လစဉ်ပုံမှန်လစာ ၆သိန်းကျော်ရရှိနေပေမဲ့ အလုပ်ကလွယ်ကူလွန်းနေတာကြောင့် အလုပ်မှနုတ်ထွက်ခဲ့တဲ့ အမျိုးသားတစ်ဦး

ယခုလိုအချိန်မှာ ကူးစက်ရောဂါကြောင့် တိုင်းပြည်ရဲ့စီးပွါးရေးအခြေအနေက စိုးရိမ်စရာကောင်းအောင် တဖြည်းဖြည်းကျဆင်းလာခဲ့ပေမဲ့ အလုပ်အကိုင်ရှိတဲ့ ကံကောင်းတဲ့သူများကတော့ ၎င်းတို့အလုပ်အကိုင်ဖြစ်နေသေးတာကို အထူးကျေးဇူးတင်နေသင့်ပါတယ်။

မကြာသေးခင်က Netizen တစ်ဦးက သူဟာ RicebowlMY ကုမ္ပဏီသို့အလုပ်၀င်ပြီး သူ့အားလစဉ်ဝင်ငွေ ရင်းဂစ် ၁၆၀၀ ကို ပေးနေတဲ့ကုမ္ပဏီတစ်ခုမှာ စီမံခန့်ခွဲမှုအပိုင်းနှင့် အလုပ်အား ဘယ်လိုစတင်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ Facebook Page မှာ မျှဝေပြောကြားခဲ့ပါတယ်။ သူ့အားကုမ္ပဏီကပေးအပ်တဲ့အလုပ်တာဝန်အားလုံးက အရမ်းလွယ်ကူနေတာကြောင့် ၎င်းအလုပ်ဟာ သူ့အတွက်စိန်ခေါ်တစ်ခုလို မခံစားရကြောင်း ဆိုထားခဲ့ပါတယ်။

“ကျွန်တော့်အတွက် အလုပ်ချိန်အများစုက ဘာအလုပ်မှလုပ်စရာကိုမရှိပါဘူး နံနက်ပိုင်းနှစ်နာရီစာလောက်သာ အလုပ်များပြီး ကျန်တဲ့အချိန်မှာ ကျွန်တော့်မှာဘာမှလုပ်စရာမရှိနေပါဘူး၊ တစ်ခါတစ်လေ လတစ်လရဲ့ပထမတစ်ရက်မှာသာ ကျွန်တော် အလုပ်များပါတယ် “ လို့ပြောပြထားပါတယ်။

ကျန်တဲ့၀န်ထမ်းများလည်း အလားတူ၎င်းတို့ရဲ့အချိန်များ ကုန်လွန်သွားစေဖို့ ၎င်းတို့ရဲ့ဖုန်းများဖြင့်သာ အချိန်ကုန်စေကြကြောင်း အဆိုပါအမျိုးသားက ဆက်လက်ပြောပြခဲ့ပါတယ်။

“ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုပြန်စဉ်းစားမိပြီး ကျန်ဘဝတစ်လျှောက်လုံးအတွက် ဒီအလုပ်ကငါ့ကို အသက်ရှင်စေမှာလားလို့ တွေးမိပါတယ်။ ဒီအလုပ်ကနေနုတ်ထွက်နိုင်ဖို့ ကိုယ့်အပေါ်မှာဘဲမူတည်နေပေမဲ့ ကျွန်တော့်အတွက် အလုပ်ချိန်အတွင်း နေ့တိုင်းမျှော်လင့်နေရတဲ့ တစ်ခုတည်းသောအလုပ်က ကျွန်တော်နေ့လည်စာကို ဘယ်မှာမှာယူပြီး ဘယ်အစားအစာကို စားရမလဲ ဆိုတာပါဘဲ “လို့ သူကဆက်ပြောပြခဲ့ပါတယ်။ထို့နောက် အဆိုပါ post ဟာ Netizen များထံမှ များစွာတဲ့တုံ့ပြန်မှုအမျိုးမျိုးကို ရရှိခဲ့ပါတယ်။

တစ်ချို့ကလည်း ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ အဲဒီလိုအလုပ်မျိုးကို ရချင်တာကြောင့် ၎င်းတို့ကတောင် မနာလိုဖြစ်မိကြောင်း ဆိုခဲ့ကြပြီး အခြားသူများကမူ “မင်းကကုမ္ပဏီမှ မည်သည့်အရာမှ သင်ယူခြင်းမရှိနေဘူးလို့ခံစားရလျှင် မင်းရဲ့အလုပ်မှထွက်သွားသင့်တယ်” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

လူအနည်းစုကတော့ “ မင်းရဲ့တိုးတက်မှုနှုန်းက မင်းရဲ့စိတ်ခံစားချက်နှင့်သာဆက်စပ်ကြောင်း” ပြောဆိုခဲ့ပါတယ်။ စာဖတ်သူတို့ကော ယခုလိုကူးစက်ရောဂါကာလအတွင်းမှာ အလုပ်ထွက်ခဲ့တဲ့ အဆိုပါအမျိုးသားနှင့်ပတ်သက်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်က မှန်လား ၊ မှားလားဆိုတာကို ဘယ်လိုတွေးထင်မိပါသလဲ။

Zawgyi

ယခုလိုအခ်ိန္မွာ ကူးစက္ေရာဂါေၾကာင့္ တိုင္းျပည္ရဲ႕စီးပြါးေရးအေျခအေနက စိုးရိမ္စရာေကာင္းေအာင္ တျဖည္းျဖည္းက်ဆင္းလာခဲ့ေပမဲ့ အလုပ္အကိုင္ရွိတဲ့ ကံေကာင္းတဲ့သူမ်ားကေတာ့ ၎တို႔အလုပ္အကိုင္ျဖစ္ေနေသးတာကို အထူးေက်းဇူးတင္ေနသင့္ပါတယ္။

မၾကာေသးခင္က Netizen တစ္ဦးက သူဟာ RicebowlMY ကုမၸဏီသို႔အလုပ္၀င္ၿပီး သူ႔အားလစဥ္ဝင္ေငြ ရင္းဂစ္ ၁၆၀၀ ကို ေပးေနတဲ့ကုမၸဏီတစ္ခုမွာ စီမံခန႔္ခြဲမႈအပိုင္းႏွင့္ အလုပ္အား ဘယ္လိုစတင္ခဲ့တဲ့အေၾကာင္းကို သူ႔ရဲ႕ Facebook Page မွာ မွ်ေဝေျပာၾကားခဲ့ပါတယ္။ သူ႔အားကုမၸဏီကေပးအပ္တဲ့အလုပ္တာဝန္အားလုံးက အရမ္းလြယ္ကူေနတာေၾကာင့္ ၎အလုပ္ဟာ သူ႔အတြက္စိန္ေခၚတစ္ခုလို မခံစားရေၾကာင္း ဆိုထားခဲ့ပါတယ္။

“ကြၽန္ေတာ့္အတြက္ အလုပ္ခ်ိန္အမ်ားစုက ဘာအလုပ္မွလုပ္စရာကိုမရွိပါဘူး နံနက္ပိုင္းႏွစ္နာရီစာေလာက္သာ အလုပ္မ်ားၿပီး က်န္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္မွာဘာမွလုပ္စရာမရွိေနပါဘူး၊ တစ္ခါတစ္ေလ လတစ္လရဲ႕ပထမတစ္ရက္မွာသာ ကြၽန္ေတာ္ အလုပ္မ်ားပါတယ္ “ လို႔ေျပာျပထားပါတယ္။

က်န္တဲ့၀န္ထမ္းမ်ားလည္း အလားတူ၎တို႔ရဲ႕အခ်ိန္မ်ား ကုန္လြန္သြားေစဖို႔ ၎တို႔ရဲ႕ဖုန္းမ်ားျဖင့္သာ အခ်ိန္ကုန္ေစၾကေၾကာင္း အဆိုပါအမ်ိဳးသားက ဆက္လက္ေျပာျပခဲ့ပါတယ္။

“ တစ္ခါတစ္ေလ ကိုယ့္ကိုယ္ကိုျပန္စဥ္းစားမိၿပီး က်န္ဘဝတစ္ေလွ်ာက္လုံးအတြက္ ဒီအလုပ္ကငါ့ကို အသက္ရွင္ေစမွာလားလို႔ ေတြးမိပါတယ္။ ဒီအလုပ္ကေနႏုတ္ထြက္ႏိုင္ဖို႔ ကိုယ့္အေပၚမွာဘဲမူတည္ေနေပမဲ့ ကြၽန္ေတာ့္အတြက္ အလုပ္ခ်ိန္အတြင္း ေန႔တိုင္းေမွ်ာ္လင့္ေနရတဲ့ တစ္ခုတည္းေသာအလုပ္က ကြၽန္ေတာ္ေန႔လည္စာကို ဘယ္မွာမွာယူၿပီး ဘယ္အစားအစာကို စားရမလဲ ဆိုတာပါဘဲ “လို႔ သူကဆက္ေျပာျပခဲ့ပါတယ္။ထို႔ေနာက္ အဆိုပါ post ဟာ Netizen မ်ားထံမွ မ်ားစြာတဲ့တုံ႔ျပန္မႈအမ်ိဳးမ်ိဳးကို ရရွိခဲ့ပါတယ္။

တစ္ခ်ိဳ႕ကလည္း ဒီလိုခက္ခဲတဲ့အခ်ိန္မ်ိဳးမွာ အဲဒီလိုအလုပ္မ်ိဳးကို ရခ်င္တာေၾကာင့္ ၎တို႔ကေတာင္ မနာလိုျဖစ္မိေၾကာင္း ဆိုခဲ့ၾကၿပီး အျခားသူမ်ားကမူ “မင္းကကုမၸဏီမွ မည္သည့္အရာမွ သင္ယူျခင္းမရွိေနဘူးလို႔ခံစားရလွ်င္ မင္းရဲ႕အလုပ္မွထြက္သြားသင့္တယ္” လို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

လူအနည္းစုကေတာ့ “ မင္းရဲ႕တိုးတက္မႈႏႈန္းက မင္းရဲ႕စိတ္ခံစားခ်က္ႏွင့္သာဆက္စပ္ေၾကာင္း” ေျပာဆိုခဲ့ပါတယ္။ စာဖတ္သူတို႔ေကာ ယခုလိုကူးစက္ေရာဂါကာလအတြင္းမွာ အလုပ္ထြက္ခဲ့တဲ့ အဆိုပါအမ်ိဳးသားႏွင့္ပတ္သက္ၿပီး သူ႔ရဲ႕ဆုံးျဖတ္ခ်က္က မွန္လား ၊ မွားလားဆိုတာကို ဘယ္လိုေတြးထင္မိပါသလဲ။