ရုံးစောင့်မှ ပြည့်တန်ဆာခေါ်အိပ်ရာမှတဆင့် အင်းတော်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီမီးလော င်

စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးသည် ဇူလိုင်လ(၂၄)ရက်နေ့ နံနက် (၂)နာရီအချိန်ခန့်၌ မီး လောင်မှုဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။ ရှို့မီးဟုကနဦးယူဆထားသော်လည်း ရုံးတွင်းမှာဗလာစီယာနှင့်မိန်းမဝတ်အတွင်းခံဘောင်းဘီ မိန်းမစီးဖိနပ်တစ်ရံ တို့ကိုရှာဖွေတွေ့ရှိ၍ စစ်ဆေးရာမှ ရုံးစောင့်မှပြည့်တန်ဆာ အမျိုးသမီးတစ်ဦးကိုခေါ်၍ပျော်ပါးပြီး မီးပျက်နေသဖြင့် ထွန်းထားသည့်ဖယောင်းတိုင်မီးကို မငြိမ်းသတ်မိပဲအိပ်ပျော်သွားရာမှ မီးလောင်မှု့ဖြစ်ပေါ်ရကြောင်းပေါ် ပေါက်ခဲ့သည်။

ပြည့်တန်ဆာအမျိုးသမီးမှာ မီးလောင်သည်နှင့်ရုံးအောက်ဆင်းပြေးသွားသဖြင့် မီးသတ်များမှရှာဖွေမတွေ့ရှိတော့ကြောင်းသိရသည်။ အဆိုပါမီလောင်မှုကြောင့် ကွန်ပြူတာ၊မိတ္တူကူးစက်အပါအဝင် ရုံးသုံးပစ္စည်းများမီးလောင်ခဲ့သည်။ အဆိုပါမီး လောင်မှုဖြစ်စဉ်သည် တာဝန်ရှိရုံးစောင့်၏ပေါ့လျော့မှုကြောင့်သာဖြစ်သဖြင့် ရုံးစောင့်အားဥပဒေအရအရေးယူမည်ဖြစ်ကြောင်းအင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူ တစ်ဦးထံမှ သိရှိရပါသည်။

Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး၊အင္းေတာ္ၿမိဳ႕နယ္ရွိ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးသည္ ဇူလိုင္လ(၂၄)ရက္ေန႔ နံနက္ (၂)နာရီအခ်ိန္ခန႔္၌ မီး ေလာင္မႈျဖစ္ေပၚခဲ့ေၾကာင္းသိရွိရသည္။ ရႈိ႕မီးဟုကနဦးယူဆထားေသာ္လည္း ႐ုံးတြင္းမွာဗလာစီယာႏွင့္မိန္းမဝတ္အတြင္းခံေဘာင္းဘီ မိန္းမစီးဖိနပ္တစ္ရံ တို႔ကိုရွာေဖြေတြ႕ရွိ၍ စစ္ေဆးရာမွ ႐ုံးေစာင့္မွျပည့္တန္ဆာ အမ်ိဳးသမီးတစ္ဦးကိုေခၚ၍ေပ်ာ္ပါးၿပီး မီးပ်က္ေနသျဖင့္ ထြန္းထားသည့္ဖေယာင္းတိုင္မီးကို မၿငိမ္းသတ္မိပဲအိပ္ေပ်ာ္သြားရာမွ မီးေလာင္မႈ႕ျဖစ္ေပၚရေၾကာင္းေပၚ ေပါက္ခဲ့သည္။

ျပည့္တန္ဆာအမ်ိဳးသမီးမွာ မီးေလာင္သည္ႏွင့္႐ုံးေအာက္ဆင္းေျပးသြားသျဖင့္ မီးသတ္မ်ားမွရွာေဖြမေတြ႕ရွိေတာ့ေၾကာင္းသိရသည္။ အဆိုပါမီေလာင္မႈေၾကာင့္ ကြန္ျပဴတာ၊မိတၱဴကူးစက္အပါအဝင္ ႐ုံးသုံးပစၥည္းမ်ားမီးေလာင္ခဲ့သည္။ အဆိုပါမီး ေလာင္မႈျဖစ္စဥ္သည္ တာဝန္ရွိ႐ုံးေစာင့္၏ေပါ့ေလ်ာ့မႈေၾကာင့္သာျဖစ္သျဖင့္ ႐ုံးေစာင့္အားဥပေဒအရအေရးယူမည္ျဖစ္ေၾကာင္းအင္းေတာ္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီတာဝန္ရွိသူ တစ္ဦးထံမွ သိရွိရပါသည္။