ရဲစခန်းကို WY ဆေး‌ပြားတွေယူပြီး သွားရောက်အဖမ်းခံပေမယ့် အလုပ်ရှုပ်လို့ မဖမ်းဘူးလို့ပြောပြီးပြန်လွှတ်တဲ့ဖြစ်ရပ်

သြဂုတ် ၂၆၊ The Nation Voice
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ မူးယစ်ဆေးသုံးစွဲသူအချို့က ရွာမမြို့မရဲစခန်းမှာ WY တွေယူဆောင်ပြီး သွားအဖမ်းခံပေမယ့် ရဲစခန်းက အလုပ်ရှုပ်လို့ မဖမ်းဘူးပြောပြီး ပြန်လည်စေလွှတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ အဲဒီကောင်က အသီးကြောင်နေတာ။ တစ်ရက်တော့ သူက အပြင်မှာနေရင် ထမင်းနပ်မမှန်ဘူး၊ ထောင်ထဲမှာဆိုရင် ထမင်းပုံမှန်စားလို့ရတယ်ဆိုပြီး အသီး ၄၊ ၅ပြားယူပြီး သွားအဖမ်းခံတာ။ အဲဒါဟိုက မင်းတို့ကောင်တွေကို မဖမ်းဘူး၊ အလုပ်ရှုပ်တယ်လို့ပြောပြီး ပြန်လွှတ်လိုက်တာ ” လို့ အင်းစိန်မြို့နယ်မှာနေသူတစ်ဦးက The Nation Voice ကို ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ဒီလိုမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ရင် သူတို့ကို ဆက်ကြေးပေးပြီး ရောင်းချမယ်ဆိုရင် ရောင်းချခွင့်ကိုလည်း ပေးထားပြီး နေ့စဉ် သို့မဟုတ် သုံးရက်တစ်ခါ၊ တစ်ပတ်တစ်ခါ လိုင်းကြေးများကို ရပ်ကွက်တွေထဲအထိ စစ်ကားတွေနဲ့ သွားရောက်ကောက်ခံနေတာလည်း ဖြစ်ပါတယ်။

“ သူတို့က မူးယစ်ဆေးဝါး၊ နှစ်လုံးထီ၊ လောင်းကစား အဲဒါတွေလုပ်ရင် အေးဆေးပဲ။ ပိုက်ဆံသာပေးထားလိုက် အဆင်ပြေတယ်။ အဖမ်းခံရလည်း တစ်ညလောက်အိပ်ပြီး ပြန်လွတ်တာပဲ။ သူတို့က သူတို့ကိုဆန့်ကျင်သူတွေ၊ တော်လှန်ရေးအဖွဲ့တွေကိုပဲ အဓိကပစ်မှတ်ထားတာ ” လို့လည်း အင်းစိန်မြို့နယ် ကွက်သစ်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပြပါသေးတယ်။

စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ ရန်ကုန်မြို့အတွင်း နေ့စဉ်ကင်းပတ်လေ့ရှိပြီးတော့ ညနေပိုင်းအချိန်ရောက်ပြီဆိုပါက သူတို့ လိုင်းကြေးကောက်ရမယ့် မြို့နယ်ရပ်ကွက်တွေထဲအထိ ဝင်ရောက်လာလေ့ရှိတဲ့အတွက် ရပ်ကွက်အတွင်းပြည်သူတွေက နေ့စဉ် ထိတ်လန့်မှုတွေ ကြုံတွေ့နေရပါတယ်။

Zawgyi

ၾသဂုတ္ ၂၆၊ The Nation Voice
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္မွာ မူးယစ္ေဆးသုံးစြဲသူအခ်ိဳ႕က ႐ြာမ ၿမိဳ႕မရဲစခန္းမွာ WY ေတြယူေဆာင္ၿပီး သြားအဖမ္းခံေပမယ့္ ရဲစခန္းက အလုပ္ရႈပ္လို႔ မဖမ္းဘူးေျပာၿပီး ျပန္လည္ေစလႊတ္ခဲ့တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

“ အဲဒီေကာင္က အသီးေၾကာင္ေနတာ။ တစ္ရက္ေတာ့ သူက အျပင္မွာေနရင္ ထမင္းနပ္မမွန္ဘူး၊ ေထာင္ထဲမွာဆိုရင္ ထမင္းပုံမွန္စားလို႔ရတယ္ဆိုၿပီး အသီး ၄၊ ၅ျပားယူၿပီး သြားအဖမ္းခံတာ။ အဲဒါဟိုက မင္းတို႔ေကာင္ေတြကို မဖမ္းဘူး၊ အလုပ္ရႈပ္တယ္လို႔ေျပာၿပီး ျပန္လႊတ္လိုက္တာ ” လို႔ အင္းစိန္ၿမိဳ႕နယ္မွာေနသူတစ္ဦးက The Nation Voice ကို ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ စစ္ေကာင္စီတပ္နဲ႔ရဲေတြဟာ ဒီလိုမူးယစ္ေဆးဝါးေတြနဲ႔ပတ္သက္ရင္ သူတို႔ကို ဆက္ေၾကးေပးၿပီး ေရာင္းခ်မယ္ဆိုရင္ ေရာင္းခ်ခြင့္ကိုလည္း ေပးထားၿပီး ေန႔စဥ္ သို႔မဟုတ္ သုံးရက္တစ္ခါ၊ တစ္ပတ္တစ္ခါ လိုင္းေၾကးမ်ားကို ရပ္ကြက္ေတြထဲအထိ စစ္ကားေတြနဲ႔ သြားေရာက္ေကာက္ခံေနတာလည္း ျဖစ္ပါတယ္။

“ သူတို႔က မူးယစ္ေဆးဝါး၊ ႏွစ္လုံးထီ၊ ေလာင္းကစား အဲဒါေတြလုပ္ရင္ ေအးေဆးပဲ။ ပိုက္ဆံသာေပးထားလိုက္ အဆင္ေျပတယ္။ အဖမ္းခံရလည္း တစ္ညေလာက္အိပ္ၿပီး ျပန္လြတ္တာပဲ။ သူတို႔က သူတို႔ကိုဆန႔္က်င္သူေတြ၊ ေတာ္လွန္ေရးအဖြဲ႕ေတြကိုပဲ အဓိကပစ္မွတ္ထားတာ ” လို႔လည္း အင္းစိန္ၿမိဳ႕နယ္ ကြက္သစ္ရပ္ကြက္မွာ ေနထိုင္သူတစ္ဦးက ေျပာျပပါေသးတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ရဲေတြဟာ ရန္ကုန္ၿမိဳ႕အတြင္း ေန႔စဥ္ကင္းပတ္ေလ့ရွိၿပီးေတာ့ ညေနပိုင္းအခ်ိန္ေရာက္ၿပီဆိုပါက သူတို႔ လိုင္းေၾကးေကာက္ရမယ့္ ၿမိဳ႕နယ္ရပ္ကြက္ေတြထဲအထိ ဝင္ေရာက္လာေလ့ရွိတဲ့အတြက္ ရပ္ကြက္အတြင္းျပည္သူေတြက ေန႔စဥ္ ထိတ္လန႔္မႈေတြ ႀကဳံေတြ႕ေနရပါတယ္။