ရောဂါကာလအတွင်း အပြင်ထွက်မလည်အောင် သားဖြစ်သူကို ထိပ်ပြောင်ဆံပင်ပုံစံညှပ်ပေးပြီး ထိန်းချုပ်ထားတဲ့ဖခင်

ဖိလစ်ပိုင်နိုင်ငံရှိဖခင်တစ်ဦးဟာ အလျင်အမြန်ပျံ့နှံ့နေတဲ့ COVID-19 ရောဂါကြောင့် မကြာသေးခင်ကပြန်ထုတ်ပြန်လိုက်တဲ့ Lockdown ကာလအတွင်း သားဖြစ်သူကိုအိမ်မှာဘဲနေစေဖို့ အကြံအဖန်ကောင်းတဲ့နည်းလမ်းတစ်ခုကိုထုတ်သုံးခဲ့ရပါတယ်။ ကူးစက်ရောဂါက ကမ္ဘာတစ်ဝှမ်းမှာဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံကလည်းခြွင်းချက်မရှိပါဘူး။

အခြားနိုင်ငံတွေလို အစိုးရကနိုင်ငံသားတွေအနေနဲ့ မိမိတို့နေအိမ်မှာသီးခြားနေထိုင်ဖို့၊ တတ်နိုင်သလောက်အိမ်ပြင်သိပ်မထွက်ဖို့ စတာတွေပြဌာန်းထားတာပါ။ ဒါပေမဲ့ အဲ့လိုနေထိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ အထူးသဖြင့်ကလေးတွေပါ။ သူတို့ကအပေါင်းအသင်းတွေနဲ့ကစားချိန်ဆို ပုံမှန်အပြင်ထွက်တတ်ကြပါတယ် ဒါပေမဲ့မိဘတွေ ကတော့ အဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့ တီထွင်ဖန်တီးမှုအချို့ကိုသိလာကြပါပြီ။ ပြီးခဲ့တဲ့အပတ်က ပုံမှန်မဟုတ်နေတဲ့ကြည့်ရဆိုးတဲ့ဆံပင်ကေနဲ့ ငိုယိုနေခဲ့တဲ့ကောင်လေးတစ်ဦးရဲ့ဓာတ်ပုံတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ social media မှာပျံ့နှံ့သွားပြီးလူသိများသွားခဲ့ရပါတယ်။

ပုံထဲကကောင်လေးက အိမ်ထဲမှာနေဖို့အမိန့်ကို ခေါင်းမာမာနဲ့ငြင်းဆန်နေခဲ့တာပါ။ အဲ့တာကြောင့်အဖေဖြစ်သူက သူ့ကိုစည်းရုံးသိမ်းသွင်းဖို့ နည်းလမ်းတစ်ခုတီထွင်ခဲ့ရပါတယ်။ သူ့ကိုဆူပူကြိမ်းမောင်းတာသို့မဟုတ်ဒဏ်ခတ်တာတွေလုပ်မယ့်အစား ဓားတစ်ချောင်းယူပြီးသူအရှက်ရသွားစေဖို့ ထိပ်ပြောင်ကေညှပ်ပေးပစ်လိုက်ပါတယ်။

ဓာတ်ပုံထဲအရကောင်လေးကသူ့ဆံပင်ကေအသစ်ကို သိပ်ကြိုက်ပုံမထင်ရပေမဲ့ ပြုံးနေတဲ့အဖေကတော့ သူ့လက်ရာကိုအတော်လေးသဘောကျနေတဲ့ပုံပါဘဲ။ အဆိုပါဓာတ်ပုံတွေကို ဘာလို့ကောင်လေးကထိပ်ပြောင်ကေညှပ်ခဲ့ရတဲ့အကြောင်းရှင်းပြခဲ့တဲ့ အဆိုပါကောင်လေးရဲ့အမက Facebook ပေါ်တင်ခဲ့တာပါ။ ကောင်းပါပြီ သူ့အဖေလက်ရာက သေစေနိုင်တဲ့ဗိုင်းရပ်ကူးစက်ခြင်းမှ သူ့ကိုလုံခြုံစွာထားနိုင်ခဲ့ရင်တော့ သူ့မျက်ရည်တွေအားလုံးကျရကျိုးနပ်သွားပါလိမ့်မယ်။

ကဲအပြင်မထွက်ဖို့အတန်တန်မှာနေတဲ့အကြား စကားနားမထောင်ဘဲခိုးထွက်တတ်တဲ့ကလေးတွေရှိရင်လည်း အဲ့လိုထိပ်ပြောင်ကေညှပ်ပေးပစ်လိုက်ပါ။

Source :oddity central Mia (Mck zone Daily)

Zawgyi

ဖိလစ္ပိုင္ႏိုင္ငံရွိဖခင္တစ္ဦးဟာ အလ်င္အျမန္ပ်ံ႕ႏွံ႔ေနတဲ့ COVID-19 ေရာဂါေၾကာင့္ မၾကာေသးခင္ကျပန္ထုတ္ျပန္လိုက္တဲ့ Lockdown ကာလအတြင္း သားျဖစ္သူကိုအိမ္မွာဘဲေနေစဖို႔ အႀကံအဖန္ေကာင္းတဲ့နည္းလမ္းတစ္ခုကိုထုတ္သုံးခဲ့ရပါတယ္။ ကူးစက္ေရာဂါက ကမာၻတစ္ဝွမ္းမွာဆက္လက္ပ်ံ႕ႏွံ႔ေနဆဲျဖစ္ၿပီး ဖိလစ္ပိုင္ ႏိုင္ငံကလည္းႁခြင္းခ်က္မရွိပါဘူး။

အျခားႏိုင္ငံေတြလို အစိုးရကႏိုင္ငံသားေတြအေနနဲ႔ မိမိတို႔ေနအိမ္မွာသီးျခားေနထိုင္ဖို႔၊ တတ္ႏိုင္သေလာက္အိမ္ျပင္သိပ္မထြက္ဖို႔ စတာေတြျပဌာန္းထားတာပါ။ ဒါေပမဲ့ အဲ့လိုေနထိုင္ဖို႔ဆိုတာမလြယ္ကူပါဘူး။ အထူးသျဖင့္ကေလးေတြပါ။ သူတို႔ကအေပါင္းအသင္းေတြနဲ႔ကစားခ်ိန္ဆို ပုံမွန္အျပင္ထြက္တတ္ၾကပါတယ္ ဒါေပမဲ့မိဘေတြ ကေတာ့အဲ့ဒီျပႆနာေတြကိုေျဖရွင္းဖို႔ တီထြင္ဖန္တီးမႈအခ်ိဳ႕ကိုသိလာၾကပါၿပီ။ ၿပီးခဲ့တဲ့အပတ္က ပုံမွန္မဟုတ္ေနတဲ့ၾကည့္ရဆိုးတဲ့ဆံပင္ေကနဲ႔ ငိုယိုေနခဲ့တဲ့ေကာင္ေလးတစ္ဦးရဲ႕ဓာတ္ပုံေတြဟာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ social media မွာပ်ံ႕ႏွံ႔သြားၿပီး လူသိမ်ားသြားခဲ့ရပါတယ္။

ပုံထဲကေကာင္ေလးက အိမ္ထဲမွာေနဖို႔အမိန႔္ကို ေခါင္းမာမာနဲ႔ျငင္းဆန္ေနခဲ့တာပါ။ အဲ့တာေၾကာင့္အေဖျဖစ္သူက သူ႔ကိုစည္း႐ုံးသိမ္းသြင္းဖို႔ နည္းလမ္းတစ္ခုတီထြင္
ခဲ့ရပါတယ္။ သူ႔ကိုဆူပူႀကိမ္းေမာင္းတာသို႔မဟုတ္ ဒဏ္ခတ္တာေတြလုပ္မယ့္အစား ဓားတစ္ေခ်ာင္းယူၿပီးသူအရွက္ရသြားေစဖို႔ ထိပ္ေျပာင္ေကညႇပ္ေပးပစ္ လိုက္ပါတယ္။

ဓာတ္ပုံထဲအရေကာင္ေလး ကသူ႔ဆံပင္ေကအသစ္ကို သိပ္ႀကိဳက္ပုံမထင္ရေပမဲ့ ၿပဳံးေနတဲ့အေဖကေတာ့ သူ႔လက္ရာကိုအေတာ္ေလးသေဘာက်ေနတဲ့ပုံပါဘဲ။အဆိုပါဓာတ္ပုံေတြကို ဘာလို႔ေကာင္ေလးကထိပ္ေျပာင္ေကညႇပ္ခဲ့ရတဲ့အေၾကာင္းရွင္းျပခဲ့တဲ့ အဆိုပါေကာင္ေလးရဲ႕အမက Facebook ေပၚတင္ခဲ့တာပါ။ ေကာင္းပါၿပီ သူ႔အေဖလက္ရာက ေသေစႏိုင္တဲ့ဗိုင္းရပ္ကူးစက္ျခင္းမွ သူ႔ကိုလုံၿခဳံစြာထားႏိုင္ခဲ့ရင္ေတာ့ သူ႔မ်က္ရည္ေတြအားလုံးက်ရက်ိဳးနပ္သြားပါလိမ့္မယ္။

ကဲအျပင္မထြက္ဖို႔ အတန္တန္မွာေနတဲ့အၾကား စကားနားမေထာင္ဘဲခိုးထြက္တတ္တဲ့ကေလးေတြရွိရင္လည္း အဲ့လိုထိပ္ေျပာင္ေကညႇပ္ေပးပစ္လိုက္ပါ။

Source :oddity central Mia (Mck zone Daily)