လမ်းခွဲမယ်ပြောတဲ့ချစ်သူကို နောက်ဆုံးအနမ်းမှာလျှာကိုကိုက်ဖြတ်ပြီးလမ်းခွဲပေးလိုက်တဲ့ ခေတ်သစ်ဒဿလို မိန်းမ
အမျိုးသမီးတွေကအချစ်ကြီးလာရင် ယောက်ျားလေးတွေထက်ခံစားချက်ပိုပြင်းထန်ကြတာပါ။ သူတို့ကတော့ တစ်ခါတလေမှာချစ်တတ်သလောက်လဲ တစ်ခါတလေမှာ ယောက်ျားတွေထင်မှတ်မထားလောက်အောင်အထိ လက်တုန့်ပြန်တတ်တယ်ဆိုတာ ဒီသတင်းလေးကသက်သေတွေထဲကတစ်ခုဖြစ်ပါလိမ့်မယ်နော်။ အသက်(၂၃) နှစ်အရွယ်ရှိတဲ့ တရုတ်အမျိုးသားတစ်ဦးက ချစ်သူကိုသစ်စိမ်းချိုးချိုးပြီး နှစ်ယောက်ကြားက ပတ်သက်မှုဟာအခုကစပြီးတော့ နိဋ္ဌိတံပြီဖြစ်ကြောင်း သူရဲ့ချစ်သူကိုသတိပေးခဲ့တာပါတဲ့။
အဆိုထိုအမျိုးသားရဲ့နာမည်မှာ Liu လို့ဘဲ အကြမ်းဖျဉ်းသတင်းမှာဖော်ပြထားတာပါ။ လမ်းခွဲခံလိုက်ရတဲ့ကောင်မလေးအမည်ကတော့ Zhou လို့သိရပါတယ်နော်။ ဒီအဖြစ်အပျက်ကိုတော့ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတဲ့လမ်းသွားလမ်းလာတွေရဲ့ပြောကြားချက်အရတော့ သူတို့နှစ်ဦးဟာ ချစ်သူဘဝမှာစိတ်သဘောထားချင်းမတိုက်ဆိုင်နေတာတွေကများနေလို့ ခပကင်းကင်းနေကြကြောင်းနဲ့ဒီအတွက် Liu က Zhou နဲ့ လမ်းခွဲကြဖို့အကြောင်း တကူးတကဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်နော်။
Zhou ကပထမတော့အသည်းအသန်ငိုကြွေးခဲ့ပြီးတော့ နောက်ဆုံးသဘောတူညီပေးခဲ့တာပါ။ ဒါပေမယ့်နောက်ဆုံး နှုတ်ဆက်အနမ်းလေးတော့ထားခဲ့ါဦးဆိုပြီးတော့ Liu ကို မိန်းမမာယာသုံးပြီးတောင်ပန်ခဲ့တာပါ။ Liu ကလည်း Zhou ရဲ့ အကြံအစည်ကိုမသိဘဲ ကောင်းပြီလေလို့ဆိုကာ နှုတ်ဆက်အနမ်းကိုစတိသဘောပေးဖို့ စိတ်ကူးခဲ့တာပါ။ နှစ်ဦးသားဟာလူသွားလူလာစည်းကားလွန်းတဲ့လမ်းမအလယ်မှာ နှုတ်ခမ်းချင်းဆက်ပြီးတော့ နောက်ဆုံးအနမ်းကိုပယ်ပယ်နယ်နယ် နမ်းခဲ့ကြတာပါတဲ့။
လမ်းသွားလမ်းလာတွေကလည်း အစကတော့ကြည့်ကောင်းကောင်းကောင်းနဲ့ကြည့်နေခဲ့တာပါ။ ဒါပေမယ့်လည်း Zhou ဟာ အားလုံးထင်မှတ်မထားတဲ့အပြုအမူကို ပြုလုပ်ခဲ့ပါတာပါ။ အဲဒါက Zhou ဟာ Liu ရဲ့ လျှာကိုကိုက်ဖြတ်ပစ်ခဲ့တာပါတဲ့။ ထွက်ပေါ်လာတဲ့ဗွီဒီယိုထဲမှာ Zhou ဟာ ရဲတပ်ဖွဲ့ဝင်တွေခွဲထုတ်ဖို့ကြိုစားနေတဲ့ကြားက Liu ရဲ့ လျှာကိုမလွှတ်ပါဘူးတဲ့နော်။ Liu ကတော့အလွန်နာကျင်တဲ့ဝေဒနာကြောင့် အသံမပီမသနဲ့အော်ဟစ်ငိုကြွေးနေတာပါ။ နောက်ဆုံးတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့လူချင်းခွဲမှုအဆင်ပြေခဲ့ပြီးတော့ Zhou ဟာ မြေပြင်ပေါ်မှာပဲလဲှချပြီး ကြူကြူပါအောင်ငိုကြွေးနေတာပါတဲ့။ Liu အတွက် ကံကောင်းတာက ဆေးရုံကိုအချိန်မီပြေးသွားခဲ့ပြီးတော့ တစ်ခြားဆိုးဆိုးရွားရွားထိခိုက်သည်အထိ မဖြစ်ခဲ့ဘူးလို့သိရပါတယ်နော်။
ဒါပေမယ့်လည်းအဲဒီအတောအတွင်းမှာ လျှာကအနာမကျက်သေးသရွေ့တော့ သူအစာအစားဖို့ခက်ခဲပါလိမ့်မယ်နော်။ Zhou ရဲ့ မိဘတွေရဲ့အဆိုအရ လွန်ခဲ့တဲ့(၅) နှစ်ကတည်းက သူမဟာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကို ခံစားနေရပါတယ်လို့ထွက်ဆိုထားတာပါ။ Zhou ကတော့ Hefei မြို့ကဆေးကုခန်းမှာ စိတ်ပိုင်းဆိုင်ရာကုသမှုကို ငါးနှစ်တိုင်တိုင်ခံယူခဲ့ပြီး ပျောက်ကင်းခဲ့တယ်လို့လည်းယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုထားပါနော်။ သူမတို့စုံတွဲဟာ နှစ်ရှည်လများတွဲခဲ့ကြသူများဖြစ်ပြီးတော့ နောက်ပိုင်းမှာတစ်ဦးနဲ့တစ်ဦး အဆင်မပြေဖြစ်လာခဲ့တာပါနော် အခုဖြစ်ရပ်နဲ့ပတ်သက်လို့ရဲက Zhouကို မည်သို့မည်ပုံ အရေးယူထားတယ်ဆိုတာကိုတော့ သတင်းမှာဖော်ပြမထားပါဘူးနော်။
credit
Zawgyi