ရဲဘော်များအပေါ် ဂုတ်သွေးစုပ်နေတဲ့ အဘတို့ရဲ့နောက်ကွယ်

စစ်တပ်မှာအကြောင်းမဲ့ပျက်ကွက် ၂၄ နာရီကျော်တာနဲ့ ခွင့်မဲ့ပျက်ကွက်ကြေညာပါတယ်။၂၁ ရက်ကျော်လွန်ရင်တော့ စစ်ပြေး ကြေညာပီးဖမ်းဆီးဖို့ သက်ဆိုင်ရာရဲစခန်း၊တပ်ထိန်းတပ်တွေဆီကို အကြောင်းကြားပါတယ်။ အဲဒီတော့မှအဲဒီစစ်သည်ရဲ့ လစာ၊ရိက္ခာတွေ မရရှိမခံစားရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီလိုသာ ကြေညာခဲ့ရင် အရာရှိတွေနဲ့အသက် ၅၀ ကျော် အိုနာကျိုးကန်းတွေလောက်သာကျန်တော့မှာပါ။ အဲဒီတော့စပြီးပြေးပီဆိုရင် ကလေးတွေချော့ခေါ်ရသလိုလိုက်ရှာ၊ ပြန်လာခဲ့ပါဘာညာဆိုပီးခေါ်ရပါတယ်။

ပြန်ခေါ်နေတဲ့အတောအတွင်းကာလမှာ စစ်သည်ရဲ့လစာရိက္ခာ၊ စစ်ဝတ်တန်ဆာနဲ့ အခြားခံစားခွင့်တွေကို တပ်မှူးကစပီးအသေးစိတ်စာရင်းလုပ် ထိန်းသိမ်းပါတော့တယ်ရှင်။ ချက်ချင်း မကြေညာပါဘူး။ အဲငွေတွေကိုစပီးဘုန်းပါပီရှင် ( အဲ့လို စောက်ခွက်ကြီးနဲ့ )။

အရင်ကဘယ်လောက်ကြာကြာထားသလဲဆိုရင် ၂နှစ်ကျော်အထိ ထားပါတယ်။ တပ်ရင်းတစ်ရင်းမှာ ၃ သိန်းပဲထား၊ ၁၂ ယောက်ဆိုရင် ၃၆ သိန်း ပေါ့။ တပ်ရင်းတွေဘယ်လောက်ရှိလဲ တွက်ကြည့်ပါ။ အဲဒီငွေတွေကရော အဂတိမဟုတ်ဘူးလား၊ နိုင်ငံတော်ငွေတွေမဟုတ်ပေဘူးလားရှင်။

အဲဒီငွေတွေကိုတော့ “မာလာဟင်း”လို့ စကားဝှက်နဲ့ခေါ်လေ့ရှိပါတယ် (မာလာရှမ်းကောလို့မခေါ်ခဲ့လို့ကျေးဇူးပါရှင်)။ တပ်မှူး အချင်းချင်းတောင် သယ်ရင်းမင်းမှာမာလာဘယ်လောက်ရှိလဲ ငါ့မှာတော့ဘယ်နှစ်ယောက်ဆိုပီး ပြောလေ့ရှိကြပါတယ်။

တစ်ချို့တပ်မှူးတွေမှာလဲ အမှန်အတိုင်းကြေညာချင်ကြပါတယ်။ဒါပေမဲ့ “တစ်လကိုတစ်ယောက်ပဲကြေညာရမယ်၊ လေးလပါတ်တစ်ပါတ်အတွင်း ၄ ယောက်မကျော်ရဘူး”တို့နဲ့ ချုပ်ကိုင်ထားတော့ မကြေညာရဘူးပေါ့ရှင်။ (ဒီမှာကြားဖြတ်ပြောပါအုံးမယ်။တပ်သားသစ်‌တွေကို အဲဒီငွေတွေထဲကနေ ရှာပီးစုရတယ်တဲ့ရှင်။ နောက်မှအရှည်ရေးပါ့မယ်။) တစ်လတစ်ယောက်ကြေငြာရင် ၁၂ လဆို ကုန်ပီပေါ့လို့မထင်လိုက်ပါနဲ့ရှင့်။ ရှေ့ကကြေညာ နောက်ကလစ်ပါပဲ။ အဲဒါကြောင့် အင်အားအခြေအနေမယုတ်လျော့လေအောင် လိင်ကွဲအမျိုးသမီးစစ်သည်တွေပါ စုဆောင်းနေတာပေါ့ရှင်။

မဲလဲရအင်အားလည်းရပေါ့ရှင် ( ဘဘအကြံလေငိငိ) ထွက်ပြေးရတဲ့စစ်သည်တွေကလဲ အကြောင်းသိလို့သာ မနေချင်တော့လို့ပြေးကြတာပါ။ ထိုက်သင့်တဲ့အပြစ်ဒဏ်ခံဖို့ ၆ လ ၁ နှစ်လောက်ကြာရင် ပြန်အဖမ်းခံကြပါတယ်။ ဒါပေမယ့်ရှေ့ကပြောခဲ့တဲ့ သူတို့ကိုမကြေညာသေးဘဲ သူတို့ရဲ့လစာခံစားခွင့်တွေက မာလာဟင်းတွေဖြစ်နေတော့ တပ်တွင်းအချုပ်လေးချပီး ရှေ့တန်းကိုပြန်အပို့ခံရတာပါပဲ။ အဲလိုပြန်လာရင် တစ်ခါတည်းရှေ့ကာလကငွေတွေက ငွေဖြူဖြစ်သွားတာပေါ့။ (မလိမ်နဲ့ အဘဖြစ်ချင်သွားပြီမလား ) အဲဒီစစ်သည်ကိုတောင် သွားခေါ်ရရင်လမ်းစားရိတ်ဆိုပီး နှစ်လစာလောက်ဖြတ်သေးတာ (ရှေ့ကာလငွေထဲကမဟုတ်ဘူးနော်)။ ကျန်သေးတယ်ရှင်။ တချို့ခွင့်မဲ့တွေဆိုရင် ရှေ့တန်းမှာလူကသာမပါတာ on paper ပါတယ်ရှင့်။ အဲဒါဆိုရင်စစ်ထူးလို့ခေါ်တဲ့ စစ်ဆင်ရေးနေ့တွက်စရိတ် တစ်ရက်ကို ၁၂၀၀ နှုန်းပါ အိတ်ထဲရောက်တာပေါ့ရှင်။ (ဒုမှူးကြီးအထက်ဆို စစ်တပ်ကိုချစ်သွားတာဒါကြောင့်ကိုး )။

အာ့ကြောင့်လဲ လူ၃၀ ပါရမယ့်ဟာ ၂၅ယောက်လောက်ပဲပါတော့ ဗုံးသီးကိုကျန်တဲ့ကောင်တွေ ကုန်းပီးထမ်းကြပေတော့ပေါ့။ရှိသေးတယ်။ အဲဒါကတိုင်းမှူးအဆင့်လောက်လိမ်တာ ပြည်သူ့စစ်ဆိုတဲ့ငတိတွေကို လစာထောက်ပံ့စည်းရုံးချင်တော့ စစ်ဆင်ရေးအထမ်းသမားခလို့ခေါင်းစဉ်ပြပြီး ထောက်ပံ့ကြပြန်ရော။ မြေပြင်မှာတော့ ဘော်ဘော်တွေပဲထမ်းရတာပါ။ ပြောချင်တာကတော့ သူတို့လုပ်တော့ခေါင်းစဉ်ပြောင်းသုံးတာပေါ့ ။ သူများကျတော့ လာဘ်ပေးလာဘ်ယူအဂတိပေါ့ရှင်။ နောက်ဆုံးပြောချင်တာကတော့ အဲဒီမှာမာလာဟင်းလေးတွေကိုပဲ ဆွမ်းတော်ကပ်ရသေးတယ်ဆိုပါကြောင်းရှင်။

TDZY (မမကြီး)

Zawgyi

စစ္တပ္မွာအေၾကာင္းမဲ့ပ်က္ကြက္ ၂၄ နာရီေက်ာ္တာနဲ႔ ခြင့္မဲ့ပ်က္ကြက္ေၾကညာပါတယ္။၂၁ ရက္ေက်ာ္လြန္ရင္ေတာ့ စစ္ေျပး ေၾကညာပီးဖမ္းဆီးဖို႔ သက္ဆိုင္ရာရဲစခန္း၊တပ္ထိန္းတပ္ေတြဆီကို အေၾကာင္းၾကားပါတယ္။ အဲဒီေတာ့မွအဲဒီစစ္သည္ရဲ႕ လစာ၊ရိကၡာေတြ မရရွိမခံစားရေတာ့မွာျဖစ္ပါတယ္။ ဒါေပမဲ့အဲဒီလိုသာ ေၾကညာခဲ့ရင္ အရာရွိေတြနဲ႔အသက္ ၅၀ ေက်ာ္ အိုနာက်ိဳးကန္းေတြေလာက္သာက်န္ေတာ့မွာပါ။ အဲဒီေတာ့စၿပီးေျပးပီဆိုရင္ ကေလးေတြေခ်ာ့ေခၚရသလိုလိုက္ရွာ၊ ျပန္လာခဲ့ပါဘာညာဆိုပီးေခၚရပါတယ္။

ျပန္ေခၚေနတဲ့အေတာအတြင္းကာလမွာ စစ္သည္ရဲ႕လစာရိကၡာ၊ စစ္ဝတ္တန္ဆာနဲ႔ အျခားခံစားခြင့္ေတြကို တပ္မႉးကစပီးအေသးစိတ္စာရင္းလုပ္ ထိန္းသိမ္းပါေတာ့တယ္ရွင္။ ခ်က္ခ်င္း မေၾကညာပါဘူး။ အဲေငြေတြကိုစပီးဘုန္းပါပီရွင္ ( အဲ့လို ေစာက္ခြက္ႀကီးနဲ႔ )။

အရင္ကဘယ္ေလာက္ၾကာၾကာထားသလဲဆိုရင္ ၂ႏွစ္ေက်ာ္အထိ ထားပါတယ္။ တပ္ရင္းတစ္ရင္းမွာ ၃ သိန္းပဲထား၊ ၁၂ ေယာက္ဆိုရင္ ၃၆ သိန္း ေပါ့။ တပ္ရင္းေတြဘယ္ေလာက္ရွိလဲ တြက္ၾကည့္ပါ။ အဲဒီေငြေတြကေရာ အဂတိမဟုတ္ဘူးလား၊ ႏိုင္ငံေတာ္ေငြေတြမဟုတ္ေပဘူးလားရွင္။

အဲဒီေငြေတြကိုေတာ့ “မာလာဟင္း”လို႔ စကားဝွက္နဲ႔ေခၚေလ့ရွိပါတယ္ (မာလာရွမ္းေကာလို႔မေခၚခဲ့လို႔ေက်းဇူးပါရွင္)။ တပ္မႉး အခ်င္းခ်င္းေတာင္ သယ္ရင္းမင္းမွာမာလာဘယ္ေလာက္ရွိလဲ ငါ့မွာေတာ့ဘယ္ႏွစ္ေယာက္ဆိုပီး ေျပာေလ့ရွိၾကပါတယ္။

တစ္ခ်ိဳ႕တပ္မႉးေတြမွာလဲ အမွန္အတိုင္းေၾကညာခ်င္ၾကပါတယ္။ဒါေပမဲ့ “တစ္လကိုတစ္ေယာက္ပဲေၾကညာရမယ္၊ ေလးလပါတ္တစ္ပါတ္အတြင္း ၄ ေယာက္မေက်ာ္ရဘူး”တို႔နဲ႔ ခ်ဳပ္ကိုင္ထားေတာ့ မေၾကညာရဘူးေပါ့ရွင္။ (ဒီမွာၾကားျဖတ္ေျပာပါအုံးမယ္။တပ္သားသစ္‌ေတြကို အဲဒီေငြေတြထဲကေန ရွာပီးစုရတယ္တဲ့ရွင္။ ေနာက္မွအရွည္ေရးပါ့မယ္။) တစ္လတစ္ေယာက္ေၾကျငာရင္ ၁၂ လဆို ကုန္ပီေပါ့လို႔မထင္လိုက္ပါနဲ႔ရွင့္။ ေရွ႕ကေၾကညာ ေနာက္ကလစ္ပါပဲ။ အဲဒါေၾကာင့္ အင္အားအေျခအေနမယုတ္ေလ်ာ့ေလေအာင္ လိင္ကြဲအမ်ိဳးသမီးစစ္သည္ေတြပါ စုေဆာင္းေနတာေပါ့ရွင္။

မဲလဲရအင္အားလည္းရေပါ့ရွင္ ( ဘဘအႀကံေလငိငိ) ထြက္ေျပးရတဲ့စစ္သည္ေတြကလဲ အေၾကာင္းသိလို႔သာ မေနခ်င္ေတာ့လို႔ေျပးၾကတာပါ။ ထိုက္သင့္တဲ့အျပစ္ဒဏ္ခံဖို႔ ၆ လ ၁ ႏွစ္ေလာက္ၾကာရင္ ျပန္အဖမ္းခံၾကပါတယ္။ ဒါေပမယ့္ေရွ႕ကေျပာခဲ့တဲ့ သူတို႔ကိုမေၾကညာေသးဘဲ သူတို႔ရဲ႕လစာခံစားခြင့္ေတြက မာလာဟင္းေတြျဖစ္ေနေတာ့ တပ္တြင္းအခ်ဳပ္ေလးခ်ပီး ေရွ႕တန္းကိုျပန္အပို႔ခံရတာပါပဲ။ အဲလိုျပန္လာရင္ တစ္ခါတည္းေရွ႕ကာလကေငြေတြက ေငြျဖဴျဖစ္သြားတာေပါ့။ (မလိမ္နဲ႔ အဘျဖစ္ခ်င္သြားၿပီမလား ) အဲဒီစစ္သည္ကိုေတာင္ သြားေခၚရရင္လမ္းစားရိတ္ဆိုပီး ႏွစ္လစာေလာက္ျဖတ္ေသးတာ (ေရွ႕ကာလေငြထဲကမဟုတ္ဘူးေနာ္)။ က်န္ေသးတယ္ရွင္။ တခ်ိဳ႕ခြင့္မဲ့ေတြဆိုရင္ ေရွ႕တန္းမွာလူကသာမပါတာ on paper ပါတယ္ရွင့္။ အဲဒါဆိုရင္စစ္ထူးလို႔ေခၚတဲ့ စစ္ဆင္ေရးေန႔တြက္စရိတ္ တစ္ရက္ကို ၁၂၀၀ ႏႈန္းပါ အိတ္ထဲေရာက္တာေပါ့ရွင္။ (ဒုမႉးႀကီးအထက္ဆို စစ္တပ္ကိုခ်စ္သြားတာဒါေၾကာင့္ကိုး )။

အာ့ေၾကာင့္လဲ လူ၃၀ ပါရမယ့္ဟာ ၂၅ေယာက္ေလာက္ပဲပါေတာ့ ဗုံးသီးကိုက်န္တဲ့ေကာင္ေတြ ကုန္းပီးထမ္းၾကေပေတာ့ေပါ့။ရွိေသးတယ္။ အဲဒါကတိုင္းမႉးအဆင့္ေလာက္လိမ္တာ ျပည္သူ႔စစ္ဆိုတဲ့ငတိေတြကို လစာေထာက္ပံ့စည္း႐ုံးခ်င္ေတာ့ စစ္ဆင္ေရးအထမ္းသမားခလို႔ေခါင္းစဥ္ျပၿပီး ေထာက္ပံ့ၾကျပန္ေရာ။ ေျမျပင္မွာေတာ့ ေဘာ္ေဘာ္ေတြပဲထမ္းရတာပါ။ ေျပာခ်င္တာကေတာ့ သူတို႔လုပ္ေတာ့ေခါင္းစဥ္ေျပာင္းသုံးတာေပါ့ ။ သူမ်ားက်ေတာ့ လာဘ္ေပးလာဘ္ယူအဂတိေပါ့ရွင္။ ေနာက္ဆုံးေျပာခ်င္တာကေတာ့ အဲဒီမွာမာလာဟင္းေလးေတြကိုပဲ ဆြမ္းေတာ္ကပ္ရေသးတယ္ဆိုပါေၾကာင္းရွင္။

TDZY (မမႀကီး)