ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး သမ္မတရုံးပြတ်ပြတ်သားကြေငြာချက်ထုတ်လိုက်ပြီ

“ပွင့်ပွင့်လင်းလင်းပြောရရင် ရွေးကောက်ပွဲမှာ ရှုံးတယ်။ ရွေးကောက်ပွဲရှုံးတဲ့ဟာကို လက်မခံနိုင်ဘူးပေါ့နော်။ လက်မခံနိုင်တဲ့သူတွေက ဒီလိုမျိုး အမျိုးမျိုးအဖုံဖုံ ပြောကြားနေတာတွေ ဒါတွေလည်းပြည်သူတွေသိတယ်ပေါ့နော်။

တစ်ကယ်တန်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲပေးခဲ့တဲ့ ပြည်သူလူထုက အသိဆုံးဖြစ်တယ်။ ဘယ်သူ့ကိုမဲပေးခဲ့တယ် ဘယ်ပါတီကိုယ်စားလှယ်ကို မဲပေးခဲ့တယ်ဆိုတာပြန်ကြည့်ရင် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ အခုပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဒီအတိုင်းပဲ အပြတ်အသတ်နိုင်တာပဲ။ လူထုရဲ့သဘောထား လူထုရဲ့ထောက်ခံမှုက ဒီအတိုင်းပဲရှိနေတာပဲ။ ဒါကိုကြည့်ရင်ရှင်းပါတယ်။ ဒါကြောင့် မဟုတ်အမှန် ဝေဖန်ပြောကြားနေတာတွေလုပ်နေသ၍ ဒီအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေအနေနဲ့ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တာပေါ့နော်။

နိုင်ငံရေးဆွဲကြိုးချတာဖြစ်လိမ့်မယ်ဆိုတာ ကျနော်ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်” “တစ်ချို့ပြောတယ် တစ်ချို့ပါတီကအဖွဲ့တွေပြောတယ်၊ အသိအမှတ်မပြုဘူးဆိုတော့။ အသိအမှတ်မပြုဘူးဆိုတော့လည်း မပြုနဲ့ပေါ့။ ပြည်သူလူထုကအသိအမှတ်ပြုလို့ မဲပေးထားတာပဲ။ အဲ့ဒီတော့ အသိအမှတ်မပြုဘူးဆိုရင် သူတို့ရွေးချယ်စရာ ၂ ခုရှိတယ်။ နိုင်ငံတကာမှာလုပ်နေကြ။ ဘာလုပ်လဲဆိုတော့ ပါတီတစ်ခုလုံးက ပြန်သုံးသပ်တယ်။ ညီလာခံခေါ်တယ်။

 

တာဝန်ရှိတဲ့သူရှိတယ် ရှုံးတယ်၊ သူတာဝန်ယူတယ်၊ ထွက်တယ် ဥက္ကဋ္ဌအဖြစ်ကနေ ထွက်၊ နောက်လူချိန်း၊ Reform ပြန်လုပ်တယ်၊ နည်းဗျူဟာတွေပြန်ပြောင်းတယ်၊ နောင်လာမယ့် ရွေးကောက်ပွဲကျရင် နိုင်အောင်ဘယ်လိုလုပ်မလဲ။ ဒါ နိုင်ငံတကာမှာလုပ်တဲ့ဟာ လုပ်ထုံးလုပ်နည်းတွေ။ အဲ့ဒီလိုမဟုတ်ဘူး ၊ ဒိုင်ညစ်တယ်ပေါ့နော် ပြောရရင် ဒိုင်ညစ်တယ် ဒိုင်ညစ်တယ် ဒါပဲပြောနေရင်တော့ အဆင်မပြေဘူး” “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာမှာလား မလိုက်နာဘူးလား မေးခွန်းတော့ရှိတယ်။ ကျနော်တို့တော့ အသိအမှတ်မပြုဘူးဆို အသိမပြုချင်နေ လူထုက အသိအမှတ်ပြုတယ်၊ တစ်ပြည်လုံးကအသိအမှတ်ပြုတယ်”

Zaw Htay (သမ္မတရုံး)

နေပြည်တော်၊ ဇန်နဝါရီ ၈

Zawgyi

“ပြင့္ပြင့္လင္းလင္းေျပာရရင္ ေ႐ြးေကာက္ပြဲမွာ ရႈံးတယ္။ ေ႐ြးေကာက္ပြဲရႈံးတဲ့ဟာကို လက္မခံႏိုင္ဘူးေပါ့ေနာ္။ လက္မခံႏိုင္တဲ့သူေတြက ဒီလိုမ်ိဳး အမ်ိဳးမ်ိဳးအဖုံဖုံ ေျပာၾကားေနတာေတြ ဒါေတြလည္းျပည္သူေတြသိတယ္ေပါ့ေနာ္။

တစ္ကယ္တန္း ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ မဲေပးခဲ့တဲ့ ျပည္သူလူထုက အသိဆုံးျဖစ္တယ္။ ဘယ္သူ႔ကိုမဲေပးခဲ့တယ္ ဘယ္ပါတီကိုယ္စားလွယ္ကို မဲေပးခဲ့တယ္ဆိုတာျပန္ၾကည့္ရင္ ၁၉၉၀ ေ႐ြးေကာက္ပြဲ၊ ၂၀၁၅ ေ႐ြးေကာက္ပြဲ၊ အခုၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဒီအတိုင္းပဲ အျပတ္အသတ္ႏိုင္တာပဲ။ လူထုရဲ႕သေဘာထား လူထုရဲ႕ေထာက္ခံမႈက ဒီအတိုင္းပဲရွိေနတာပဲ။ ဒါကိုၾကည့္ရင္ရွင္းပါတယ္။ ဒါေၾကာင့္ မဟုတ္အမွန္ ေဝဖန္ေျပာၾကားေနတာေတြလုပ္ေနသ၍ ဒီအဖြဲ႕အစည္းေတြ ပုဂၢိဳလ္ေတြအေနနဲ႔ကိုယ့္ႏိုင္ငံေရးကို ကိုယ္ျပန္သတ္တာေပါ့ေနာ္။

ႏိုင္ငံေရးဆြဲႀကိဳးခ်တာျဖစ္လိမ့္မယ္ဆိုတာ က်ေနာ္ရွင္းရွင္းလင္းလင္းေျပာခ်င္ပါတယ္” “တစ္ခ်ိဳ႕ေျပာတယ္ တစ္ခ်ိဳ႕ပါတီကအဖြဲ႕ေတြေျပာတယ္၊ အသိအမွတ္မျပဳဘူးဆိုေတာ့။ အသိအမွတ္မျပဳဘူးဆိုေတာ့လည္း မျပဳနဲ႔ေပါ့။ ျပည္သူလူထုကအသိအမွတ္ျပဳလို႔ မဲေပးထားတာပဲ။ အဲ့ဒီေတာ့ အသိအမွတ္မျပဳဘူးဆိုရင္ သူတို႔ေ႐ြးခ်ယ္စရာ ၂ ခုရွိတယ္။ ႏိုင္ငံတကာမွာလုပ္ေနၾက။ ဘာလုပ္လဲဆိုေတာ့ ပါတီတစ္ခုလုံးက ျပန္သုံးသပ္တယ္။ ညီလာခံေခၚတယ္။

တာဝန္ရွိတဲ့သူရွိတယ္ ရႈံးတယ္၊ သူတာဝန္ယူတယ္၊ ထြက္တယ္ ဥကၠ႒အျဖစ္ကေန ထြက္၊ ေနာက္လူခ်ိန္း၊ Reform ျပန္လုပ္တယ္၊ နည္းဗ်ဴဟာေတြျပန္ေျပာင္းတယ္၊ ေနာင္လာမယ့္ ေ႐ြးေကာက္ပြဲက်ရင္ ႏိုင္ေအာင္ဘယ္လိုလုပ္မလဲ။ ဒါ ႏိုင္ငံတကာမွာလုပ္တဲ့ဟာ လုပ္ထုံးလုပ္နည္းေတြ။ အဲ့ဒီလိုမဟုတ္ဘူး ၊ ဒိုင္ညစ္တယ္ေပါ့ေနာ္ ေျပာရရင္ ဒိုင္ညစ္တယ္ ဒိုင္ညစ္တယ္ ဒါပဲေျပာေနရင္ေတာ့ အဆင္မေျပဘူး” “၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအတိုင္း လိုက္နာမွာလား မလိုက္နာဘူးလား ေမးခြန္းေတာ့ရွိတယ္။ က်ေနာ္တို႔ေတာ့ အသိအမွတ္မျပဳဘူးဆို အသိမျပဳခ်င္ေန လူထုက အသိအမွတ္ျပဳတယ္၊ တစ္ျပည္လုံးကအသိအမွတ္ျပဳတယ္”

Zaw Htay (သမၼတ႐ုံး)

ေနျပည္ေတာ္၊ ဇန္နဝါရီ ၈