့်နေတယ် ၊၊
ဖုန်းနံပတ်သိလားအမေ ဒါပဲသားဒိဖုန်းနံပါတ်ပဲဆိုပြီး ပြောရင်းဆိုရင်း အမေအိုကဖုန်းကိုဖွင့်ကာ နံပတ်တွေအားနှိပ်တော့တယ် ၊၊ လက်တွေတုန်နေတာမို့ နှိပ့်၍မရပေ ၊၊ ကျွန်တော်လည်း ဖုန်းနံပတ်ကို အတိအကျနှိပ့်ပြီး ဖုန်းခေါ်ကြည့်တော့ ဖုန်းဝင်သွားတယ်ဗျ့ ( ဟဲလို ) အကိုဒီမှာအကိုရဲ့အမေ ဘဏ်ရုံးမှာလွှဲပေးတဲ့ အကိုပိုက်ဆံအချို့ကိုလာပြီးထုပ်တယ် ၊၊
အကိုလွဲပေးလိုက်ပြီလား လွဲမပေးပါဘူး ပိုက်ဆံရှာရတာလွယ်တာမဟုတ်ဘူးကွ အိမ်လည်းပြန်လာမအားဘူး အလုပ်ရူပ်နေတယ်။ ကျွန်တော်အဖွားအိုဘက် တစ်ချက်လှည့်ကြည့်တော့ ပြုံးစိစိနဲ့အဖွားကလုပ်နေတယ် ၊၊ ငါ့သားလေးက ငါ့ကိုလွမ်းနေတဲ့အကြောင်းတွေ ပြောနေတာဖြစ်မယ်ဆိုပြီး အဖွားကပြုံးပြုံးလေးနဲ့ ပြောပြနေတယ်၊၊ ( ဟဲလို )အကို အေးပိုက်ဆံလွဲမပေးတော့ဘူးလို့ပြောလိုက် အဲ့အဖွားကြီးကို ပြီးတော့ငါကဒီမှာမိသားစု့ရှိနေပြီဘပျော်ပျော်ရွှင်ရွှင်လေးနေပါရစေကွာ ၊၊
လာမနှောက်ယှက်ပါနဲ့လို့ပြောလိုက် အဖွားကြီးကိုဒါပဲ ဖုန်းချပြီဖုန်းပြောပီးအချိန်မှာ အမေအိုကသားဘာပြောလဲဟင် ၊၊ အမေ့ကို နေကောင်းလားလို့မေးတယ်မလား ၊၊ အိမ်ပြန်လာမယ်လို့ရောပြောသေးလား အမေအိုကြားချင်နေတဲ့ စကားတွေ ကျွန်တော် လိမ်ညာပီးဖြည့်ပြောပေးရမှာလား ၊၊
သားသမီးတွေရဲ့စကားတွေကို ပြန်ပြောပြလိုက်ရင် အမေအို ရင်ကွဲပက်လက်ဖြစ်သွားမှာစိုးတယ်။ ကျွန်တော်ထိန်းမရတဲ့ မျက်ရည်တွေနဲ့ငိုချပစ်လိုက်တယ် ၊၊အမေ့ရဲ့အဖြစ်ကိုကြည့်ပြီး ရင့်ကျိုးမရဖြစ်ခဲ့မိတယ် ကျွန်တော်ငိုတာကို အမေအိုကမြင်တော့ ဘာလို့ငိုနေတာလဲသား သြော်အမေ့ရဲ့ သားသမိးတွေဆီက ဝမ်းသာတဲ့စကားကြားရလိူ့ပါ ဒါကြောင့်ငိုတာပါ အမေလို့ပြန်ပြောရင်း ကျွန်တော်အမေအိုကို အိမ်ခေါ်သွားတယ် ၊၊
အိမ်ပြန်ရောက်တော့ ယူပါအမေဒါကအမေ့ရဲ့ သားသမီးဆီက လွှဲပေးတဲ့ငွေတွေပါ တကယ်တော့ အဖွားအိုမသိအောင်ကျွန်တော့်ရဲ့ ပိုက်ဆံအိပ်ထဲက ငွေ ( ၂ )သိန်းကိုထုတ်ပြီး အဖွားအိုအတွက် ကန်တော့လိုက်တာပါ ကျေးဇူးမသိတဲ့သားတွေ ၊ သမီးတွေအတွက် ရင်လေးမိပါတယ် ၊၊ မုန်းလည်းမုန်းတီးမိပါတယ် ၊၊
ရှာမကျွေးချင်နေပါ ဒုက္ခမပေးကြပါနဲ့ လုပ်မကျွေးချင်နေပါ မစော်ကားကြပါနဲ့ မိဘကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်နိုင်ကြတဲ့ သားကောင်း ၊ သမီးကောင်း ရတနာလေးများဖြစ်နိုင်ကြပါစေ။
Credit
Zawgyi
Credit