လောင်းကစားဝိုင်းတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ တရားဝင်ရှိတဲ့ မြန်မာနိုင်ငံထဲက မြို့လေးတစ်မြို့

မိုင်းလားမြို့က ညနတ်သမီးလေးတွေ မြန်မာပြည်ထဲက မြို့လေးတမြို့ကို ရောက်နေတယ်ဆိုပေမယ့် အဆောက်အအုံတွေ၊ လမ်းတွေနဲ့ မြင်ကွင်းတွေကြောင့်လားမသိ တရုတ်နိုင်ငံထဲက မြို့တမြို့ကို ရောက်ရှိနေသလို ခံစားမိပါတယ်။

မြို့ပေါ်မှာ အဓိကသုံးနေတဲ့ ဘာသာစကားကတော့ တရုတ်ဘာသာစကားဖြစ်ပြီး ရှမ်း၊အာခါနဲ့ မြန်မာစကားတွေလည်း သုံးကြတာတွေ့ကြုံရပါတယ်။ ပိုက်ဆံကိုလည်း တရုတ်ယွမ်ငွေကို အဓိကအသုံးပြုပြီး ဖုန်းနဲ့တခြား အသုံးအဆောင် ပစ္စည်းတွေကလည်း တရုတ်ဖြစ်တွေပါ။

လမ်းညွှန်ဆိုင်းဘုတ်တွေ၊ အရောင်းစင်တာတွေနဲ့ စားသောက်ဆိုင်တွေမှာ ဆိုရင်လည်း မြန်မာလိုတွဲဖော်ပြထားပေ မယ့် တရုတ်စာကို အဓိကထားပါတယ်။ မြို့တွင်းလမ်းတွေက သန့်ရှင်းသပ်ရပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ မတွေ့ရတဲ့အတွက် တနေရာနဲ့ တနေရာသွားရလာရ လွယ်ကူပါတယ်။ လမ်းပေါ်မှာ လူအသွားအလာနည်းလို့ ဒီမြို့ကလူတွေ ဘယ်တွေသွားနေကြလဲ၊ ဘာတွေလုပ်နေလဲလို့တောင် တွေးမိပါသေးတယ်။

မြို့အစွန်တောင်ပေါ်ဘုရားကနေ ကြည့်လိုက်ရင် တောင်တွေကာရံထားတဲ့အလယ်မှာ တည်ဆောက်ထားတဲ့ မြို့လေးရဲ့ အလှနဲ့ အထပ်မြင့်အဆောက်အအုံတွေကို အပေါ်စီးကနေ မြင်ရပါတယ်။

မြို့ပေါ်မှာ ဟိုတယ်တွေနဲ့ ဂိမ်းဆိုင်တွေကတော့ အများဆုံးလို့တောင် ပြောရမလိုပါ။ ဇိမ်ခံပျော်ပါးစရာ ရေချိုးခန်းတွေ၊ နိုက်ကလပ်တွေနဲ့ စားသောက်ဆိုင်တွေလည်း ပေါသလိုစိတ်ဝင်စားစရာကောင်းတဲ့ လမ်းဘေးအကင်ဆိုင်လေးတွေ လည်းများပါတယ်။ ညဘက်ဆိုရင်တမြို့လုံး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေလို့ မီးခဏခဏပျက်ပြီး လမ်းမီးတောင်လုံလုံလောက် လောက် မပေးနိုင်တဲ့ ရန်ကုန်-မန္တလေးလို မြို့ကြီးတွေရဲ့ အဖြစ်ကို စိတ်ထဲအားမလိုအားမရ ဖြစ်လိုက်မိပါသေးတယ်။

ညပိုင်းမှာတော့ မိတ်ဆွေတချို့နဲ့အတူ မိုင်းလားမြို့မဈေးကြီးနားက နာမည်ကြီး “နတ်သမီးလမ်း” ဆိုတဲ့ လမ်းကလေးကို သွားလည်ဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီလမ်းလေးထဲကို စဝင်လိုက်ပြီဆိုတာနဲ့ လင်းအားဖျော့ဖျော့ ရောင်စုံမီးလုံးတွေ ထွန်းထားတဲ့ အလင်းရောင် အောက်မှာခေတ်မီမီ ဝတ်စားထားတဲ့ အမျိုးသမီးငယ်တွေ ခုံလေးတွေနဲ့ တန်းစီထိုင်နေကြတာကို တွေ့ရပါတယ်။

ဘောင်းဘီတို၊ စကတ်တိုနဲ့ သူတို့ရဲ့ခန္ဓာကိုယ်အလှကို ပေါ်လွင်အောင် ဖက်ရှင်ကျကျ ဝတ်ဆင်ထားပုံ၊ မျက်နှာအလှ ပြင်ဆင်ထားပုံတွေက ပြိုင်ပွဲဝင်တော့မယ့် မော်ဒယ်တွေအလား ထင်ရပါတယ်။

သူတို့တွေအားလုံးဟာ ဧည့်သည်အလာကို ဆိုင်ရှေ့ကခုံတွေပေါ်မှာထိုင်ပြီး စောင့်မျှော်နေကြပုံပါ။ လမ်းထဲကို ကားကွေ့ဝင်လိုက်တာနဲ့ ပထမဆုံးဆိုင်ရဲ့ ရှေ့မှာ ထိုင်နေကြတဲ့ အမျိုးသမီးငယ်တွေ ကားရှိရာကို ရောက်လာကြပါတယ်။ အသက်အရွယ်တွေ အရတော့ ၁၆၊ ၁၇ ကနေ ၂၅၊ ၃၀ ဝန်းကျင်တွေလို့ ခန့်မှန်းမိပါတယ်။ သူတို့တွေက ကားကို ရပ်ခိုင်းပြီး တံခါးဖွင့်ခိုင်းပါတယ်။ ကားမှန်ကို ချလိုက်တော့ မွှေးရနံ့ပေါင်းစုံ သင်းခနဲ ဝင်လာပါ တယ်။

မိတ်ကပ်၊ အသားလိမ်းဆီနဲ့ ရေမွှေးနံ့တွေဖြစ်နိုင်ပါတယ်။ ကားထဲ ပါလာသူတွေကို အင်မတန် ရင်းနှီးနေပြီးသား မိတ်ဆွေ ပြန်တွေ့ရတဲ့ အတိုင်း ဖော်ဖော် ရွေရွေ နှုတ်ဆက်ကြ သလို ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့ အလား လက်မောင်း၊ ခါးတွေကို ဆွဲဖက်ပြီး ချွဲနွဲ့ပါတော့တယ်။ သူတို့ ချွဲနွဲ့တာကတော့ သူတို့ကို လိ င်ေ ဖျာ်ဖြေရေး အတွက် အပြင်ခေါ်သွားဖို့ပါ။ ခေါ်သွားဖို့ အတွက်လည်းအားထုတ် မြူဆွယ်ကြပါတယ်။

တချို့က အတွ င်းခံ ဗလာစီယာတောင် ဝ တ်မထားဘဲ ဧည့်သည်ကို သူတို့ရဲ့ ရင်သား မြင်အောင် ဖွင့်ပြပြီး ထိတွေ့ စပ်းသပ်ကြည့်ခိုင်းလိုက်ပါသေးတယ်။ မခေါ်ဖြစ်တဲ့ အကြောင်း ပြောရင် “မရဘူး။ ခေါ်ပါ။ လိုက်ချင်တယ်” ဆိုတဲ့ ပုံစံမျိုးနဲ့စိတ်ဆိုးဟန် လုပ်ပြကြပါသေးတယ်။ ဧည့်သည်က ခေါ်မသွားဖြစ်ရင်တောင် သူတို့ကို ဆက်သွယ်နိုင်မယ့် လိပ်စာကတ်ပြားလေးတွေ ပေးကြပါတယ်။

အဲ့ဒီ ကတ်ပြားလေးတွေထဲမှာတော့ လိ င်ဆွဲဆောင်မှု အသားပေးရိုက်ထားတဲ့ ဓာတ်ပုံ၊ ဖုန်းနံပါတ် နဲ့ လိ င်ဆ က်.ဆံရာမှာ ဧည့်သည် အလိုကျ နေနိုင်မယ့် ပုံစံလေးတွေလည်း ပြထားပါတယ်။ ဒီဆိုင်ကနေ ဘီးသုံးလေးပတ်လည်တာနဲ့ နောက်တဆိုင်ရှေ့ထပ်ရောက်ပါတယ်။ ခုနဆိုင်လိုပဲ ဝိုင်းတားကြပါတယ်။ လိုက်မယ်ဆိုပြီး ကားတံခါးကို ဆွဲဖွင့်ပြီး အထဲအထိ ဝင်ထိုင်ကြလို့ မနည်း တောင်းပန်ယူရပါတယ်။

သူတို့ကို ခေါ်သွားဖို့ ကပ်ချွဲကြသလို ဆ.န္ဒပြ ည့်စေရန်အထိ ဝန်ဆောင်မှု ပေးမယ်ဆိုတဲ့ အကြောင်း ကိုလည်း ပြောပါ တယ်။ တ ရု.တ်လိုပြောနေပေမယ့် လက်ဟန်၊ ခြေဟန်နဲ့ ရှင်းပြချက်တွေအရလည်း နားလည်နိုင်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း “အပြင်ခေါ်သွား တနာရီ ယွမ် ၄၀၀”ဆိုပြီး တ ရု.တ် စကားနဲ့ ပြောပါတယ်။ မြန်မာ ကျပ်ငွေ နဲ့ တွက်ရင် ၈ သောင်းကနေ ၁ သိန်း ဝန်းကျင်လောက် ရှိပါတယ်။ သူတို့တွေထဲမှာ မြန်မာပြည်ဖွား တိုင်းရင်းသူတချို့ ပါဝင်ပြီး အများစုကတော့ တ ရု.တ်၊ ဗီယက်နမ်၊ ထိုင်းနဲ့ လာအိုတွေ ဖြစ်ကြပါတယ်။

ဘာသာစကားကိုတော့ တ ရု.တ်ဘာသာ စကား အဓိကထားပြီး ပြောကြပါတယ်။“နတ်သမီးလမ်း” လို့ ဧည့်သည်တွေ အလွယ်ခေါ်တဲ့ ဒီလမ်းလေးကတော့ L ပုံစံလေးဖြစ်ပြီး အစ၊ အဆုံး ကိုက် ၅၀ လောက်သာရှိပါတယ်။ ဒီလမ်းထဲမှာ ညမွှေးပန်း၊ ယိဟုန်ယွမ်၊ ယုံရှင်း၊ မင်းမိန်၊ မင်္ဂလာ စတဲ့ အမည်တွေ အပါအဝင် တ ရု.တ်-မြန်မာ နှစ်ဘာသာနဲ့ “အရ က်ဘား” ဆိုပြီး ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းပေါင်း ၁၀ ခုထက် မနည်း ရှိပါတယ်။ ဒီလမ်းထဲ ဝင်လာသမျှ အမျိုးသားတိုင်းကိုလည်း အပျော်မယ် လာရှာသူတွေလို့ပဲ သူတို့ မှတ်ယူထားကြပုံ ရပါတယ်။

လမ်းလျှောက်လာသူပဲဖြစ်ဖြစ် ကားနဲ့ ဝင်လာတဲ့ သူပဲဖြစ်ဖြစ်အားနာစေလောက်တဲ့ သူတို့ရဲ့ မြူဆွယ်မှု တွေကို ကျော်ဖြတ်သွားနိုင်ဖို့ ခက်ပါတယ်။ မြို့ခံတချို့ ပြောပြချက်အရတော့ မြို့ပေါ်က စီးပွားရေးသမားတွေအပြင် မြို့ပေါ်လာရောက် လည်ပတ်ကြတဲ့သူတွေ၊ ကာစီနိုလာကစားတဲ့ တ.ရု တ်နိုင်ငံသားတွေ အများဆုံး လာကြပြီးဒီလမ်းထဲက အပျော်မ ယ်တွေကို လာခေါ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီဆိုင်တွေကတော့ ရှမ်းအရှေ့၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) အဖွဲ့ကို အခွန်ဆောင်ထားတဲ့ ဆိုင်တွေလို့ ဆိုပေမယ့် NDAA ပြောခွင့်ရ ပုဂ္ဂိုလ် တချို့ကတော့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဒီလိုဆိုင်တွေရှိတာ မသိဘူးလို့တောင် ငြင်းဆိုခဲ့ပါသေးတယ်။ ဒီမိုင်းလားမြို့ကို NDAA အဖွဲ့က ထိန်းချုပ်ထားပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း တ.ရု တ်-မြန်မာ နယ်စပ်မှာ တည်ရှိပါတယ်။ အထူးဒေသ ၄ လို့လူသိများတဲ့ NDAA အဖွဲ့ဟာ အစိုးရ နဲ့ ၁၉၈၉ ခုနှစ်မှာ အပ စ်အခ.တ်ရပ်စဲ ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

အပ စ်ရပ်ပြီး နှစ် ၃၀ အတွင်းမှာ မိုင်းလားမြို့ကို တည်ထောင်ခဲ့တာပါ။ မိုင်းလားမြို့မှာ တကယ်တော့ နတ်သမီးလမ်းကလို ဆိုင်တွေတင် မကပါဘူး။ မြို့ပေါ်က အထင်ကရ ရွှေပြည်တံတားထိပ် မှာလည်း အနှိပ်ခန်း အမည်နဲ့ ဖွင့်ထားတဲ့ လိ င်ဖျော်ဖြေရေးရုံတွေ တွေ့ခဲ့ရပါတယ်။

အဲဒီမှာတော့ တ ရု.တ်၊ ဗီယက်နမ်နဲ့ လာအို တွေဖြစ်ပါတယ်။ တကြိမ် အ တူေ.နရင် ယွမ် ၁၅၀ ပါ။ ဈေးနှုန်းတွေကတော့ အနှိပ်ခန်းအမည်နဲ့ ဖွင့်တဲ့ဆိုင်နဲ့ အရက်ဘား အမည်နဲ့ ဖွင့်တဲ့ဆိုင် အမည်ကြောင့် ကွာတာလား မသိပေမယ့် ဈေး အသက်သာဆုံးကတော့

မြန်မာ လိ င်ဖျော်ဖြေရေး ရုံတွေလို့ မြို့ပေါ်မှာ အလုပ်လုပ်နေတဲ့ မြန်မာ တချို့က ဆိုပါတယ်။ မြန်မာရုံတွေကိုတော့ ရွှေ့ပြောင်း လုပ်သားတွေနဲ့ သက်ကြီးပိုင်းတွေ လောက်ပဲ သွားကြတယ်လို့ လိ င်ဖျော်ဖြေရေး ရုံတွေကို ခရီးသည် အပို့အကြို လုပ်လေ့ရှိတဲ့ ဆိုင်ကယ်ကယ်ရီသမား တဦးက ရှင်းပြပါတယ်။ သူ့အဆိုအရတော့ မြန်မာလိ င်ဖျော်ဖြေရေးရုံက မိန်းကလေးတွေဟာ နတ်သမီးလမ်း ဆိုင်က မယ်တွေလောက် လှပသပ်ယပ်မှု မရှိသလို ဆ က်ဆံရေးပိုင်းမှာလည်း အားနည်းတယ်လို့ ဆိုပါတယ်။

ကိုယ်တိုင် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ ဧည့်သည် တချို့ပြောပြချက်အရတော့ ဟိုတယ်ကြီး တချို့မှာဆိုရင် အနောက်တိုင်း သူတွေပါ အပျော်မယ် လုပ်ငန်း လုပ်နေတာရှိပြီး ကျပ် ၂ သိန်းကနေ ၅ သိန်းလောက်အထိ ပေးရတယ်လို့ ဆိုပါတယ်။“မိုင်းလားလို၊ ဝလို နေရာမျိုးရဲ့ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေကို သိချင်ရင် ပြ ည့်တ.န်ဆာ ရုံတွေရဲ့ အခင်းအကျင်း က တဆင့်လည်း မြင်နိုင်တယ်”လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးက ပြောပြဖူးပါတယ်။

မြို့ခံတချို့အဆို အရတော့ လိ င်ဖျော်ဖြေရေး လုပ်ငန်းတွေကို အမှီပြု လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေ ရာပေါင်းများ စွာ ရှိပြီး သူတို့ရဲ့ ဖောက်သည် အများစုကတော့ ကာစီနို ရုံတွေမှာ လာကစားတဲ့ တ ရု.တ် သူဌေးတွေ၊ ထိုင်း၊ လာအိုနဲ့ အိမ်နီးချင်း နိုင်ငံတချို့က နိုင်ငံသားတွေလို့ ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေးသမားတွေနဲ့ သီးခြားလာရောက် လည်ပတ်သူတွေလည်း ပါဝင်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေဟာ လိ င်ဖျော်ရေး ရုံတွေထဲ အထိ ရိုက်ခတ် တတ်ပါတယ်။

နတ်သမီးလမ်းထဲကို ဧည့်သည်ကားတွေ အဆက်မပြတ် ဝင်ထွက်နေတာ မြင်နေသမျှတော့ သူတို့ အတွက် ရာသီဥတု ကောင်းနေမှာပါ။ နောက်တနေ့ မိုင်းလားမြို့မဈေးကြီးကိုသွားရင်း ညက ရောက်ခဲ့တဲ့ နတ်သမီးလမ်း ဘက်ကို လှည့်ကြည့်မိပါတယ်။

မြင်ကွင်းကတော့ မနေ့ညကနဲ့ တခြားစီပါ။ နတ်သမီးလမ်းဟာ ညပိုင်းမှာ တန်ခိုးနဲ့ ဖန်ဆင်းထားသလို မီးရောင်စုံတွေ၊ ညနတ်သမီးလေးတွေနဲ့ အသက်ဝင် စည်းကားလှ နေပေမယ့် နေ့ဘက်မှာတော့ ပြည်သူပိုင်သိမ်းပြီး ပ.စ်ထားတဲ့ အဆောက်အုံပျက်တွေအလား ခြောက်ကပ် နေပါ တော့တယ်။

ခရက်ဒစ်