သက်သာစျေးနှုန်းဖြင့် စက်သုံးဆီဆိုင်များတွင် သတ်မှတ်စျေးနှုန်းထက်ပိုရောင်းချပါက တိုင်ကြားနိုင်သောဖုန်းနံပါတ်များ

စက်သုံးဆီအရောင်းဆိုင် ၂၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ရောင်းချပေးထားပြီး သတ်မှတ်ဈေးနှုန်းထက်ဈေးပိုရောင်းရင်တိုင်ကြားပါလို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

စက်သုံးဆီစျေးတွေ မြင့်တက်နေမှာကြောင့် ပြည်သူတွေစက်သုံးဆီကို စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူရရှိနိုင်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသငးနဲ့ပူးပေါင်းကာ ဒေါ်လာတွေကို ဗဟိုဘဏ်ရည်ညွှန်းနှုန်းနဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာဗဟိုဘဏ်က စက်သုံးဆီတင်သွင်းခွင့်ရ ကုမ္ပဏီတွေကို ဒေါ်လာ ၁၅ သန်းအထိရောင်းချပေးထားပြီး ဗဟိုဘဏ်ရဲ့ဒေါ်လာခွဲတမ်းရရှိတဲ့ အမြို့မြို့အနယ်နယ်ရှိ စက်သုံးဆီဆိုင်၂၁၃ ဆိုင်ကတော့ တစ်လီတာကို ၁၂၀၀ ကျပ်အောက်ဈေးနဲ့ ရောင်းချပေးနေရမယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှ ာသတ်မှတ်စျေးနှုန်းနဲ့ရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင်တွေကိုလည်း မြန်မာနိုင်ငံစက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းအနေနဲ့ ကြေငြာခဲ့ထားပြီးအဆိုပါစက်သုံးဆီဆိုင်တွေအနေနဲ့ သတ်မှတ်စျေးနှုန်းနဲ့ရောင်းချမှု မရှိခဲ့ပါက ပြည်သူတွေအနေနဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဖုန်းနံပါတ် ၀၉-၆၆၄၀၇၅၆၈၃ ၀၉-၆၆၄၅၉၆၃၂၇၊၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ သို့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။

ယင်းအပြင်ရန်ကုန်တိုင်းဒေသကြီး စာသုံးသူရေးရာဦးစီးဌာနဖုန်းနံပါတ် ၀၁-၂၅၀၂၇၀ နှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်းနံပါတ် ၀၉-၉၂၁၀၀၆၇၉၄ သို့လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။

Ref:Myanmar Platform

Zawgyi


စက်သုံးဆီဈေးတွေ မြင့်တက်နေမှာကြောင့် ပြည်သူတွေစက်သုံးဆီကို ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူရရှိနိုင်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသငးနဲ့ပူးပေါင်းကာ ဒေါ်လာတွေကို ဗဟိုဘဏ်ရည်ညွှန်းနှုန်းနဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။


တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာသတ်မှတ်ဈေးနှုန်းနဲ့ရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင်တွေကိုလည်း မြန်မာနိုင်ငံစက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းအနေနဲ့ ကြေငြာခဲ့ထားပြီးအဆိုပါစက်သုံးဆီဆိုင်တွေအနေနဲ့ သတ်မှတ်ဈေးနှုန်းနဲ့ရောင်းချမှု မရှိခဲ့ပါက ပြည်သူတွေအနေနဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဖုန်းနံပါတ် ၀၉-၆၆၄၀၇၅၆၈၃ ၀၉-၆၆၄၅၉၆၃၂၇၊၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ သို့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။


Ref:Myanmar Platform