လပေါ်မှသတ္တုတွေကို စက်ရုပ်တွေလွှတ်ပြီးတူးဖော်ဖို့ သိပ္ပံပညာရှင်များလုပ်ဆောင်နေ

အနာဂါတ်မှာ လပေါ်အခြေစိုက်စခန်းများကို အလိုအလျောက် တူးဖော်လုပ်ဆောင်နိုင်မည့် စက်ရုပ်မိုင်းလုပ်သားများဖြင့် အကြီးအကျယ် တည်ဆောက်ကြပါလိမ့်မယ်။

လပတ်လမ်းထဲတွင်ထားရှိရန် အာကာသစခန်းများ လွှင့်တင်မှု နှင့် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအနေဖြင့် လပေါ်ကိုပြန်လည်ဆင်းသက်မှုနဲ့အတူ သိပ္ပံပညာရှင်တွေဟာ အနာဂတ်တွင် လကမ္ဘာပေါ်မှသယံဇာတများကို တူးဖော်နိုင်မည့်မစ်ရှင်တွေကို ခွင့်ပြုပေးနိုင်မည့် နည်းပညာတွေကို ပိုမိုအာရုံစိုက်လာကြပါတယ်။

ဒါတွေဟာဆယ်စုနှစ်အတွင်း ဖြစ်လာနိုင်လိမ့်မည်ဟုဆိုပါတယ်။ Arizona တက္ကသိုလ်မှ သုတေသီတစ်စုဟာ အာကာသတွင်း တူးဖော်ရေးနည်းလမ်းများ တီထွင်ရန် NASA မှ ဒေါ်လာ ၅၀၀၀၀၀ ထောက်ပံ့ငွေကို မကြာသေးမီက ရရှိခဲ့ပါ​သေးတယ်။

ရလဒ်အနေနဲ့ လကမ္ဘာပေါ်မှာရှိတဲ့ မြေရှားသတ္တုကို ရှာဖွေတူးဖော်နိုင်မည့် အလိုအလျောက်လုပ်ဆောင်နိုင်သော စက်ရုပ် အများအပြားတီထွင်နိုင်လိမ့်မည်ဟု သတင်းထုတ်ပြန်ချက်တစ်ခု၌ ရှင်းပြပါတယ်။

လကမ္ဘာပေါ်မှာ ဒီ Robot swarms ခေါ် အစုလိုက်ဖွဲ့စည်းထားတဲ့ စက်ရုပ်တွေဟာ အဖွဲ့တစ်ခုအနေဖြင့် အချိန်နှင့်အမျှ တိုးတက်လုပ်ဆောင် နိုင်လိမ့်မည်ဟုဆိုပါတယ်။

စက်ရုပ်များနောက်ကွယ်မှ တီထွင်တဲ့အဖွဲ့တွေဟာ တခြားမည်သည့် နည်းလမ်းတွေထက်မဆို ဓာတ်သတ္တုနဲ့ကျောက်တွေကို တူးဖော်တဲ့နေရာမှာ ၅ဆပိုမိုမြန်ဆန်တဲ့ လျှပ်စစ်ဓာတုနည်းလမ်း ကို တီထွင်ခဲ့ကြပါတယ်။

၎င်းစက်ရုပ်တွေမှာ Human and Explainable Autonomous Robotic System (HEART) ဟုခေါ်သော ဦးနှောက်အာရုံကြောတွင်ရှိနေသော အာရုံကြောဆိုင်ရာ ဇီဝဗေဒဆိုင်ရာ ဗိသုကာများကိုတုပရန် အလွန်ကြီးမားသော ပေါင်းစည်းသင်ယူနိုင်တဲ့စနစ်များ ထည့်သွင်းတည်ဆောက်ထားပါတယ်။

ဒါဟာစက်ရုပ်တွေကို အတူတကွအလုပ်လုပ်နိုင်ရန်နှင့် စက်ပိုင်းဆိုင်ရာသင်ယူမှုများမှတဆင့် သူတို့ရဲ့ပူးပေါင်းကျွမ်းကျင်မှုကို တိုးတက်စေရန် အချိန်နှင့်အမျှ လေ့ကျင့်သင်ကြားပေးပါတယ်။

တီထွင်သူတွေဟာ စက်ရုပ်တွေကို အာကာသသို့မလွှတ်ခင် ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်တဲ့ ကမ္ဘာမြေပေါ်မှာ စက်ရုပ်တွေရဲ့ အဖွဲ့လိုက်ကျွမ်းကျင်မှုကို မြှင့်တင်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးကြပါတယ်။

နောက်ဆုံးမှာတီထွင်သူတွေဟာ ကမ္ဘာမြေပေါ်မှ ညွှန်ကြားချက်မပါဘဲ ဓာတ်သတ္တုတူးဖော်ရေးနဲ့ အခြေခံအဆောက်အဦးများ ဆောက်လုပ်နိုင်ရေးတို့အတွက် လကမ္ဘာပေါ်မှာ စက်ရုပ်များကို ဖြန့်ကျက်နိုင်လိမ့်မယ်ဟု ရည်မှန်းထားကြပါတယ်။

လမျက်နှာပြင်အောက်၌ ဓာတ်သတ္တုတူးဖော်ခြင်းသည် အနာဂတ်လစခန်းများအတွက် ကမ္ဘာမြေမှပစ္စည်းများ သယ်ယူပို့ဆောင်မှုကို များစွာမှီခိုအားထားမှုကို လျော့ကျစေနိုင်ပါတယ်။

လပေါ်တွင်တူးဖော်နိုင်သောပစ္စည်းများတွင် မြေရှားသတ္တုများ ၊ တိုက်တေနီယမ် ၊ ရွှေနှင့်ပလက်တီနမ်နှင့် ဟီလီယမ်-၃ တို့ပါဝင်သည်။

မြေရှားသတ္တုများသည် ဆေးဘက်ဆိုင်ရာကိရိယာများနှင့် စမတ်ဖုန်းများတည်ဆောက်ရန် ကူညီနိုင်ပြီး ဟီလိယမ်-၃ က အနာဂတ်ကာလတွင် နျူးကလီးယားဓာတ်အားပေး စက်ရုံများအတွက် လောင်စာဖြစ်လာနိုင်ပါတယ်။

Human and Explainable Autonomous Robotic System (HEART) စနစ်ကိုတီထွင်ခဲ့သူ Jekan Thanga က စက်ရုပ်များစုဝေးနေတာဟာ လယ်ကွင်းထဲမှာ တိရိစ္ဆာန်အုပ်များနဲ့ အလုပ်သမားများစုဝေးနေတာနဲ့ ခိုင်းနှိုင်းပြောဆိုလိုက်ပါတယ်။

Jekan Thanga က ကျွနိုပ်တို့ဟာ လယ်သမားတွေနဲ့တူကြပါတယ်။ လယ်သမားတွေ လယ်အလုပ်တွေလုပ်ဖို့ တစ်အိမ်လုံးမှာရှိတဲ့ပင်ကို အရည်အသွေးရှိတဲ့ တိရိစ္ဆာန်အုပ်တွေကို မွေးမြူအသုံး​ပြုသလိုပါဘဲ ဟုဆိုပါတယ်။

ဒီလုပ်ငန်းစဥ်ကို ကြည့်ချင်းအားဖြင့် ကျွနိုပ်တို့ဒီစက်ရုပ်တွေကို ပြီးပြည့်စုံအောင် ဖန်တီးပေးခြင်းဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။

တီထွင်သူတွေဟာ ဒီ Robot Swarms တွေဟာ အရေးကြီးတဲ့မစ်ရှင်လုပ်ငန်းတွေ လုပ်ဆောင်ရာတွင် အာကာသယာဥ်မှူးတွေကို လွတ်မြောက်ဖို့အချိန်ပိုရအောင်ဆောင်ရွက်နိုင်ပြီး တစ်ချိန်ထဲမှာဘဲ အန္တရယ်ရှိတဲ့ဆောင်လုပ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

စိတ်ကူးကတော့ စက်ရုပ်တွေတည်ဆောက်တာက အရာဝတ္တုတွေကိုပြင်ဆင်ဖို့ ၊ ညစ်​ပေတဲ့အရာတွေကိုလုပ်ဆောင်ဖို့နဲ့ အန္တရာယ်ရှိတဲ့အရာတွေ လုပ်ဆောင်ဖို့အတွက်ဖြစ်ပါတယ်။ ဒါကြောင့်အာကာသယာဥ်မှူးတွေဟာ လွတ်လွတ်လပ်လပ်နဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့အရာတွေကို ပိုမိုလုပ်ဆောင်နိုင်တယ်ဟု Jekan Thanga ကဆိုပါတယ်။

Arizonaတက္ကသိုလ်မှအဖွဲ့ဟာ လပေါ်သို့သတ္တုရှာဖွေရေး စက်ရုပ်များစေလွှတ်တာဟာ ရည်ရွယ်ချက်ကတစ်ခုထဲ မဟုတ်ပါဘူး။ ဇွန်လတုန်းကလည်း ကယ်လီဖိုးနီးယားအ​ခြေစိုက် Masten Systems သည် လပေါ်တွင်သွားလာနိုင်သည့် lunor rover တစ်စင်းကိုတီထွင်ခဲ့ကြပြီး ၎င်းဟာလပေါ်မှာရှိတဲ့ကျောက်တွေကိုဖြတ်၍ ရေခဲတွေကိုဖောက်ကွဲစေနိုင်သဖြင့် ဒါဟာနောက်အနာဂတ်မှာ လပေါ်မှာရှိတဲ့ အာကာသယာဥ်စခန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ကို ရစေနိုင်ပါလိမ့်မယ်ဟုဆိုပါတယ်။

အာကာသဓာတ်သတ္တုတူးဖော်မှုကို 16 Psyche ကဲ့သို့ ကြွယ်ဝသောပစ္စည်းတွေပါဝင်တဲ့ အာကာသအိမ်နီးချင်း ဂြိုလ်သိမ်ဂြိုလ်မွှားတွေအထိ ကျော်လွန်တူးဖော်ဖို့ သတ်မှတ်ထားကြပါတယ်။

ဒီတူးဖော်ရရှိတဲ့ ဓာတ်သတ္တုတွေရဲ့ အသားတင်တန်ဖိုးဟာ ဒေါ်လာ ၇၀၀ Quintillion တန်ဖိုးလောက်ရှိမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်သို့ ပြန်လည်သယ်ယူနိုင်ပါလိမ့်မည်။

လူသားများ အနည်းငယ်ကြားဝင်မှုဖြင့် အလိုအလျောက်တူးဖော်ထားသော ကမ္ဘာပြင်ပမှသယံဇာတအရင်းအမြစ်တွေကို ဝယ်ယူခြင်းဟာ အနာဂါတ်စီးပွားရေးလောကကို ပုံဖော်နိုင်ပါလိမ့်မည် ဟု ဆိုပါတယ်။

Credit :  Kaung Htet (Knowledgeworms team)