လယ်ထွန်နေရင်းနဲ့ (၁၄.၉၈) ကာရတ်ရှိတဲ့ စိန်တုံးကြီးကို ရှာတွေ့ခဲ့တဲ့ လယ်သမားကြီး

လူတစ်ယောက်ရဲ့ ဘဝဟာ အပြောင်းအလဲဖြစ်နေတဲ့ အချိန်တွေဆိုတာ ရှိတတ်ပါတယ်နော်။ လှံထမ်းလာတာကို မြင်ရတယ်၊ ကံထမ်းလာတ မမြင်ရဘူး ဆိုတဲ့ စကားကတော့ လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ အရမ်းကို အလှည့်အပြောင်း မြန်ပါတယ်နော်။

ဒီနေ့မှာ တော့ ဆင်းဆင်းရဲရဲနေနေရတယ်ဆိုပေမယ့်လည်း နောက်တစ်နေ့မှာ အိမ်ကြီးအိမ်ကောင်းတစ်အိမ်အပေါ် တက်နေနိုင်လောက်တဲ့အထိကို လူတစ်ယောက်ရဲ့ ဘဝဟာ ချက်ချင်းကို ပြောင်းလဲသွားတတ်ပါတ်နော်။အဲ့လိုဘဲ လယ်သမားကြီးတစ်ယောက်ဟာလည်း နေ့ချင်း ကြီးပွားသွားခဲ့တာပါနော်။အဆိုပါ လယ်သမားကြီးကကတော့ အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်ရှိတဲ့ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ Lakhan Yadav အမည်ရှိတဲ့ လယ်သမားကြီးပဲ ဖြစ်ပါတယ်နော်။

Yadav ကတော့ တော်တော်လေးကို ဆင်းရဲတဲ့ ကလေး ၄ ယောက်အဖေ လယ်သမားကြီးပါ။ လယ်တောင် ကိုယ်ပိုင်မရှိတာကြောင့် မရှိမဲ့ရှိမဲ့ပိုက်ဆံတွေကို ခြစ်ကုပ်ပြီးတော့ လယ်ပိုင်ရှင်တစ်ယောက်ထံမှ လယ်ကို လပေးနဲ့ငှားပြီး လယ်ယာအလုပ်ကို လုပ်ကိုင်နေခဲ့တာပါ။ ဒီလိုနဲ့ ဘဲ တစ်ရက်မှာတော့ လယ်ထွန်ယက်နေရင်း မြေကြီးထဲမှ ၁၄.၉၈ ကာရက်ရှိတဲ့ စိန်တုံးကြီးတစ်တုံးကို တူးဖော်ရခဲ့ပါတယ်တဲ့။  ထို စိန်တုံးကြီးကိုတော့ မကြာသေးခင်အချိန်ကပဲ ရူပီးငွေ ၆ သန်း(အမေရိကန်ဒေါ်လာ ၈၀,၀၀၀၀)နဲ့ ရောင်းစားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်နော်။တော်တော်လေးကို ဝမ်းသာရပါတယ်။ အဲဒီငွေတွေကို လက်တလောသုံးဖို့ အစီအစဉ် မရှိသေးပါဘူး။

ဒါပေမယ့် ကျွန်တော်က ပညာလုံးဝမတတ်တဲ့ လူဆိုတော့ အဲဒီငွေတွေနဲ့ ကျွန်တော့်ကလေး ၄ ယေက်ရဲ့ ပညာရေးကို အစွမ်းကုန်ထောက်ပံ့သွားဖို့ အစီအစဉ်တော့ ရှိပါတယ်။ အခုတော့ မော်တော်ဆိုင်ကယ်တစ်စီး၊ လယ် ၂ ဧကနဲ့ ကျွဲနှစ်ကောင် ဝယ်ထားပါတယ်။ မော်တော်ဆိုက်ကယ်ကလည်း ကျွန်တော့်တူတွေ စီးချင်တယ်ဆိုလို့ ဝယ်ပေးခဲ့တာပါ။ ကျွန်တော်ကတော့ ကျွန်တော့်စက်ဘီးလေးပဲစီးနေရရတာ အဆင်ပြေပါတယ် လို့ Yadav က ပြောကြားခဲ့ကြောင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။Source;Shwe mon