လူတစ်ဦးပင် မပွေ့ဖက်နိုင်တဲ့ အမြင့် 10 မီတာရှည်ပြီး ကြီးမားတဲ့ ဧရာမငှက်ပျောပင်ကြီးများ
လူတစ်ဦးပင် မပွေ့ဖက်နိုင်တဲ့ အမြင့် 10 မီတာရှည်ပြီး ကြီးမားတဲ့ ဧရာမငှက်ပျောပင်ကြီးများ။
ငှက်ပျောသီးဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ အသီးတစ်မျိုးလို့ သတ်မှတ်ခံထားရပြီး လူတိုင်းနီးပါး နှစ်သက်ကြပါတယ် ။ ၎င်းတို့မှာ အရောင်၊ အရွယ်အစား၊ မျိုးစေ့ သို့မဟုတ် အစေ့မပါသော မျိုးကွဲများစွာရှိသော်လည်း အားလုံးသည် အာဟာရတန်ဖိုးမြင့်မားပါတယ် ။
ဒါပေမဲ့ သဘာဝတရားက အမြဲတစေ အံ့ဖွယ်အရာများကို ဖန်တီးပေးပြီး လူတို့အကျွမ်းတဝင်ရှိတဲ့ ငှက်ပျောပင်က ဧရာမငှက်ပျောမျိုးများပင် ရှိလိမ့်မယ်လို့ လူတိုင်းနီးပါ မထင်ခဲ့ပါဘူး ။ မကြာသေးမီက လူတစ်ယောက်နဲ့ မပွေ့ဖက်နိုင်တဲ့ ဧရာမငှက်ပျောပင်ကြီးတစ်ပင်ရဲ့ ဗီဒီယိုဖိုင်ကိုတင်ပြီး လူမှုကွန်ရက်မှာ လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပါတယ် ။
ငှက်ပျောပင်က ကြီးမားပြီး ရှည်လျားတဲ့အတွက်ကြောင့် သစ်ပင်အောက်မှာ ရပ်နေတဲ့အခါလူက အလွန်သေးငယ်သွားတာကို တွေ့ရပါတယ် ။ ကလစ်ထဲကလူဟာ သူ့ရဲ့လက်များကို ဆန့်တန်းကာ ပွေ့ဖက်ထားသော်လည်း သူ့ရဲ့လက်များက ငှက်ပျော်ပင်စည်ရဲ့ထုထည်ကြီးမားမှုနဲ့ နှိုင်းယှဉ်ပါက သေးငယ်လွန်းလှပါတယ် ။
ငှက်ပျောပင်ကြီးက လေရဟတ်ကဲ့သို့ ကြီးမားသောကြောင့် အသီးမည်မျှကြီးတာကို လူတိုင်းသိချင်နေကြပါတယ် ။ တကယ်တော့ဒါက ပါပူဝါနယူးဂီနီ ငှက်ပျောသီးအမျိုးအစားဖြစ်တဲ့ Musa ingens လို့ခေါ်တဲ့ ဧရာမငှက်ပျောသီးတစ်မျိုးပါ။
ပုံကြီးချဲ့ခြင်းလုံးဝမရှိသော်လည်း ၎င်းရဲ့ကြီးမားတဲ့ အရွယ်အစားကိုလည်း တိကျစွာဖော်ပြပါတယ် ။ ထိုငှက်ပျောမျိုးက အမြင့်ဆုံးက 18 မီတာအထိရှိနိုင်ပြီး အရွက်ကအရှည် 5 မီတာ၊ ပင်စည်ကအချင်း 2 မီတာအထိရှိပြီး သစ်သားအပင်များနဲ့ နှိုင်းယှဉ်ပါက အဆိုပါ ငှက်ပျောပင်ဟာ ပိုကြီးပါတယ်။
JRose (Mckzone daily)
Zawgyi
JRose (Mckzone daily)