လျှပ်စစ်မီးဖိုသုံးရင် ဒါလေးတွေကို သတိပြုပါ

ဒီဂျစ်တယ်မီးဖိုအသုံးပြုသူများ အန္တရာယ်ကင်းကင်းနဲ့ ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့ သိထားသင့်တဲ့ အချက်လေး(၅) ချက်။ အိမ်ရှင်မအိမ်ရှင်ထီးတို့အတွက် အသုံးတည့်မယ်လို့ ယုံကြည်လို့ ဒီဂျစ်တယ်မီးဖိုအသုံးပြုရာမှာ အန္တရာယ်ကင်းကင်းနဲ့ ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့ ဗဟုသုတအနေနဲ့ မျှဝေဖော်ပြပေးလိုက်ပါတယ်။

(၁) ဒီဂျစ်တယ်မီးဖို တော်တော်များများက 2000 W, 2200 W ရှိလို့ (လုံးဝ) Extension ကြိုးခွေများနဲ့ မသုံးသင့်ပါဘူး။

(၂) တော်တော်များများက “on/off” နှိပ်ပြီးရင် တန်းပြီး လာပေမယ့် တစ်ချို့အလုံးတွေက “ON” နှိပ်ပြီးတဲ့အပြင် “stand by” သို့မဟုတ် “Function” ခလုတ် တစ်ခုခုကိုပါ နှိပ်ဖို့လိုပါတယ်။ ထွေထွေထူးထူးမဟုတ်ပေမယ့် ဆိုင်က သေချာရှင်းပြလိုက်ရင်တောင် အိမ်ရောက်မှပြန်လာတာမျိုး ဖုန်းဆက်မေးတာမျိုး ဖြစ်ဖူးနေလို့ပါ။

(၃) ဒီဂျစ်တယ်မီးဖိုတိုင်းမှာ “Function” တွေအစုံ ပြထား ရေးထားပေမယ့် တကယ်သုံးသင့်တာက ကိုယ်ချက်တဲ့ ဟင်းအပေါ် ဆီပူအပေါ်မူတည်ပြီး ‘(+ , -)’ အတိုးအလျှော့ လုပ်ပေးရင်းချက်တာက ကျွန်တော်တို့ အိမ်ရှင်ထီးအိမ်ရှင်မတွေ အတွက် ပိုအဆင်ပြေသင့်တော်ပါတယ်။

(၄) “တရုတ်မိတ်တွေက ခဏခဏအပျက်မြန်တယ်” “အကောင်းဝယ်လည်းမထူးပါဘူး” ဆိုတဲ့ အသံတွေအတွက်တော့ အရေးကြီးဆုံးဒီနည်းလေးကို မမေ့စေချင်ပါဘူး။

ဒီဂျစ်တယ်မီးဖို တော်တော်များများက “Auto-Off” အလိုလျောက် ပိတ်ပေးတဲ့စနစ်ပါဝင်ပါတယ်။ ဈေးကွက်ထဲက ဈေးအပေါဆုံး ဒီဂျစ်တယ်ဖိုကတော့မပါဝင်ပါဘူး။ သို့သော် အခုပြောမယ့်အချက်လေးကိုတော့ အလိုအလျောက် ပိတ်တဲ့စနစ် ပါပါမပါပါ အသုံးပြုပေးဖို့ တိုက်တွန်းပေးချင်ပါတယ်နော်။

ချက်ပြီးပြီဆိုတာနဲ့ ပလပ်ကို ချက်ချင်းမဖြုတ်ပါနဲ့။ “on/off” ခလုတ်နှိပ်ပြီးသာပိတ်ပါ။ ပန်ကာကဆက်လည်နေပါလိမ့်မယ်။ အလိုလျောက် ပိတ်တဲ့စနစ်ပါဝင်တဲ့မီးဖိုတွေက အချိန်ကြာလို့ လေပူပြန်ထုတ်တာ ‘ဝ’ သွားရင် အလိုလိုပိတ်သွားပါလိမ့်မယ်။

ပန်ကာလည်တဲ့ကြာချိန် (အပူထုတ်တဲ့ကြာချိန်)က မိမိချက်ခဲ့တဲ့ အချိန်ပေါ်မူတည်ပြီး ကွာဟနိုင်ကြပါတယ်။ ပန်ကာရပ်ပြီး အသံမကြားတော့တဲ့အချိန်မှာ ပလပ်ကိုဖြုတ်ပေးပါ။ အကယ်၍ အလိုလျောက်ပိတ်တဲ့ စနစ်မပါရင်လည်း တော်တော် ကြာကြာထားပြီးမှ ပလပ်ကိုဖြုတ်ပါ။

ဒီနည်းကတကယ်ရေရှည်သုံးမယ့် အိမ်ရှင်ထီးအိမ်ရှင်မတွေ အတွက် အကောင်းဆုံးနည်းလမ်းလေးလို့ ညွှန်ပေးချင်ပါတယ်။

(၅) ချက်ပြီးပြီးချင်းတော့ အလယ်မီးပူနေရာကို သွားမကိုင်ဖို့ကတော့ အထူးပြောနေစရာ မလိုဘူးထင်ပေမယ့် အေးသွားလို့ သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင်တော့ ရေစိုဝတ်အခြောက် (သို့မ ဟုတ်) ဖေါ့ဖတ်လေးကို အသုံးပြုစေချင်ပါတယ်။

ဒီလောက်ဆိုရင်တော့ အိမ်ရှင်မအိမ်ရှင်ထီးများ ဒီဂျစ်တယ်မီးဖိုကို ဘယ်လိုရေရှည်ခံအောင် သုံးမလဲဆိုတဲ့ အသုံးပြုပုံလေးတွေကို သိသွားတတ်သွားပြီလို့ အထူးယုံကြည်ပါတယ်…။

ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေသူငယ်ချင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီနော်။ ကျေးဇူးတင်ပါတယ်။ (တခြားမိတ်ဆွေသိဖို့ ရှယ်ပေးကြပါအုံး)

Zawgyi

ဒီဂ်စ္တယ္မီးဖိုအသုံးျပဳသူမ်ား အႏၲရာယ္ကင္းကင္းနဲ႔ ၾကာရွည္ခံေအာင္အသုံးျပဳႏိုင္ဖို႔ သိထားသင့္တဲ့ အခ်က္ေလး(၅) ခ်က္
အိမ္ရွင္မအိမ္ရွင္ထီးတို႔အတြက္ အသုံးတည့္မယ္လို႔ ယုံၾကည္လို႔ ဒီဂ်စ္တယ္မီးဖိုအသုံးျပဳရာမွာ အႏၲရာယ္ကင္းကင္းနဲ႔ ၾကာရွည္ခံေအာင္အသုံးျပဳႏိုင္ဖို႔ ဗဟုသုတအေနနဲ႔ မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဒီဂ်စ္တယ္မီးဖို ေတာ္ေတာ္မ်ားမ်ားက 2000 W, 2200 W ရွိလို႔ (လုံးဝ) Extension ႀကိဳးေခြမ်ားနဲ႔ မသုံးသင့္ပါဘူး။

(၂) ေတာ္ေတာ္မ်ားမ်ားက “on/off” ႏွိပ္ၿပီးရင္ တန္းၿပီး လာေပမယ့္ တစ္ခ်ိဳ႕အလုံးေတြက “ON” ႏွိပ္ၿပီးတဲ့အျပင္ “stand by” သို႔မဟုတ္ “Function” ခလုတ္ တစ္ခုခုကိုပါ ႏွိပ္ဖို႔လိုပါတယ္။ ေထြေထြထူးထူးမဟုတ္ေပမယ့္ ဆိုင္က ေသခ်ာရွင္းျပလိုက္ရင္ေတာင္ အိမ္ေရာက္မွျပန္လာတာမ်ိဳး ဖုန္းဆက္ေမးတာမ်ိဳး ျဖစ္ဖူးေနလို႔ပါ။

(၃) ဒီဂ်စ္တယ္မီးဖိုတိုင္းမွာ “Function” ေတြအစုံ ျပထား ေရးထားေပမယ့္ တကယ္သုံးသင့္တာက ကိုယ္ခ်က္တဲ့ ဟင္းအေပၚ ဆီပူအေပၚမူတည္ၿပီး ‘(+ , -)’ အတိုးအေလွ်ာ့ လုပ္ေပးရင္းခ်က္တာက ကြၽန္ေတာ္တို႔ အိမ္ရွင္ထီးအိမ္ရွင္မေတြ အတြက္ ပိုအဆင္ေျပသင့္ေတာ္ပါတယ္။

(၄) “တ႐ုတ္မိတ္ေတြက ခဏခဏအပ်က္ျမန္တယ္” “အေကာင္းဝယ္လည္းမထူးပါဘူး” ဆိုတဲ့ အသံေတြအတြက္ေတာ့ အေရးႀကီးဆုံးဒီနည္းေလးကို မေမ့ေစခ်င္ပါဘူး။

ဒီဂ်စ္တယ္မီးဖို ေတာ္ေတာ္မ်ားမ်ားက “Auto-Off” အလိုေလ်ာက္ ပိတ္ေပးတဲ့စနစ္ပါဝင္ပါတယ္။ ေဈးကြက္ထဲက ေဈးအေပါဆုံး ဒီဂ်စ္တယ္ဖိုကေတာ့မပါဝင္ပါဘူး။ သို႔ေသာ္ အခုေျပာမယ့္အခ်က္ေလးကိုေတာ့ အလိုအေလ်ာက္ ပိတ္တဲ့စနစ္ ပါပါမပါပါ အသုံးျပဳေပးဖို႔ တိုက္တြန္းေပးခ်င္ပါတယ္ေနာ္။

ခ်က္ၿပီးၿပီဆိုတာနဲ႔ ပလပ္ကို ခ်က္ခ်င္းမျဖဳတ္ပါနဲ႔။ “on/off” ခလုတ္ႏွိပ္ၿပီးသာပိတ္ပါ။ ပန္ကာကဆက္လည္ေနပါလိမ့္မယ္။
အလိုေလ်ာက္ ပိတ္တဲ့စနစ္ပါဝင္တဲ့မီးဖိုေတြက အခ်ိန္ၾကာလို႔ ေလပူျပန္ထုတ္တာ ‘ဝ’ သြားရင္ အလိုလိုပိတ္သြားပါလိမ့္မယ္။

ပန္ကာလည္တဲ့ၾကာခ်ိန္ (အပူထုတ္တဲ့ၾကာခ်ိန္)က မိမိခ်က္ခဲ့တဲ့ အခ်ိန္ေပၚမူတည္ၿပီး ကြာဟႏိုင္ၾကပါတယ္။ ပန္ကာရပ္ၿပီး အသံမၾကားေတာ့တဲ့အခ်ိန္မွာ ပလပ္ကိုျဖဳတ္ေပးပါ။ အကယ္၍ အလိုေလ်ာက္ပိတ္တဲ့ စနစ္မပါရင္လည္း ေတာ္ေတာ္ ၾကာၾကာထားၿပီးမွ ပလပ္ကိုျဖဳတ္ပါ။

ဒီနည္းကတကယ္ေရရွည္သုံးမယ့္ အိမ္ရွင္ထီးအိမ္ရွင္မေတြ အတြက္ အေကာင္းဆုံးနည္းလမ္းေလးလို႔ ၫႊန္ေပးခ်င္ပါတယ္။

(၅) ခ်က္ၿပီးၿပီးခ်င္းေတာ့ အလယ္မီးပူေနရာကို သြားမကိုင္ဖို႔ကေတာ့ အထူးေျပာေနစရာ မလိုဘူးထင္ေပမယ့္ ေအးသြားလို႔ သန႔္ရွင္းေရးလုပ္ခ်င္တယ္ဆိုရင္ေတာ့ ေရစိုဝတ္အေျခာက္ (သို႔မ ဟုတ္) ေဖါ့ဖတ္ေလးကို အသုံးျပဳေစခ်င္ပါတယ္။

ဒီေလာက္ဆိုရင္ေတာ့ အိမ္ရွင္မအိမ္ရွင္ထီးမ်ား ဒီဂ်စ္တယ္မီးဖိုကို ဘယ္လိုေရရွည္ခံေအာင္ သုံးမလဲဆိုတဲ့ အသုံးျပဳပုံေလးေတြကို သိသြားတတ္သြားၿပီလို႔ အထူးယုံၾကည္ပါတယ္…။

ခုေရးသားထားတဲ့ အေၾကာင္းရာေတြက မိတ္ေဆြသူငယ္ခ်င္းမ်ားအတြက္ အက်ိဳးေက်းဇူးတစ္ခုရတယ္ဆိုရင္ပဲ ေက်နပ္ပါၿပီေနာ္။ ေက်းဇူးတင္ပါတယ္။ (တျခားမိတ္ေဆြသိဖို႔ ရွယ္ေပးၾကပါအုံး)