ရုပ်ချောချောကောင်လေးကို အဒေါ်ရဲ့အကူအညီနဲ့ ရီးစားစကားပြောသော ကောင်မလေးရဲ့အဖြစ်

ခုခေတ်က ပွင့်လင်းလာတဲ့အခါ ရီးစားစကားကို ချစ်တဲ့သူဖက်က စပြောကြပါတယ်။ အရင်တုန်းကတော့ ယေကျားလေူအများစုကသာ ရီးစားးကားကို စပြောလေ့ရှိပါတယ်။ ခုလဲမိန်းခလေးတယောက်ဟာ အိမ်ရှေ့မှာရေကူးနေတဲ့ ကောင်လေးချောချောလေးကို ရီးစားစကားပြောပေးဖို့ အဒေါ်ကို အကူအညီတောင်းခဲ့ပါတယ်။ အဒေါ်ဖြစ်သူကလဲ တူမလေးအတွက် သွားပြော‌ပေးတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဆက်ဖတ်ကြည့်ပါနော်။

ယနေ့ခေတ်နောက်ပိုင်း ကွန်ဒိုတိုက်ကြီးများဟာ အထပ်ပေါင်းများစွာ အခန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားပြီး ခမ်းနားထည်ဝါမှုအပြည့်ရှိစေဖို့ ရေကူးကန်များကိုပင် တိုက်၏ရှေ့၌ တည်ဆောက်ထားကြပါတယ်။

ထိုကဲ့သို့သော တိုက်ကြီး၏အခန်းတစ်ခုတွင်နေထိုင်သောကောင်မလေးဟာ ဝရံတာသ်ု့အဒေါ်ဖြစ်သူနှင့်ထိုင်နေချိန်တွင် ရှေ့ရေကူး၌ ကောင်လေးတစ်ခုရေကူးနေတာကိုတွေ့လိုက်ရပါတယ်။ထိုအခါ ကောင်လေးတစ်ဦးကို သဘောကျသဖြင့် အဒေါ်ဖြစ်သူနှင့်သွားပြောခိုင်းခဲ့ပါတယ်။

ထိုအခါ အဒေါ်ဖြစ်သူဟာလည်း အမှန်တကယ်သွားပြောပေးခဲ့တာဖြစ်ပြီး တူမလေးကတော့ သူ့အဒေါ်ရည်းစားစကားသွားပြောနေတာကို ဗီဒီယိုရိုက်ကူးထားခဲ့ခြင်း ဖြစ်ပါတယ်။ တူမဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့၏ ဆက်ဆံရေးကတော့ အတော်အံ့သြဖို့ကောင်းပြီး မိဘတွေမဆူအောင် အဒေါ်ကို လူမိုက်ငှားလိုက်ပုံရပါတယ်။

ဒီအခါမှာကောင်လေးကလဲ အလိုက်သင့် ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးကဲ့မျက်နှာမှာတော့ ဝေခွဲမရတဲ့ စိတ်ရှုပ်ထွေးမှုတွေကို မြင်တွေ့ရပါတယ်။ ကဲချစ်မတို့ချစ်ဖတို့လဲ ကိုယ်ချစ်တဲ့သူကို ရီးစားစကား မပြောရဲ့တဲ့အခါ ကိုယ်အဒေါ် ဦးလေးတွေကို အကူအညီတောင်းကြည့်ပါနော်။

Nyo Nyo (boomnews)

Zawgyi






Nyo Nyo (boomnews)