ယာဉ်မောင်းလိုင်စင်ရထားတဲ့ သူငယ်ချင်းကို ယုံလိုက်မိတဲ့အဖြစ်

ဘာပဲလုပ်လုပ် တခါတလေမှာ လွဲချော်မှုလေးတွေ ကှိတတ်ကြပါတယ်။ ဒီလွဲချော်မှုတွေကို အပစ်လိုပြောလို့မရပါဘူးနော်။ ဒီတခါမှာလဲ လမ်းချော်ပြီး ရွှံ့ထဲကိုဆိုင်ကယ်မှောက်သွားတဲ့ မိန်းကလေး ၂ ယောက်ဟာ စိတ်မညစ်နေပဲ ပြုံးပျော်ရွှင်စွာ ဆိုင်ကယ်မှောက်တဲ့ပုံတွေကို လူမှုကွန်ယက်မှာတင်လာပါတယ်နော်။

မိန်းကလေးတွေ အတော်များများက ဆိုင်ကယ်ကျွမ်းကျင်စွာ စပြီးမောင်းနိုင်ပြီဆိုရင် သူတို့ရဲ့မိသားစုဝင်တွေထက် သူငယ်ချင်းကို ဆိုင်ကယ်ပေါ် အရင်ခေါ်တင်ပြီး အလည်ထွက်တတ်ကြပါတယ်။ အဲ့လိုအချိန်တွေမှာဆိုရင် မိသားစုဝင်တွေထက် သူငယ်ချင်းတွေက ကိုယ့်ကိုပိုပြီး ယုံကြည်ကြလို့ပါပဲ ။ သို့ပေမဲ့လည်းဒီတစ်ခေါက် အဖြစ်အပျက်ကတော့ အတော်လေးဆိုးတယ်လို့ပြောရမှာပါ ။

သူငယ်ချင်းကို ဆိုင်ကယ်ပေါ်တင်ပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့မိန်းကလေးဟာ ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပွတ်အိုင်ထဲ ဆိုင်ကယ်တစ်စီးလုံး ထိုးကျသွားခဲ့လို့ သူငယ်ချင်းနှစ်ယောက်လုံး လူရုပ်မပေါ်တော့လောက်အောင် စုတ်ပြတ်ပေလူးသွားခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သူငယ်ချင်းဖြစ်သူက စိတ်ဆိုးဒေါသထွက်ရမဲ့အစား ၎င်းတို့ရဲ့ အဖြစ်ကိုကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ အားရပါးရ ရယ်မောနေခဲ့ပါတော့တယ်။

၎င်းတို့ကို လမ်းသွားလမ်းလာတွေက ကူညီပြီး ပွတ်အိုင်ထဲက ဆိုင်ကယ်ကို ပြန်ဆွဲထုတ်ပေးခဲ့ကြရပါတယ် ။ အဆိုပါ မိန်းကလေးတွေ အတွက်ကတော့ ဘဝမှာ မမေ့နိုင်တော့တဲ့ အမှတ်တရလို့ ပြောရမှာပါပဲလေ။

အများကမေးကြည့်တော့ ထိုမိန်းခလေးသာ မကြာခင်ကမှ ယာဉ်မောင်းလိုင်စင် ရရှိထားကြောင်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်စီးတဲ့အခါ အပျော်မလွန်ပဲ သတိထားပြီး မောင်နှင်စေချင်ပါတယ်နော်။

Nyo Nyo ( boomnews)

Zawgyi

ဘာပဲလုပ္လုပ္ တခါတေလမွာ လြဲေခ်ာ္မႈေလးေတြ ကွိတတ္ၾကပါတယ္။ ဒီလြဲေခ်ာ္မႈေတြကို အပစ္လိုေျပာလို႔မရပါဘူးေနာ္။ ဒီတခါမွာလဲ လမ္းေခ်ာ္ၿပီး ႐ႊံ႕ထဲကိုဆိုင္ကယ္ေမွာက္သြားတဲ့ မိန္းကေလး ၂ ေယာက္ဟာ စိတ္မညစ္ေနပဲ ၿပဳံးေပ်ာ္႐ႊင္စြာ ဆိုင္ကယ္ေမွာက္တဲ့ပုံေတြကို လူမႈကြန္ယက္မွာတင္လာပါတယ္ေနာ္။

မိန္းကေလးေတြ အေတာ္မ်ားမ်ားက ဆိုင္ကယ္ကြၽမ္းက်င္စြာ စၿပီးေမာင္းႏိုင္ၿပီဆိုရင္ သူတို႔ရဲ႕မိသားစုဝင္ေတြထက္ သူငယ္ခ်င္းကို ဆိုင္ကယ္ေပၚ အရင္ေခၚတင္ၿပီး အလည္ထြက္တတ္ၾကပါတယ္။ အဲ့လိုအခ်ိန္ေတြမွာဆိုရင္ မိသားစုဝင္ေတြထက္ သူငယ္ခ်င္းေတြက ကိုယ့္ကိုပိုၿပီး ယုံၾကည္ၾကလို႔ပါပဲ ။ သို႔ေပမဲ့လည္းဒီတစ္ေခါက္ အျဖစ္အပ်က္ကေတာ့ အေတာ္ေလးဆိုးတယ္လို႔ေျပာရမွာပါ ။

သူငယ္ခ်င္းကို ဆိုင္ကယ္ေပၚတင္ၿပီး ဆိုင္ကယ္ေမာင္းႏွင္လာတဲ့မိန္းကေလးဟာ ႐ုတ္တရက္ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးပြတ္အိုင္ထဲ ဆိုင္ကယ္တစ္စီးလုံး ထိုးက်သြားခဲ့လို႔ သူငယ္ခ်င္းႏွစ္ေယာက္လုံး လူ႐ုပ္မေပၚေတာ့ေလာက္ေအာင္ စုတ္ျပတ္ေပလူးသြားခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း သူငယ္ခ်င္းျဖစ္သူက စိတ္ဆိုးေဒါသထြက္ရမဲ့အစား ၎တို႔ရဲ႕ အျဖစ္ကိုၾကည့္ၿပီး စိတ္မထိန္းႏိုင္ဘဲ အားရပါးရ ရယ္ေမာေနခဲ့ပါေတာ့တယ္။

၎တို႔ကို လမ္းသြားလမ္းလာေတြက ကူညီၿပီး ပြတ္အိုင္ထဲက ဆိုင္ကယ္ကို ျပန္ဆြဲထုတ္ေပးခဲ့ၾကရပါတယ္ ။ အဆိုပါ မိန္းကေလးေတြ အတြက္ကေတာ့ ဘဝမွာ မေမ့ႏိုင္ေတာ့တဲ့ အမွတ္တရလို႔ ေျပာရမွာပါပဲေလ။

အမ်ားကေမးၾကည့္ေတာ့ ထိုမိန္းခေလးသာ မၾကာခင္ကမွ ယာဥ္ေမာင္းလိုင္စင္ ရရွိထားေၾကာင္း သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔ ဆိုင္ကယ္စီးတဲ့အခါ အေပ်ာ္မလြန္ပဲ သတိထားၿပီး ေမာင္ႏွင္ေစခ်င္ပါတယ္ေနာ္။