သင့်အမည်ပေါက် အခွန်ဆောင်ထားသောကား ပြန်ရောင်းဖြစ်ခဲ့လျင်

သင့်အမည်ပေါက် အခွန်ဆောင်ထားသောကား ပြန်ရောင်းဖြစ်ခဲ့လျင် သိထားရမည့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်နော်။

1။ ကားပြန်ရောင်းတာနဲ့ အခွန်ရုံးကို သတင်းပို့ဖို့ပြင်ပါ။ 2။ အခွန်စိမ်းကို ဝယ်သူကို မပေးလိုက်ပါနဲ့။ (အခွန်ရုံးကို ပြရမှာ မို့) 3။ စာချုပ်ချုပ်ထားပါ။ (အခွန်ရုံးကို ပြရမှာမို့)

4။ ကားအုံနာဘုတ်နဲ့ စာရွက်စာတမ်းတွေကို မိတ္တူ ၃ စုံ ကူးထားပါ။ (အခွန်ရုံးကို ပြရမှာမို့) 5။ ကားဓာတ်ပုံရှေ့နောက်ဝဲ ဓာတ်ပုံရိုက်ထားပီး ထုတ်ထားပါ။ (အခွန်ရုံးကို ပြရမှာ မို့) 6။ အားလုံးစုံလျင် အခွန်ရုံးသွားပီး ရောင်းချပြီးကြောင်း သွား တင်ပြပါ။ အခွန်ရုံးမှ ဝင(၈) အခွန်လွတ်စာရွက် ထုတ်ပေး ပါလိမ့်မယ်။

7။ နောက်ကားတစ်စီးဝယ်လျင် အခွန်ရုံးမှ ထုတ်ထားသော ဝင(၈) အား ပြလိုက်လျင် အခွန်မပေးဆောင်ရတော့ဘဲ မိမိ အမည်သို့ အလွယ်တစ်ကူ ပြောင်းလို့ရပါမည်။ 8။ ကားဈေး အတက် အကျကြောင့် တန်ဘိုးဖြတ်နှုန်းထား တိုးလာလျင် မြတ်စွန်းခဲ့ပါက အမြတ်ခွန် ပေးဆောင်ရပါမည်။

9။ ငွေဖြူထုတ်ရာတွင် အဆင်မပြေမှု့၊ ခက်ခဲမှု့ရှိပါက ပြည်တွင်းအခွန် (ရုံးချုပ်) နေပြည်တော်သို့ တိုက်ရိုက် တိုင်ကြားပါ။ 10။ ပြီးခဲ့တဲ့နှစ်က သိန်းတစ်ရာတန်ကားကို (3)သိန်းနဲ့ အခွန်ဆောင်ထားတဲ့အမျိုးတွေ ကားရောင်းပီးရင် အထက်ပါ ကျွန်တော်ပြောတာတွေ့ လုပ်ဖို့မမေ့ကြပါနဲ့။

ဒါမှနောက်ထပ် သိန်းတစ်ရာတန်ကား ဝယ်မိလို့ မိမိအမည် ပြောင်းချိန်မှာ အခွန် (15)သိန်း မဆောင်ရမှာဖြစ်ပါကြောင်း။ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါသည်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi

သင့္အမည္ေပါက္ အခြန္ေဆာင္ထားေသာကား ျပန္ေရာင္းျဖစ္ခဲ့လ်င္ သိထားရမည့္ အခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

1။ ကားျပန္ေရာင္းတာနဲ႔ အခြန္႐ုံးကို သတင္းပို႔ဖို႔ျပင္ပါ။ 2။ အခြန္စိမ္းကို ဝယ္သူကို မေပးလိုက္ပါနဲ႔။ (အခြန္႐ုံးကို ျပရမွာ မို႔) 3။ စာခ်ဳပ္ခ်ဳပ္ထားပါ။ (အခြန္႐ုံးကို ျပရမွာမို႔)

4။ ကားအုံနာဘုတ္နဲ႔ စာ႐ြက္စာတမ္းေတြကို မိတၱဴ ၃ စုံ ကူးထားပါ။ (အခြန္႐ုံးကို ျပရမွာမို႔) 5။ ကားဓာတ္ပုံေရွ႕ေနာက္ဝဲ ဓာတ္ပုံ႐ိုက္ထားပီး ထုတ္ထားပါ။ (အခြန္႐ုံးကို ျပရမွာ မို႔) 6။ အားလုံးစုံလ်င္ အခြန္႐ုံးသြားပီး ေရာင္းခ်ၿပီးေၾကာင္း သြား တင္ျပပါ။ အခြန္႐ုံးမွ ဝင(၈) အခြန္လြတ္စာ႐ြက္ ထုတ္ေပး ပါလိမ့္မယ္။

7။ ေနာက္ကားတစ္စီးဝယ္လ်င္ အခြန္႐ုံးမွ ထုတ္ထားေသာ ဝင(၈) အား ျပလိုက္လ်င္ အခြန္မေပးေဆာင္ရေတာ့ဘဲ မိမိ အမည္သို႔ အလြယ္တစ္ကူ ေျပာင္းလို႔ရပါမည္။ 8။ ကားေဈး အတက္ အက်ေၾကာင့္ တန္ဘိုးျဖတ္ႏႈန္းထား တိုးလာလ်င္ ျမတ္စြန္းခဲ့ပါက အျမတ္ခြန္ ေပးေဆာင္ရပါမည္။

9။ ေငြျဖဴထုတ္ရာတြင္ အဆင္မေျပမႈ႕၊ ခက္ခဲမႈ႕ရွိပါက ျပည္တြင္းအခြန္ (႐ုံးခ်ဳပ္) ေနျပည္ေတာ္သို႔ တိုက္႐ိုက္ တိုင္ၾကားပါ။ 10။ ၿပီးခဲ့တဲ့ႏွစ္က သိန္းတစ္ရာတန္ကားကို (3)သိန္းနဲ႔ အခြန္ေဆာင္ထားတဲ့အမ်ိဳးေတြ ကားေရာင္းပီးရင္ အထက္ပါ ကြၽန္ေတာ္ေျပာတာေတြ႕ လုပ္ဖို႔မေမ့ၾကပါနဲ႔။

ဒါမွေနာက္ထပ္ သိန္းတစ္ရာတန္ကား ဝယ္မိလို႔ မိမိအမည္ ေျပာင္းခ်ိန္မွာ အခြန္ (15)သိန္း မေဆာင္ရမွာျဖစ္ပါေၾကာင္း။ ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေဝေပးလိုက္ပါသည္။

မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။