ရင်းနှီးသူ သူငယ်ချင်းအချင်းချင်းတောင် မကြည့်ရက်ဘူးဆိုတဲ့အထိ အိမ်မှာတစ်ယောက်တည်းခံစားနေရှာတဲ့ မြင့်မြတ်

သရုပ်ဆောင် မြင့်မြတ်ဟာ လူတိုင်းအပေါ်မှာ ကူညီချင်တဲ့စိတ် အမြဲရှိတာကြောင့်လည်း အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ သူဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိထားတာလည်း ဖြစ်ပါတယ်။

စိတ်ထားကောင်းသူဖြစ်တာကြောင့် ပရိသတ်တွေနဲ့ အနုပညာညီအစ်ကိုတွေကလည်း လေးစား ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသားချောလေး မြင့်မြတ်ကတော့ လတ်တလောဖြစ်နေတဲ့ အိမ်တွင်းရေးကိစ္စတွေကြောင့် ခံစားနေရတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဓာတ်ကို သိကြတဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း လူမှုကွန်ယက်စာမျက်နှာများတွင် အသီးသီးရေးသားကာ ဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ မင်းသား မြင့်မြတ် စိတ်ညစ်နေတာကြောင့် ထပ်တူဝမ်းနည်းနေကြတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသမီးချောလေး ဂျူးဂျူးပန်ထွာကလည်း သူ့ရဲ့ သူငယ်ချင်းမြင့်မြတ် ခံစားနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူမရဲ့ Facebook Story မှာ Screen Shot လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ” Papi အရမ်းခံစားနေရတယ်သိလား ငါကြည့်တောင် မကြည့်ရက်ဘူး ” ၊ ” သူ့ခမျာ သနားပါတယ် အဖေကိုလည်း အပြစ်မတင်ရက်ရှာဘူး ” ဆိုပြီးရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

စြယ္စံုနယူး

Zawgyi




စြယ္စုံနယူး