ဝန်ကြီးဒေါ်သက်သက်ခိုင် စစ်ကောင်စီမှ (ထပ်မံထုတ်ပယ်) နှုတ်ထွက်စာတင်ခိုင်း

မဲတစ်ပြားဖြင့်ဝန်ကြီးဖြစ်လာတဲ့ သက်သက်ခိုင်အား တာဝန်မှ အနားပေးတော့မည်ဖြစ်ကြောင်း ခိုင်မာတဲ့သတင်းရင်းမြစ်မှ အတည်ပြုပြောကြားသည်။ တာဝန်မှရပ်နားမည့် အကြောင်းရင်းကိုမသိပေမယ့် ယခုလ (ဩဂုတ်လ) (၁) ရက်နေ့ကတည်းက နှုတ်ထွက်စာတင်ခိုင်းထားခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ဒေါ်သက်သက်ခိုင်သည် ယခင် NLD ပါတီလွှတ်တော် ကိုယ်စားလှယ်ဖြစ်သော်လည်း ပါတီစည်းကမ်းများဖောက်ဖျက်သဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့နောက် PPP ဥက္ကဌ ဆောင်ရွက်ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့ရာမဲ (၁) ပြားသာရရှိ၍ရှုံးနိမ့်ခဲ့သည်။

ထို့နောက် အကြမ်းဖက်လူသတ်စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းချိန်တွင် ဒေါ်သက်သက်ခိုင်မှာမဲ(၁)ပြားသာရရှိသော်လည်း စကားကြီးစကားကျယ်ပြောသဖြင့် (မအလ)မင်းအောင်လှိုင်မှ လူကယ်ပြန်ဝန်ကြီးစမ်းသပ်ခန့်ထားခြင်း ဖြစ်သည်။

Source : GenerationZ

Zawgyi




Source : GenerationZ