ရွေးကောက်ပွဲရလဒ်ပယ်ပျက်မှုကို ဂျပန်နိုင်ငံက ကန့်ကွက်တယ်လို့ဆို

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းတယ်ဆိုတဲ့ကြေညာချက်ကို ကန့်ကွက်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးကပြောလာပါတယ်။

“ဒီလိုကြေညာလိုက်တာဟာ ဂျပန်ကအမြဲတမ်းတောင်းဆိုနေတဲ့ ဒီမိုကရေစီနည်းကျလမ်းကြောင်းကို မြန်မြန်ပြန်လှည့်ဖို့လိုတယ်ဆိုတဲ့အရှိတရားကို ဖီလာဆန့်ကျင်နေတဲ့အတွက် လိုလားစရာအခြေအနေတော့မဟုတ်ဘူး” ဆိုပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ပြောကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြထားပါတယ်။

NLDပါတီ မဲအများစုနဲ့နိုင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့အမြင်မှာ မျှမျှတတနဲ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို ၀န်ကြီးကထောက်ပြပြောဆိုခဲ့ပါတယ်။

Zawgyi

အာဏာသိမ္းစစ္ေကာင္စီက ၂၀၂၀ ႏိုဝင္ဘာေ႐ြးေကာက္ပြဲရလာဒ္ကို ဖ်က္သိမ္းတယ္ဆိုတဲ့ေၾကညာခ်က္ကို ကန႔္ကြက္တဲ့အေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးကေျပာလာပါတယ္။

“ဒီလိုေၾကညာလိုက္တာဟာ ဂ်ပန္ကအၿမဲတမ္းေတာင္းဆိုေနတဲ့ ဒီမိုကေရစီနည္းက်လမ္းေၾကာင္းကို ျမန္ျမန္ျပန္လွည့္ဖို႔လိုတယ္ဆိုတဲ့အရွိတရားကို ဖီလာဆန႔္က်င္ေနတဲ့အတြက္ လိုလားစရာအေျခအေနေတာ့မဟုတ္ဘူး” ဆိုၿပီး ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi က ေျပာေၾကာင္း က်ိဳဒိုသတင္းဌာနက ေဖာ္ျပထားပါတယ္။

NLDပါတီ မဲအမ်ားစုနဲ႔ႏိုင္ခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ျပည္တြင္းျပည္ပက ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ေတြရဲ႕အျမင္မွာ မွ်မွ်တတနဲ႔က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲျဖစ္တယ္ဆိုတာကို ၀န္ႀကီးကေထာက္ျပေျပာဆိုခဲ့ပါတယ္။